ဆီးရီးယားစစ်တပ် ၁ ပတ်အတွင်း ရဖို့ ရာရှားထုတ် S-300 လေယာဉ်ကာကွယ်ရေးစနစ် ဆိုစွာ ဇာလဲ?

0
1030
S-300 missile launchers © Credit: Russian Defense Ministry
S-300 missile launchers © Credit: Russian Defense Ministry

အစ္စရေးလေတပ်က ဆီးရီးယားနိုင်ငံကို ဝင်တိုက်တေခါ၊ ရာရှားထောက်လှမ်းရေးလေယာဉ် ၁ စီးကို ဆီးရီးယားစစ်တပ်က မှားပစ်လိုက်တေအတွက်၊ နောက် အေပိုင် အဖြစ်မျိုး မကြုံရအောင်ဆိုပနာ၊ မော်စကို(Moscow)အစိုးရက ဓမ္မဆကာ့စ်(Damascus)အစိုးရကို S-300 လေယာဉ်ကာကွယ်ရေးစနစ်ကို ၁ ပတ်အတွင်း ပို့ဖို့လို့ ကြေငြာလိုက်ပါရေ။

ဆီးရီးယားစစ်တပ်က ရာရှားထုတ် S-300 လေယာဉ်ကာကွယ်ရေးစနစ် ဝယ်ဖို့၊ ၂၀၀၀ ခုနှစ်ကပင် ကမ်းလှမ်းထားစွာလို့ ဆိုပါရေ။ ၂၀၁၁ ခုနှစ်မှာ ဆီးရီးယား ပြည်တွင်းစစ် ဖြစ်လာရေအတွက် အစီအစဉ် အထမမြောက် ဖြစ်နိန်ပါရေ။ ယင်းအတွက်နန့် ဆီးရီးယားနိုင်ငံမှာ အဂု အသုံးပြုနိန်ရေ လေယာဉ်ကာကွယ်ရေးစနစ်တိက အယင် ရာရှားထုတ် S-125s နန့် S-200s အဟောင်းတိရာ ရှိပါသိမ့်ရေ။

အစ္စရေးလေယာဉ်တိက ကွင်းထဲကို ဆင်းလာနိန်ရေ ရာရှားကင်းထောက်လေယာဉ်ကို အကာအကွယ် လုပ်ပနာ တိုက်လားရေအတွက်၊ အေပိုင် အဖြစ်မျိုးကို လုံးဝ ပြောင်းလဲနိုင်ရေ S-300 လေယာဉ်ကာကွယ်ရေးစနစ်ကို ၁ ပတ်အတွင်း ဆီးရီးယားနိုင်ငံကို ပို့လားဖို့လို့ဆိုပါရေ။

အစ္စရေးနိုင်ငံက အကြိမ်ပေါင်း ၇၀၀ ကျော်ထိ ဗုံးကြဲ၊ ဒုံးကျဉ်နန့် ပစ်စွာကို ခံနိန်ရရေ ဆီးရီးယားနိုင်ငံက S-300 လေယာဉ်ကာကွယ်ရေးစနစ် တပ်ဆင်လိုက်စွာနန့် အစ္စရေးက ရန်လိုစော်ကားစွာကို ဟန့်တားနိုင်ပါဖို့လား။ S-300 လေယာဉ်ကာကွယ်ရေးစနစ် အကြောင်းကို တစိချေ လေ့လာကြည့်ကတ်ပါမေ။

အဝီးကြီးထိ ကာကွယ်နိုင်ရေ စနစ်

S-300 အခြေခံစနစ်ကို ဆိုဗီယတ်ပြည်ထောင်စုမှာ ၁၉၇၀ ခုနှစ်ကျော်လောက်ပင် အစပျိုးလာရေလို့ ဆိုပါရေ။ ရည်ရွယ်ချက်က ကိုယ့်လီပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာရေ၊ ဗုံးကြဲလေယာဉ်၊ တိုက်လေယာဉ်နန့် တခြားလီထဲက လာရေ အရာတိကို ကာကွယ်နိုင်အောင်လို့ ဆိုပါရေ။

တစိချေလောက် ပိုပျော့ထားရေ၊ ပြည်ပကို တင်ပို့ရေ S-300 လေယာဉ်ကာကွယ်ရေးစနစ်စွာ ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) အကွာအဝေးထိ လီကြောင်းကို ကာကွယ်နိုင်ရေလို့ ရာရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါရေ။ ယကေလည်း အဂု ဆီးရီးယားကို ပို့ဖို့ လုပ်နိန်စွာက အယင် ပို့ဖို့ လုပ်ထားရေ S-300PMU2 မဟုတ်ဘဲ၊ ပိုအားကောင်းရေ S-300VM အမျိုးအစားလို့ သိရပါရေ။

အေ S-300PMU2 ကို တပ်လိုက်စွာနန့်၊ အစ္စရေးတိုက်လေယာဉ်တိ အစ္စရေးနိုင်ငံ လေယာဉ်ကွင်းထဲက လီထက်ကို တက်စွာနန့်ကို ဆီးရီးယားနိုင်ငံက ကြိုသိနိုင်ရေ အနိန်အထားကို ရောက်လားပါဖို့။ အစ္စရေးက အမြဲတမ်း အသာစီးရနိန်ရေ အနိန်အထား ပျောက်လားနိုင်ပါရေ။

လုံးဝ အလိုအလျှောက် ထိန်းရေ စနစ်

S-300 စနစ်စွာ လီကြောင်းပစ်မှတ် အများကြီးကို အလိုအလျှောက် ခြီရာခံပနာ၊ တပြိုင်တည်း အများကြီး ပစ်ချနိုင်ရေ စနစ်မျိုးလို့ ဆိုပါရေ။ ရန်သူက ကိုယ့်ကို ပြန်မပစ်နိုင်အောင်၊ ပစ်တေ တည်နိန်ရာကိုလည်း ရွိပြောင်းနိုင်ရေလို့ ဆိုပါရေ။

S-300 စွာ တခြား ရာရှားထုတ် ကာကွယ်ရေးစနစ်တိနန့် တွဲသုံးနိုင်ရေအတွက်၊ ဆီးရီးယားနိုင်ငံမှာ ရာရှားစစ်တပ်က သုံးနိန်ရေ တခြား ကာကွယ်ရေးစနစ်တိနန့်လည်း ဆက်စပ်ပနာ သုံးလားဖို့လို့ ဆိုပါရေ။ အေပိုင် တွဲသုံးလိုက်တေအတွက် မိတ်ဆွေ လေယာဉ်လား၊ ရန်သူလေယာဉ်လား အလွယ်တကူ ခွဲခြားနိုင်ဖို့လို့ ဆိုပါရေ။ အထူးသဖြင့် ဆီးရီးယားစစ်တပ်က ရာရှားရေဒါတိကို သုံးစွဲခွင့် ရလားပါဖို့။

The S-300 all-altitude radar station © Ministry of Defense
The S-300 all-altitude radar station © Ministry of Defense

ပိုကာကွယ်နိုင်ပနာ မြင်ဖို့ ခက်တေ

S-300 ပစ်စင်နန့် အကူကားတိကို အပင်အခက်တိ၊ စစ်တာလပတ်တိ အုပ်ထားကေ ရန်သူက မြင်တွိဖို့ ခက်ရေလို့ ဆိုပါရေ။ ပစ်စင်ကို မြောင်းတူးပနာ ထည့်ထားကေ အပြင်က ပစ်ဖို့လည်း ခက်ခဲရေလို့ ဆိုပါရေ။

နောက်ကရိယာတခု ထပ်တပ်ဆင်လိုက်ကေ၊ ရေဒါတိ မဖမ်းနိုင်ရေ ဒုံးကျဉ်တိကို ဖမ်းနိုင်ရေပိုင်၊ အလတ်ထရွန်းနဲ့ လှိုင်းဖျက်ကရိယာတိနန့် တိုက်ကေလည်း၊ S-300 ရေဒါတိက အလိုအလျှောက် ပိတ်ချလားရေလို့ ဆိုပါရေ။

အင်အားကြီး ဒုံးကျဉ်တိ တပ်ဆင်ထားရေ

S-300 မှာ တာလတ်နန့်၊ တာဝီးပစ် ဒုံးကျဉ်တိ တပ်ဆင်ထားရေလို့ ဆိုပါရေ။ ပစ်စင်တိမှာ ၁၃၀ ကီလိုဂရမ် ကနိန်၊ ၁၅၀ ကီလိုဂရမ် ထိ လီးရေ ဒုံးကျဉ်တိ တပ်ဆင်နိုင်ရေပိုင်၊ ပိုပေါ့ရေ ၂၄ ကီလိုဂရမ် ဒုံးကျဉ်တိလည်း တပ်ဆင်နိုင်ရေလို့ ဆိုပါရေ။

FILE PHOTO: An S-300 air defense system launches a missile during International Army Games, August 5, 2017 © Maxim Shemetov / Reuters
FILE PHOTO: An S-300 air defense system launches a missile during International Army Games, August 5, 2017 © Maxim Shemetov / Reuters

S-300 စွာ ရာရှားထုတ် နောက်ဆုံးပေါ် မြေပြင်က ဝေဟင်ပစ် လေယာဉ်ကာကွယ်ရေးစနစ် မဟုတ်သိမ့်ကေလည်း၊ လှိုင်းဖျက်ကရိယာတိ ဒဏ်ကိုတောင် ကာကွယ်နိုင်ရေအတွက်၊ ကကောင်း အသုံးဝင်ရေ လေယာဉ်ကာကွယ်ရေးစနစ်တခုလို့ သိရပါရေ။