သြစတြီးလီးယားက အသီးတိထဲမှာ အပ်တွိရေ ပြဿနာ အဂု နယူးဇီလန်ထိ ပျံ့နှံ့လာ

0
4409
© Bai Xuefei/Global Look Press
© Bai Xuefei/Global Look Press

သြစတြီးလီးယားနိုင်ငံက အသီးတိ အထဲမှာ အပ်တွိရေ ပြဿနာတိစွာ၊ အဂုအခါ ကျယ်ပြန့်လာပနာ၊ အိမ်နီးချင်း နယူးဇီလန်နိုင်ငံ သြကလန်းမြို့(Auckland) ဆူပါမာ့ကတ်ထိ ရောက်လာဗျာလ်လို့ ဆိုပါရေ။

အေလ အစောပိုင်းက သြစတြီးလီးယားနိုင်ငံ အနောက်ပိုင်း ကွိင်းစ်လန်း(Queensland)မှာ အစပျိုးခရေ၊ စတော်ဘယ်ရီသီး၊ သရက်သီး၊ ငပျောသီးတိ အထဲမှာ၊ အပ်တိ၊ ပင်အပ်တိ တွိရရေ ပြဿနာ အကြိမ် ရာကျော် ဖြစ်ဗြီးရေ နောက်ပိုင်းမှာ၊ အဂု နယူးဇီလန်နိုင်ငံမှာ ဖြစ်လာဗျာလ်လို့ ဆိုပါရေ။

နယူးဇီလန်နိုင်ငံက အကြီးဆုံး ကုန်တိုက်တိမှာ ပါရေ၊ ဝူးလ်ဝေါ့သ်စ်(Woolworths)ပိုင်၊ သြကလန်းမြို့က ကောင့်တ်ဒေါင်း(Countdown) ဆူပါမာ့ကတ်က ရောင်းရေ၊ ချွိုင်းစ်(Choice) တဆိပ် စတော်ဘယ်ရီသီးထဲမှာ အပ် ထပ်တွိရေလို့ ဆိုပါရေ။ ကောင့်တ်ဒေါင်း ဆူပါမာ့ကတ်က ယင်းစတော်ဘယ်ရီသီးတိ အားလုံးကို သိမ်းလိုက်ဗျာလ်လို့ ဆိုပါရေ။

ပြိုင်ဖက်ကုမ္ပဏီ ဖူးဒ်စတာ့ဖ်စ်(Foodstuffs)ကလည်း သြစတြီးလီးယားနိုင်ငံက တင်သွင်းနိန်ရေ စတော်ဘယ်ရီသီးတိကို ရပ်လိုက်ဗျာလ်လို့ ဆိုပါရေ။

ကောင့်တ်ဒေါင်း ကုမ္ပဏီက တနင်္ဂနိန်နိမှာ ကြေငြာရေ စာထဲမှာ၊ ချွိုင်းတဆိပ် စတော်ဘယ်ရီသီး အိမ်မှာ ဝယ်ထားရေ လူတိ၊   စတိုးဆိုင်မှာ ပြန်လာသွင်းကေ၊ ဖေသာ အပြည့် ပြန်ပီးဖို့လို့ ဖော်ပြထားပါရေ။

နယူးဇီလန်မှာ အသီးစားပနာ နာမကျန်းဖြစ်စွာတော့ခါ အဂုထိ မတွိရသိမ့်လို့ ဆိုပါရေ။ အသီးတိကို မစားခင်၊ ဓါးနန့် ဖြတ်တောက် ဗြီးမှရာ စားကတ်ဖို့လည်း အကြံပီးထားစွာကို တွိရပါရေ။

အေလ အစောပိုင်းမှာ၊ သြစတြီးလီးယားက အသီးတိ အထဲမှာ အပ်တွိရေ ပြဿနာကြောင့်၊ အသီး ဝယ်စားရေ လူတိ နည်းပါးလားပနာ၊ အသီးတိ အမှည့်လွန်၊ ပုပ်သိုးလားရေအတွက်၊ စိုက်ပျိုးရေးသမားတိ နလန်မထူနိုင်အောင်ကို ဆုံးရှုံးမှုတိနန့် ကြုံနိန်ရပါရေ။ သြစတြီးလီးယန်း အစိုးရက သြစတြီးလီးယန်း ဒေါ်လာ ၁ သန်းထိ စိုက်ပျိုးရေးသမားတိကို ထောက်ပံ့ပီးလားဖို့လို့ ဆိုပါရေ။ အသီးထဲမှာ အပ်ထည့်ရေ လူကို ဖော်ထုတ်ပီးရေ လူကို၊ သြစတြီးလီးယန်း ဒေါ်လာ ၁ သိန်းထိ ဆုချီးမြှင့်ပီးဖို့လို့လည်း ကွိင်းစ်လန်း အစိုးရက ထုတ်ပြန်ထားပါရေ။

ပြဿနာ အများစုက နတ်ယိုဂါးခံစွာနန့်၊ လိုက်တုကတ်စွာတိလို့ ယူဆထားကတ်ပနာ၊ ဆယ်ကျော်သက် ၂ ယောက်ကို ခေါ်ယူစစ်ဆေးမှုတိ လုပ်နိန်ပါရေ။ အေပိုင် စားသောက်ကုန်တိ ပျက်စီးအောင် လုပ်တေ အမှုမျိုးတိကို၊ ထောက်ဒဏ် ၅ နှစ်ကနိန် ၁၅ နှစ်ထိ အပြစ်ပီးနိုင်အောင်လည်း အစိုးရက ဥပဒေတရပ် ပြင်ဆင်နိန်ရေလို့ သိရပါရေ။