နှစ်ဖက် ကိုးရီးယန်း ကာကွယ်ရေးဉီးစီးချုပ်တိ စစ်သဘောတူ စာချုပ် လက်မှတ်ထိုး

0
991
© KBS via Reuters
© KBS via Reuters

ဗြီးခရေ အင်္ဂါနိ မိုးသောက်ဖက်မှာ၊ တောင်ကိုးရီးယားသမ္မတ မုန်း ဂျီအိန်(Moon Jae-in)က မြောက်ကိုးရီးယားနိုင်ငံကို ရောက်လာပနာ၊ မြောက်ကိုးရီးယားဂေါင်းဆောင် ကင် ဂျုန်အင်(Kim Jong-un)နန့် နှစ်နိုင်ငံ ငြိမ်းချမ်းရေးကို ဆွေးနွေးကတ်ပါရေ။ ဆွေးနွေးပွဲ အဗြီးမှာ နှစ်နိုင်ငံ ဂေါင်းဆောင် နှစ်ယောက်က ပူးတွဲ ကြေငြာချက်တခုကို ထုတ်ပြန်ကတ်တေပိုင်၊ တခြားတဖက်မှာလည်း နှစ်နိုင်ငံ စစ်ဉီးစီးချုပ် နှစ်ယောက်က စစ်တပ်နန့်ဆိုင်ရေ သဘောတူညီချက် တခုကို သီးခြား လက်မှတ်ရီးထိုးလားကတ်ပါရေ။

စစ်သဘောတူညီချက်ထဲမှာ နှစ်နိုင်ငံလုံးက လုပ်နိန်ရေ စစ်ရေးလေ့ကျင့်မှုတိကို လာဖို့ နိုဗန်ဘာလ ၁ ရက်နိက စပနာ ရပ်တန့်လားဖို့ဗျာလ်လို့ ယွင်ဟပ်(Yonhap) သတင်းထဲမှာ ဖော်ပြထားပါရေ။ နှစ်နိုင်ငံ နယ်ခြားမျဉ်းတလျှောက်မှာ၊ စစ်လေယာဉ်ပျံတိ ပျံသန်းမှုကိုလည်း ရပ်တန့်လားဖို့လို့၊ တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး ဆင် ယောင်-မိုး(Song Young-moo)နန့် မြောက်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး နို ကွန်ချိုး(No Kwang-chol)ရို့ သဘောတူလားကတ်ပါရေ။ ယင်းချင့်အပြင် မြစ်ဝါမြစ်(Yellow Sea)ထဲမှာလည်း စစ်မဲ့ဇုန် သတ်မှတ်ဖို့နန့်၊ ရီတပ်စစ်ရေးလေ့ကျင့်မှုတိကို ရပ်တန့်လားဖို့လည်း သဘောတူလားကတ်ပါရေ။

နှစ်ဖက် အပြန်အလှန် ယုံကြည်မှုနန့်၊ ပြုံယမ်း စစ်သဘောတူညီချက်ထဲမှာ၊ နှစ်နိုင်ငံကြား စစ်မဲ့ဇုန်က စစ်သားတိကို ရုတ်သိမ်းလားဖို့နန့်၊ နယ်စပ်ရွာ ပန်မင်ဂျွင်း(Panmunjom)မှာ စောင့်ကြည့်နိန်ရေ စစ်သားတိကို လက်နက် မတပ်ဆင်ဖို့လည်း ပါရေလို့ ဆိုပါရေ။ ၂၀၁၈ ခုနှစ် အကုန်မှာ တနိုင်ငံက နယ်စပ်စောင့်ကြည့်ရေးဂိတ် ၁၁ ခုစီကို ရုတ်သိမ်းပီးဖို့လည်း သဘောတူလားကတ်ပါရေ။

ရေရှည်အတွက် နှစ်ဖက် ကိုးရီးယန်းစစ်တပ်တိက ပူးတွဲစစ်ကော်မတီ ဖွဲ့ပနာ ဆွေးနွေးလားဖို့ ရှိရေလို့လည်း မုန်း က ပြောလားပါရေ။

ဆွေးနွေးပွဲအပြီး သတင်းဌာနတိနန့် တွိဆုံစွာမှာ ကင် က “ပြုံယမ်း သဘောတူညီချက်က ငြိမ်းချမ်းရေးနန့်၊ တိုးတက်ဖွံ့ဖြိုးရေးကို ရှေးရှုနိန်ပါရေ။” လို့ မှတ်ချက်ပီးလားပါရေ။ “ကိုးရီးယားကျွန်းဆွယ်မှာ နြူးကလီးယားလက်နက် ကင်းမဲ့ရေးနန့် ရေရှည် ငြိမ်းချမ်းရေးအတွက် အေ စစ်သဘောတူညီချက်တိက အထောက်အကူ အများကြီး ပြုပါလိမ့်မေ”လို့လည်း ပြောလားပါရေ။ စတုတ္ထအကြိမ် တွိဆုံမှုအတွက် သူလည်း တောင်ကိုးရီးယားနိုင်ငံကို လားဖို့ ပြောလားပါရေ။ ၂၀၂၀ ခုနှစ် တိုကျို အိုလံပစ်ပွဲတော်ကို၊ နှစ်နိုင်ငံ ပူးတွဲပနာ အိုလံပစ်သမားတိ ပို့ဖို့နန့်၊ ၂၀၃၂ ခုနှစ် အိုလံပစ် ပွဲတော်ကိုလည်း နှစ်နိုင်ငံ ပူးတွဲ ကျင်းပနိုင်အောင်၊ တောင်းဆိုလားဖို့လည်း ပြင်ဆင်နိန်ကတ်တေလို့ ဆိုပါရေ။

နြူးကလီးယား ကင်းမဲ့ရေးအတွက် အသေးစိတ်တိကို ပြင်ဆင်နိန်ရေပိုင်၊ နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်ကို ငြိမ်းချမ်းရေးဇုန်အဖြစ် အသွင်ပြောင်းပနာ၊ နယ်စပ်ဖြတ် ကားလမ်း၊ ရထားလမ်းတိကို နှစ် မကုန်ခင် လုပ်လားဖို့လို့ မုန်း က ပြောလားပါရေ။

မုန် နန့် ကင် အေအင်္ဂါနိက တွိကတ်စွာ ၃ ကြိမ်မြောက်ပါ။ ပထမ ၂ ကြိမ်ကို၊ နယ်စပ်ကျေးရွာ ပန်မင်ဂျွင်း မှာ ဧပြီလ ၂၇ ရက်နန့်၊ မေလ ၂၆ ရက်တိမှာ၊ သတင်းဌာနတိကို ကြိုတင်အသိပီးမှု မရှိဘဲ၊ တွိခကတ်ပါရေ။ နှစ်နိုင်ငံကြား ကိုးရီးယားစစ်ပွဲက ၁၉၅၀ ကနိန် ၁၉၅၃ ခုနှစ်ထိ အကြီးအကျယ် ဖြစ်ခကတ်ပါရေ။ ကာယကံရှင် ကိုးရီးယားနှစ်နိုင်ငံက ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းနိန်ကေလည်း၊ ကဗာ့ငြိမ်းချမ်းရေးအတွက်လို့ ကြွေးကြော်နိန်ရေ၊ အမေရီကန်အစိုးရက မြောက်ကိုးရီးယားကို စီးပွားရေး ပိတ်ဆို့မှုတိ ဆက်လုပ်နိန်ရေပိုင်၊ အမေရီကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွင်ပီယို(Mike Pompeo) အယင်လက မြောက်ကိုးရီးယားကို လားဖို့ ခရီးစဉ်ကိုလည်း ပြန်ရုတ်သိမ်းလားပါရေ။