မူဆလင်နန့် ချိန်းတွိလို့ ဆိုပနာ အိန္ဒိယရဲမေက ဟိန္ဒူမချေ တယောက် နဝကို ပိတ်သတ်

0
972
© @PiyushRaiTOI / Twitter
© @PiyushRaiTOI / Twitter

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မူဆလင် တယောက်နန့် ချိန်းတွိလို့ ဆိုပနာ၊ အိန္ဒိယရဲမေ တယောက်က ကလိမ့်မေ တယောက်ကို ကားထက်မှာ နဝကို ပိတ်သတ်စွာ ဗွီဒီယိုတခု အွင်လှိုင်းမှာ ရီပန်းစားနိန်ပါရေ။

ဗွီဒီယိုထဲမှာ အသက် ၂၀ ရှိရေ၊ သူနာပြုကျောင်းသူချေ တယောက်ကို ရဲ ၄ ယောက် ပါရေ ကားထက်မှာ၊ အနားက ရဲမေက ဘာသာခြားနန့် ကြိုက်ရဖို့လားဆိုပနာ နဝကို တဖြန်းဖြန်း ပိတ်သတ်နိန်ရေ ပုံကို မြင်ရပါရေ။

View post on imgur.com

အကြောင်းစုံက ဗြီးခရေ တနင်္ဂနိန်နိမှာ ဥတ္တာ ပရာဒတ်ရှ်(Uttar Pradesh)ပြည်နယ်၊ မီးရ(Meerut) မှာ ကလိမ့်မေချေ တယောက်၊ စာဖတ်ဖို့ ဆိုပနာ၊ သငယ်ချင်း မူဆလင်အကောင်ချေ အခန်းထဲကို ရောက်နိန်ရေလို့ ဆိုပါရေ။ ယင်းအချိန်မှာ လက်ယာဝါဒီ ဟိန္ဒူအဖွဲ့အစည်း Vishva Hindu Parishad က လူတအုပ်က ယင်းအိမ်ထဲကို အတင်းအဓမ္မ ဝင်ရောက်လာရေလို့ အေနိအိန္ဒိယ(India Today) သတင်းမှာ ဖော်ပြထားပါရေ။ ယင်းလူတိက ယင်းသူရို့ နှစ်ယောက်ကို တယောက်တခန်းစီ ခွဲပလိုက်ပနာ၊ “နင် ဟိန္ဒူလား၊ မူဆလင်လားလို့ မိန်းပနာ၊ နဝကို တီးကတ်တေ” လို့ ယင်းကလိမ့်မေချေက ပြောပြပါရေ။ မှတ်ပုံတင်ကို ထုတ်ပြခိုင်းရေ လူကလည်း ရှိသိမ့်ရေလို့ ဆိုပါရေ။

“နင် ယင်းသူ့ကို ယူချင်လို့လား?” လို့ မိန်းပနာ၊ မူဆလင်နန့် တွိလို့ အေပိုင် အသတ်ခံရစွာလို့ ယင်းလူတိက အော်ကတ်တေလို့ ဆိုပါရေ။ နောက်ပိုင်းမှာ ယင်းလူအုပ်က ရဲတိကို ခေါ်ပနာ၊ ရဲကား ၂ စီးနန့်၊ ယင်းသူရို့ ၂ ယောက်ကို သီးခြားစီ ခေါ်လားရေလို့ ဆိုပါရေ။

ကားထက်မှာ ရဲမေက ကိုယ်ထိလက်ရောက် သတ်တေပိုင်၊ တခြား ရဲတိကလည်း မူဆလင်နန့် ကြိုက်စွာ နင် ကကောင်း ရွံဖို့ကောင်းရေဆိုပနာ ဆဲလည်းဆဲကတ်တေလို့ ဆိုပါရေ။

ရဲအရာရှိတိက ယင်းမူဆလင်ကို အဓ္ဓမမှုနန့် တရားစွဲခိုင်းရေခါ၊ ယင်းကလိမ့်မေချေက ငြင်းရေအတွက်၊ နင့်ကို ထောင်ချပလိုက်ဖို့လို့ ခြိမ်းခြောက်ကတ်တေလို့လည်း ဆိုပါရေ။ နောက်ပိုင်းမှာ ယင်းကလိမ့်မေချေက မိဖတိကို ခေါ်လိုက်တေအတွက်၊ မိဖတိနန့်အတူတူ အိမ်ပြန်ရောက်လာရေလို့ ဆိုပါရေ။