ကာတာလိုနီးယား လွတ်လပ်ရေးမှာ နိုင်ငံတကာက ကြားဝင်ဖို့ လိုဗျာလ်လာ?

© Albert Gea / Reuters
© Albert Gea / Reuters

ကာတာလိုနီးယားဒေသမှာ တောင်းဆိုနိန်ရေ လွတ်လပ်ရေး အရေးနန့် ပတ်သတ်ပနာ၊ အပြုသဘောဆောင်ရေ ကြားဝင်ဆွေးနွေးပွဲတိ လုပ်ဖို့လိုရေလို့ ကာတာလိုနီးယား ဂေါင်းဆောင်က စပိန်အစိုးရကို၊ တိုက်တွန်းရေ စာမိတ္တူကို၊ အမေရီကန်ပြည်ထောင်စု၊ ရာရှားနန့် တရုတ်နိုင်ငံ ဂေါင်းဆောင်တိဘားကိုလည်း ပို့လိုက်တေလို့ ဆိုပါရေ။

ဆပ်တန်ဘာလ ၂၆ ရက်နိ နိစွဲ တပ်ထားရေ၊ ကာတာလန် ဂေါင်းဆောင် ကိန်း တော်ရာ(Quim Torra)က “ကြားဝင်ဆွေးနွေးပွဲတိ အတတ်နိုင်ဆုံး ချက်ချင်း လုပ်ဖို့” စပိန်အစိုးရကို တိုက်တွန်းရေ၊ ယင်းစာက မီဒီယာထဲကို ဗြီးခရေ ကြာသပဒီးနိက ပေါက်ကြားလာပါရေ။

တော်ရာ ရွီးထားရေ ယင်းစာ အင်္ဂလိပ်ဘာသာပြန် မိတ္တူကို နိုင်ငံတကာနန့်၊ ဒေသတွင်း ဂေါင်းဆောင် ၄၃ ယောက်ဘားကို ပို့ထားစွာကိုလည်း တွိရပါရေ။ အမေရီကန် ပြည်ထောင်စုသမ္မတ ထရုန့်၊ ရာရှားသမ္မတ ပူတိန်၊ တရုတ်သမ္မတ ရှီ ရို့လည်း ယင်းအထဲမှာ ပါနိန်ပါရေ။

ကာတာလန်ဒေသအစိုးရက အမေရီကန်ပြည်ထောင်စု၊ ရာရှားနန့် တရုတ်နိုင်ငံ ဂေါင်းဆောင်တိဘားကို ပို့ရရေ အကြောင်းရင်းက၊ ယင်းနိုင်ငံတိစွာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ၊ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတိ ဖြစ်နိန်လို့လို့ ဆိုပါရေ။ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်နိန်ကေလည်း၊ ပြင်သစ်နိုင်ငံ သမ္မတ အန်မာနြူယာယ် မာကြွင် ဘားကို မပို့လို့ အေအပ်ဖ်ပီ(AFP) သတင်းဌာနက ဖော်ပြထားစွာကိုလည်း တွိရပါရေ။ ဗြိတိရှ် ဝန်ကြီးချုပ် သီရတ်ဆာ မေ ဘားကို ပို့မပို့တော့ မသိရပါ။