ဂေါင်းကို သေနတ် အတည်ခံပနာ ဆွေးနွေးပွဲ လုပ်ဖို့မဟုတ် – တရုတ်က ကုန်သွယ်ရေး ဆွေးနွေးပွဲကို ရုတ်သိမ်း

0
7009
FILE PHOTO. © Jason Lee / Reuters
FILE PHOTO. © Jason Lee / Reuters

သွင်းကုန်ခွန်ကိစ္စနန့် ပတ်သတ်လို့ အမေရီကန်အစိုးရက ဆွေးနွေးဖို့ တောင်းဆိုစွာကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပါရေ။  အေပိုင် ဆွေးနွေးနိန်ဖို့အစား၊ အမေရီကန်ကုမ္ပဏီတိအတွက် မရှိမဖြစ် လိုအပ်နိန်ရေ ပစ္စည်းတိ တင်သွင်းနိန်စွာကို၊ ရပ်တန့်ကောင်း ရပ်တန့်လားဖို့လို့ တရုတ်နိုင်ငံက ပြောလိုက်ပါရေ။

“တရုတ်နိုင်ငံက အမေရီကန်ပြည်ထောင်စုနန့် ဆွေးနွေးမှု မလုပ်လို့ တခါလည်း မပြောဖူးပါ။” လို့ တရုတ်သမ္မ ချီ ကျိန်းပိန် (Xi Jinping) အတွက် စီးပွားရေးနန့် နိုင်ငံခြားရေး အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ယန် ဝီမိန်း (Yang Weimin) က ဝေါလ် ဆတြိ ဂျာနယ် (Wall Street Journal)နန့် တွိဆုံစွာမှာ ပြောလိုက်ပါရေ။ “ယကေလည်း အရိုးခံနန့် ဆွေးနွေးချင်စိတ် ရှိဖို့ လိုပါလိမ့်မေ။” “ဂေါင်းကို သေနတ်နန့် အတည်ခံပနာတော့ခါ တရုတ်နိုင်ငံက တခါလည်း ဆွေးနွေးလီဖို့ မဟုတ်ပါ။”

ဆတ္တန်ဘာလမှာ ဆွေးနွေးဖို့ ညှိနှိုင်းနိန်စွာ၊ အဂုထိ မသေချာ မရေရာ ဖြစ်နိန်ရေလို့၊ တခြား အရာရှိ တယောက်က ပြောပါရေ။ “သွင်းကုန်ခွန် ကောက်ဖို့ စရင်းသစ်တိ ထပ်ထွက်လာကေတော့ခါ၊ တရုတ်နိုင်ငံက လားဆွေးနွေးဖို့ မဟုတ်ပါဗျာလ်။”

အမေရီကန်ပြည်ထောင်စုက တရုတ်သွင်းကုန်တိကို အခွန်ကောက်ဖို့ စရင်းထုတ်ပြန်လိုက်၊ တရုတ်နိုင်ငံကလည်း တန်ပြန် အမေရီကန်သွင်းကုန်တိကို အခွန်ကောက်ဖို့ ထုတ်ပြန်လိုက်နန့် မဗြီးမဆုံးနိုင် ဖြစ်နိန်ကတ်ပါရေ။ အဂု တရုတ်နိုင်ငံဖက်က အမေရီကန်ကုမ္ပဏီတိကို တင်သွင်းနိန်ရေ ကုန်ကြမ်းပစ္စည်းတိ၊ စက်ကရိယာတိနန့် အပိုပစ္စည်းတိကို အကန့်အသတ်နန့်ရာ ရောင်းဖို့ စဉ်းစားနိန်ရေလို့ တရုတ်ဘဏ္ဍာရေးဝန်ကြီးဟောင်း လောင် ဂျီဝေ (Lou Jiwei) က အမေရီကန် – တရုတ် ပညာရှင်တိ၊ စီးပွားရေး အမှုဆောင်တိ တွိဆုံပွဲတခုမှာ ပြောလားပါရေ။ အေပိုင်ရာ လုပ်လာဖို့ဆိုကေ၊ တရုတ်ပြည်မှာ အိုင်ဖုန်း (iPhone) ထုတ်လုပ်နိန်ရေ အပ်ပါးလ် အေဂျင်စီ (Apple Inc.)ရို့ပိုင် အမေရီကန် ကုမ္ပဏီကြီးတိ အများကြီး နစ်နာလာနိုင်ပါရေ။

ဗြီးခရေ သောက်ကြာနိက၊ တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းတိကို အမေရီကန်ဒေါ်လာ ၂၀၀ ဘီလီယံဖိုး အခွန်ထပ်ကောက်လားဖို့လို့ အမေရီကန်ပြည်ထောင်စုသမ္မတ ဒိုနဲလ် ထရုန့်ပ် က ကြေငြာလားပြန်ပါရေ။