အားဆီး

0
706
Keukenhof Gardens
Keukenhof Gardens

အသည်းအသန် နိန်မကောင်း ဖြစ်နိန်ရေ လူနာနှစ်ယောက်စွာ ဆေးရုံခန်း တခန်းထဲမှာ အတူတူ နိန်ရရေ။

တယောက်က အိပ်ယာထဲက လုံးဝ မထနိုင်။ တယောက်ကတော့ခါ ကဒင်ထက်မှာ ထိုင်ပနာ အဆုတ်ထဲက အရည်တိကို ထုတ်နိန်ရရေ။

နှစ်ယောက်တည်းရာ ရှိရေအတွက်နန့်၊ တယောက်နန့် တယောက် ထိုထိုဒေဒေ ရောက်တတ်ရာရာ စကား ပြောဖြစ်ကတ်တေ။ ကဒင်ထက်မှာ ထိုင်နိုင်ရေ လူက ပဒင်းပေါက် အပြင်ကို လှမ်းကြည့်ပနာ မြင်နိန်ရသမျှ အသေးစိတ်ကို အိပ်ယာထဲ လှဲနိန်ရေ လူနာကိုဇီ ပြောပြတတ်တေ။

ဆေးရုံဝင်းထဲမှာ ရောင်စုံပန်းတိ ဖူးပွင့်နိန်ရေ ပန်းခြံကြီး တခြံရှိရေ။ စမ်းချောင်းချေ တခုကလည်း ကွေ့ပနာ ပတ်ပနာ တသွင်သွင် စီးနိန်ရေ။ ဘဲတိက ထိုတအုပ်၊ ဒေတအုပ် ရီထဲမှာ လားနိန်ကတ်တေ။ အချေတိကလည်း ထိုဗြီး ဒေဗြီးနန့်။ ဇုံတွဲတိကလည်း ခုံတန်းချေတိမှာ ထိုင်ပနာ၊ စကားဖောင်ဖွဲ့ ပြောနိန်ကတ်တေ။ စာဖတ်တေ လူတိကလည်း မြက်ခင်းမှာ မှောက်လူက မှောက်၊ ထိုင်ရေ လူက ထိုင်လို့။

အိပ်ယာထဲ လဲနိန်ရေ လူစွာ ပြောပြသမျှကို နားထောင်ယင်း ဝေဒနာကို မိလားတတ်တေ။ အပြင်ကို ထွက်ကြည့်ချင်စိတ်လည်း ပြင်းပြလာရေ။

တရက်နိန့် မိုးလင်းရေခါ ဘေးနား ကဒင်က လွတ်နိန်ရေ။ နောက်မှ ညဇာက ညဉ့်မှာ ဘေးနားက လူ ဆုံးလားမှန်း သိလိုက်ရရေ။

လူနာက သူ့ကို ယင်းကဒင်ကို ပြောင်းပီးဖို့ တောင်းဆိုလိုက်တေခါ တာဝန်ကျ သူနာပြုဆရာမတိက သဘောတူပနာ ပြောင်းပီးလိုက်ကတ်တေ။

တာဝန်ကျ သူနာပြုဆရာမတိ မရှိရေခါ၊ လူနာစွာ ဝမ်းလျားမှောက်ပနာ ပဒင်းပေါက်နားကို တိုးလားရေ။ တကိုယ်လုံးက နာကျင်လားကေလည်း အယင်လူနာ ပြောပြခရေ မြင်ကွင်းကို မြင်ချင်လွန်းလို့ အနာခံပနာ ပဒင်းပေါက်က ခေါင်းပြူပနာ အပြင်ကို ကြည့်လိုက်တေ။

ကကောင်း အံ့သြလားရေ။ အပြင်မှာ မြင်လိုက်ရစွာက အုတ်နံရံကြီးတခု။ တခြားမြင်ကွင်း တခုလည်း မရှိ။

သူနာပြုဆရာမ အခန်းထဲ ဝင်လာရေခါ လူနာက အယင်လူနာ သူ့ကို လိမ်လားစွာကို ပြောပြလိုက်တေ။

ယင်းခါ သူနာပြုဆရာမက အယင်လူနာစွာ လုံးဝ မျက်မမြင် တယောက်။ လူနာကို တမင်သတ်သတ် ဝါလားစွာ ဟုတ်ဖို့ မဟုတ်။ တခြားလူတယောက် ဝေဒနာ သက်သာအောင်၊ တခြား လူတယောက် အသက်ရှင်ချင်ရေ ဆန္ဒ ဖြစ်လာအောင် အားပီးပနာ ပြောလားရေ စကားတိရာ ဖြစ်ဖို့ ဆိုပနာ ပြန်ပြောပြရေ။

စံဂိုးအောင်

မှတ်ချက် – ကိုယ့်ဝေဒနာကို ဂရုမမူဘဲ၊ သူများအတွက် သက်ညှာတတ်တေ လူတိလည်း လောကမှာ ရှိပါရေ မိတ်ဆွေရို့။