ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နိန်ရေ ဆိုင်ကလုန်းမုန်တိုင်း ၆ အိန္ဒိယကို နက်ဖြန်ညဉ့် ဝင်နိုင်

Source: https://www.wunderground.com/hurricane/indian-ocean/2018/tropical-cyclone-six?map=forecast, TC 6 2018-10-09 at 14.06.47
Source: https://www.wunderground.com/hurricane/indian-ocean/2018/tropical-cyclone-six?map=forecast, TC 6 2018-10-09 at 14.06.47

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိန်ရေ အပူပိုင်းမုတ်သုန် ဆိုင်ကလုန်းမုန်တိုင်း ၆ စွာ၊ လက်ရှိမှာ မြောက် အနောက်မြောက်ဖက်ကို ၁ နာရီ ၂ မိုင်နှုန်းနန့် ရွိလျှားနိန်ပနာ၊ နက်ဖြန်ညဉ့် ၁၁ နာရီလောက်မှာ အိန္ဒိယနိုင်ငံ အိုအီရှာ(Odisha)မြို့ကို ဝင်ရောက်နိုင်ရေလို့ လက်ရှိမှာ ခန့်မှန်းထားစွာကို တွိရပါရေ။ ယင်းကမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စနီနိ မိုးသောက်ဖက်မှာ ဝင်ရောက်လားနိုင်ပါရေ။

လက်ရှိမှာ လီတိုက်နှုန်းက ၁ နာရီကို မိုင် ၄၀ ကနိန် ၅၂ မိုင် နှုန်းထိ တိုက်နိန်စွာကို တွိရပါရေ။

Source: https://www.wunderground.com/hurricane/indian-ocean/2018/tropical-cyclone-six?map=forecast, TC 6 at 2018-10-09 at 14.12.37
Source: https://www.wunderground.com/hurricane/indian-ocean/2018/tropical-cyclone-six?map=forecast, TC 6 at 2018-10-09 at 14.12.37

မုန်တိုင်း အခြေအနေကို ၁၀ မိနစ်တိုင်း အသစ် မှတ်တမ်းတင်ပီးနိန်ရေ အေ Great Arakan Website က Weather စာမျက်နှာ(https://greatarakan.com/weather/)မှာ လားပနာ အချိန်မရွေး ကြည့်နိုင်ပါရေ။