တရုတ်က အချမ်းသာဆုံး ဂျပ်ခ် မား နောက်နှစ် ဆပ်တန်ဘာလမှာ ရာထူးက ဆင်းပီးဖို့

0
3508
Alibaba founder Jack Ma talks to CEO Daniel Zhang © Kim Kyung-Hoon / Reuters
Alibaba founder Jack Ma talks to CEO Daniel Zhang © Kim Kyung-Hoon / Reuters

တရုတ်နိုင်ငံက အချမ်းသာဆုံးနန့် အာလီဘာဘာ(Alibaba) အွင်လိုင်းလက္ကားဆိုင်ကို တည်ထောင်ရေ ပုဂ္ဂိုလ် ဂျပ်ခ် မား(Jack Ma)စွာ နောက်နှစ် ဆပ်တန်ဘာလ ၁၀ ရက်နိမှာ၊ လက်ရှိ ဥက္ကဌနိန်ရာက ဆင်းပီးပနာ၊ လက်ရှိ အမှုဆောင် အရာရှိချုပ် ဒန်နီယဲလ် ဇန်း(Daniel Zhang)ကို ရာထူးလွှဲပီးလားဖို့လို့ ကုမ္ပဏီက ကြေငြာပါရေ။

“အုပ်ချုပ်ရေး ဒါရိုက်တာတိ ထောက်ခံချက်နန့် အတူ၊ အေနိကနိန် ၁ နှစ်တတိ ပြည့်ရေ ၂၀၁၉ ခုနှစ် ဆပ်တန်ဘာလ ၁၀ ရက်နိ၊ အာလီဘာဘာ နှစ် ၂၀ ပြည့် မွီးနိမှာ၊ အာလီဘာဘာ ဥက္ကဌရာထူးကို အုပ်စု အမှုဆောင်အရာရှိချုပ် ဒန်နီယဲလ် ဇန်း က လက်ဆင့်ကမ်း ယူလားပါဖို့။” လို့ မား ပို့ရေ တနင်္လာနိက စာထဲမှာ ဖော်ပြထားပါရေ။

အသက် ၅၄ နှစ် ရှိရေ စွန့်ဦးတီထွင်သမား၊ ဘီလီယံနာ မား စွာ ၂၀၂၀ ခုနှစ်ထိ အုပ်ချုပ်ရေးဒါရိုက်တာအဖွဲ့ထဲမှာ ဆက်ရှိလားဖို့သိမ့်လို့ ဆိုပါရေ။

“အာလီဘာဘာစွာ ဂျပ်ခ် မား တယောက်တည်းအတွက် တခါလည်း ဖြစ်လီဖို့ မဟုတ်။ ဂျပ်ခ် မား ကရာ အာလီဘာဘာ အတွက် ထာဝရ ဖြစ်နိန်ဖို့။” လို့ မား ပို့ရေ စာမှာ ဆက်ဖော်ပြထားပါရေ။

မား အသက် ၅၄ နှစ် မွီးနိနန့် တိုက်ဆိုင်နိန်ရေ ယင်းကြေငြာချက်ထဲမှာ၊ အသက် ၄၆ နှစ် ရှိရေ ဇန်း စွာ၊ အာလီဘာဘာမှာ အလုပ် လုပ်နိန်စွာ ၁၁ နှစ် ရှိဗျာလ်၊ ကကောင်းကြီး ထူးချွန်ပနာ၊ ထက်မြက်တေ စီးပွားရေး ဆုံးဖြတ်ချက်တိနန့် ခိုင်မာရေ ဂေါင်းဆောင်မှု ပီးနိုင်ရေ လူလို့လည်း ချီးကျူးထားပါရေ။

တရုတ်နိုင်ငံက အချမ်းသာဆုံး သဌေးကြီးမှာ လုပ်ချင်စွာတိ အများကြီး ရှိနိန်သိမ့်ရေလို့ ဆိုပါရေ။ အယင်က ကျောင်းဆရာဟောင်း ဖြစ်ခရေအတွက်၊ ပညာရေးဖက်ကိုလည်း ပြန်ပနာ ဉီးတည်နိုင်ရေလို့ ဆိုပါရေ။

“ကဗာကြီး အကြီးကြီးထဲမှာ ကျွန်တော်က အဂုမှ လူငယ်ရာ ရှိပါသိမ့်ရေ။ အသစ်အဆန်းတိ လုပ်ကြည့်ချင်ပါသိမ့်ရေ။ အိမ်မက်အသစ်တိ အဂင့်ဂင့် ဖြစ်လာဖို့လား ကြည့်ကတ်ပါအုံးမေ။”