ထောပတ်သီး စျီး တရိပ်ရိပ် မြင့်တက်လာလို့ လုယက်မှု ဒုစရိုက်တိတောင် ဖြစ်လာ

0
3420
© Franziska Ritter / Global Look Press
© Franziska Ritter / Global Look Press

မိုးသောက်စာ ပေါင်မုန့်မီးကင် ကြားမှာ ထောပတ်သီးကို ပပါးချေ လှီးပနာ ညှပ်ထည့်စားကတ်စွာက နယူးဇီလန်နိုင်ငံကနိန် အမေရီကန်ပြည်ထောင်စုထိ၊ နိုင်ငံအရပ်ရပ်မှာ ကကောင်း ရေပန်းစားလာပါရေ။ ယင်းအတွက်နန့်လည်း ထောပတ်သီး စျီးစွာ တနှစ်ထက်တနှစ် တရိပ်ရိပ် တက်လာနိန်ပါရေ။

အမေရီကန်ပြည်ထောင်စုမှာ ထောပတ်သီး စျီးတက်ရရေ အကြောင်းရင်းက ၂၀၁၆ ခုနှစ်မှာ အပူလှိုင်း ဖြတ်စွာနန့်၊ လွန်ခရေ ၅ နှစ်မှာ မိုးခေါင်လာလို့ ထောပတ်သီး ထုတ်လုပ်မှု ကျဆင်းပနာ၊ ထောပတ်သီး ရှားပါးလာလို့လည်း ဖြစ်တေ ဆိုပါရေ။ ၂၀၁၆ ခုနှစ်မှာ ထောပတ်သီး အလီးချိန်၊ ပေါင် ၄၀၀ သန်း ထုတ်လုပ်ခပနာ၊ အယင်နှစ်က အလီးချိန် ပေါင် ၂၀၀ သန်း ရာ ထုတ်လုပ်နိုင်ခရေလို့ ကယ်လီဖိုးနီးယား ထောပတ်သီး ကော်မရှင်က ပြောပါရေ။ မက္ကဆီကိုနိုင်ငံက အမေရီကန်ပြည်ထောင်စုကို တင်ပို့မှုက၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ထုတ်လုပ်စွာထက် အနည်းဆုံး ၂ ဆ၊ ၃ ဆ လောက် ရှိရေလို့ ဆိုပါရေ။

အမေရီကန်ပြည်ထောင်စုမှာ အယင်က လူ ၁ ယောက်စွာ၊ ပျမ်းမျှ ၁ နှစ်ကို ထောပတ်သီး အလီချိန် ၁ ပေါင် စားစွာကနိန်၊ အဂု အလီးချိန် ၅ ပေါင် စားစွာထိ ထိုးတက်လာရေလို့လည်း ဆိုပါရေ။ လက်ရှိ အမေရီကန်ပြည်ထောင်စုမှာ ထောပတ်သီး ၁ လုံးကို ၂ ဒေါ်လာ ဝန်းကျင်ကနိန် ၄ ဒေါ်လာ လောက်ထိ စျီးပီးဝယ်ရရေလို့ ဆိုပါရေ။

ကဗာတဝှမ်းမှာ ထောပတ်သီးတိ ရှားပါးလာလို့  စျီးတက်လာရေပိုင်၊ ဒုစရိုက်မှုတိလည်း ပေါ်လာရေလို့ ဆိုပါရေ။ ထောပတ်သီး ထုတ်လုပ်တေ ခြံတိမှာ၊ ထောပတ်သီးတိ အခိုးခံလာရရေပိုင်၊ မှောင်ခို စျီးကွက်တိလည်း ပေါ်လာရေလို့ ဆိုပါရေ။

 

An avocado burger. PHOTO BY YASUNARI SASAKI VIA FLICKR / CREATIVE COMMONS
An avocado burger. PHOTO BY YASUNARI SASAKI VIA FLICKR / CREATIVE COMMONS

မှတ်ချက် – မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်ဖက်မှာရာ အဓိက စိုက်ပျိုးကတ်ပါရေ။ ရခိုင်ပြည်မှာလည်း စိုက်ပျိုးနိုင်ရေဆိုစွာ သတိမူကတ်ပါ။