အိန်ဒိုနီးရှားမှာ အင်အားပြင်း ငလျှင် လှုပ်ဗြီးကေ ဆူနာမီ ထ

0
131
Aftermath of earthquake in North Lombok, Indonesia August 8, 2018 © Antara Foto Agency / Reuters
Aftermath of earthquake in North Lombok, Indonesia August 8, 2018 © Antara Foto Agency / Reuters

အေနိ ဆူလာဝီဆီကျွန်း(Sulawesi) ငလျှင် လှုပ်ဗြီးရေ နောက်မှာ၊ ဆူနာမီ ရီလှိုင်းတိ ဖြစ်လာရေလို့ အိန်ဒိုနီးရှား ဘူမိရူပဌာနကို ကိုးကားပနာ အေပီ နန့် ရိုက်တာ သတင်းဌာနတိမှာ ဖော်ပြထားပါရေ။ အေကြေငြာချက်က အွင်လှိုင်းမှာ ဆူနာမီ ဗွီဒီယိုတခု ပျံ့နှံ့လာဗြီးနောက်မှာ ထွက်ပေါ်လာစွာပါ။

ပူလော(Palu)အရပ်မှာ ဆူနာမီ ရီလှိုင်း ၂ မီတာ အမြင့်ထိ တက်လာရေလို့၊ ဒေသအာဏာပိုင်တိက ပြောပါရေ။ သီဆုံး၊ ဒဏ်ရာရ စရင်းတော့ခါ မထွက်လာသိမ့်ပါ။

ဒေါင်ဂလာ(Donggala)မြို့ကိုလည်း ဆူနာမီ ရီလှိုင်း ရိုက်ခတ်လားရေလို့ အိန်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဆူတိုပို ပါဝို နူဂြိုဟို (Sutopo Purwo Nugroho)က ပြောလားပါရေ။ တိုက်ရိုက်ထုတ်လွင့်နိန်ရေ တီဗွီရုပ်သံတခုမှာ ဆူနာမီ ရိုက်လို့ အိမ်တိ မျှောပါလားပနာ၊ မိသားစုဝင်တိ ပျောက်နိန်ရေလို့ အကြောင်းကြားစွာလည်း ရနိန်ရေလို့ ဆူတိုပို က ပြောလားပါရေ။ ဆူလာဝီဆီ အလယ်ပိုင်းမှာ မီးပြတ်လားပနာ၊ မှောင်နိန်ရေအတွက် ကယ်ဆယ်ရေးတိလည်း မလုပ်နိုင်သိမ့်လို့ ဆိုပါရေ။

အေနိ စစောပိုင်းက အင်အား ၇.၇ ရှိရေ ငလျှင် တခု ဆူလာဝီဆီကျွန်းမှာ လှုပ်လားရေအတွက်၊ ဆူနာမီ ရီလှိုင်းတိ ဖြစ်လာနိုင်ရေလို့ အိန်ဒိုနီးရှား မိုးလေဝါသဌာနက ကြိုတင် သတိပီးနှိုးဆော်ခပါရေ။ ယကေလည်း နာရီပိုင်း အကြာမှာ ယင်းကြေငြာချက်ကို ပြန်ရုတ်သိမ်းလားခပါရေ။

အေငလျှင် မလှုပ်ခင် အင်အား ၆.၁ ရှိရေ ငလျှင်တခု ကြိုလှုပ်လားရေအတွက် လူ ၁ ယောက် သီပနာ၊ ၁၀ ယောက် ဒဏ်ရာရလားရေလို့ ဒေသအာဏာပိုင်တိက ပြောလားပါရေ။

ကဗာမှာ ကျွန်းအများဆုံး ပိုင်ရေ အိန်ဒိုနီးရှားနိုင်ငံစွာ၊ ပစိဖိတ် မီးတောင် စက်ဝန်း(Pacific Ring of Fire) ထက်မှာ ရှိနိန်ရေအတွက်၊ ငလျှင် လှုပ်စွာကို အမြဲတမ်း ခံနိန်ရပါရေ။

၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီမှာ နိုင်ငံပေါင်း ၁၃ နိုင်ငံက၊ လူပေါင်း ၂၂၆,၀၀၀ သီလားရေ အထဲမှာ၊ အိန်ဒိုနီရှားနိုင်ငံက လူပေါင်း ၁၂၀,၀၀၀ ကျော် ပါလားဖူးပါရေ။

Leave a Reply

Please Login to comment
  Subscribe  
Notify of