ဗီယတ်နမ်စစ်မှာ အမေရီကန်သမ္မတ မသိဘဲ နြူးကလီးယားဗုံးတိ ဗိုလ်ချုပ်တယောက်က ပို့ခိုင်း

0
1520
FILE PHOTO: A US B52 bomber / Reuters
FILE PHOTO: A US B52 bomber / Reuters

ဗီယတ်နမ်စစ်ပွဲမှာ မြောက်ပိုင်းက ကင်မြူနဲ့စ်တိကို အသာစီးရဖို့၊ ဗီယတ်နမ်က အမေရီကန်စစ်တပ်တိကို ကွပ်ကဲရေ ဗိုလ်ချုပ်ကြီးက နြူးကလီးယားဗုံးတိ တတိုးတတိတ် သုံးဖို့ ပြင်ဆင်ခစွာကို၊ အမေရီကန်ပြည်ထောင်စု သမ္မတ ဂျွင်ဆင်(Johnson)က နောက်မှ သိလို့၊ ချက်ချင်း ရပ်တန့်ဖို့ အမိန့်ပီးခရရေလို့၊ နှစ်ပြည့်လို့ ဖွင့်ပြရေ လျှို့ဝှက်မှတ်တမ်းတိမှာ တွိရပါရေ။

၁၉၆၄ – ၁၉၆၈ ခုနှစ် ဗီယက်နမ်စစ်ပွဲမှာ၊ ဗိုလ်ချုပ် ဝီလီယမ် ဝပ်ဆ်မိုးလန်းဒ်(General William Westmoreland)က လုံခြုံရေးအတိုင်ပင်ခံ ဝပ်တ် ဒဗျူ ရို့ဆ်တိုး(Walt W. Rostow)က သမ္မတအိမ်ဖြူတော်ကို အသိမပီးခင်ကပင်၊ နြူးကလီးဗုံးတိကို ဗီယက်နမ်ကို တတိုးတတိတ်ချေ ပို့ဖို့လုပ်ခပါရေ။ အမေရီကန်ပြည်ထောင်စုသမ္မတ လိန်ဒင် ဂျွင်ဆင်(Lyndon Johnson)က သိစွာနန့်၊ တတိယကဗာစစ် ဖြစ်ဖို့ အရေးကနိန်၊ ချက်ချင်း ရပ်တန့်ခိုင်းခရရေလို့ နယူးယော့ခ် တိုင်းဆ်(New York Times) သတင်းမှာ၊ ဖွင့်ပြရေ လျှို့ဝှက်မှတ်တမ်းတိကို ကိုးကားပနာ ဖော်ပြထားပါရေ။

ခေး စန်(Khe Sanh)မှာ မြောက်ဗီယတ်နမ်တပ်တိကို လအင်တန်ကြာကြာ တိုက်လို့ အခြေအနေ မလှစွာကို တွိရရေခါ၊ ရန်သူကို အသာစီးရဖို့၊ ဗိုလ်ချုပ် ဝပ်ဆ်မိုးလန်း က နြူးကလီးယားဗုံးတိကို သုံးဖို့ အရေးပေါ် အစီအစဉ် လုပ်ခပါရေ။ ယင်းအစီအစဉ်ကို မေးရိုးကြေ(Fracture Jaw)လို့ လျှို့ဝှက်နာမေ ပီးထားပနာ၊ ဂျပန်နိုင်ငံ အိုကီနာဝါ မှာ ထားရေ နြူးကလီးယားဗုံးတိကို၊ တောင်ပိုင်း ဗီယတ်နမ်ကို၊ ရေတပ်ဗိုလ်ချုပ် ယူလဲ့ဆ် ဆိန်ပ်ဆင် ဂြန့်တ် ရှက်ပ် ဂျူနီယာ(Admiral Ulysses Simpson Grant Sharp Jr.) လက်အောက်မှာ ထားရေ အမေရီကန်ပြည်ထောင်စု ပစိဖိတ် ရေတပ်ဌာနချုပ် အကူအညီနန့် ပြောင်းဖို့ စီစဉ်ခပါရေ။ ယင်းအစီအစဉ်ကို ဗိုလ်ချုပ် ဝပ်ဆ်မိုးလန်း က ဗိုလ်ချုပ် ရှက်ပ် ကို ဖေဘြူဝါရီလ ၁၀ ရက်၊ ၁၉၆၈ ခုနှစ်မှာ ပို့ရေ စာတမ်းမှာ တွိရပါရေ။

သမ္မတဂျွင်ဆင် ကို နိုင်ငံတော်လုံခြုံရေး အတိုင်ပင်ခံ ရို့ဆ်တိုး က ယင်းအစီအစဉ်ကို ရှင်းပြရေခါ၊ သမ္မတက ချက်ချင်း ရပ်တန့်ခိုင်းရေလို့ ဆိုပါရေ။

“အစီအစဉ်က အသက်ဝင် လှုပ်ရှားနိန်ဗျာလ်လို့ သိရရေခါ၊ သမ္မတ ကကောင်း စိတ်ပျက်ဝမ်းနည်းလားပနာ၊ ချက်ချင်း ရပ်တန့်ဖို့ ရို့ဆ်တိုး နန့် ဝပ်ဆ်မိုးလန်း ကို တိုက်ရိုက် အတင်း တိုက်တွန်းခရေ။” လို့ ယင်းအချိန်မှာ သမ္မတ လက်ထောက် ဖြစ်ခရေ တွင်းမ် ဂျွင်ဆင်(Tom Johnson)က နယူးယော့ခ် တိုင်းစ် သတင်းဌာနကို ပြောပြပါရေ။ ခေး စန် စစ်ပွဲကို အနိုင်တိုက်ဖို့၊ ဗိုလ်ချုပ်တိကို တွန်းအားပီးဖို့အစား၊ တရုတ်နိုင်ငံနန့် တိုက်ပွဲတိ ဆက်ပြန့်ပွားလာဖို့စွာကို၊ အမေရီကန်ပြည်ထောင်စု ၃၆ ယောက်မြောက် သမ္မတက၊ မလိုလားခလို့ လက်ထောက်ဟောင်း ဂျွင်ဆင် က ပြောပြပါရေ။

ရေတပ်ဗိုလ်ချုပ် ရှက်ပ် ကို “မေးရိုးကြေ အစီအစဉ်တိ အားလုံးကို ရပ်ဖို့” သမ္မတ အိမ်ဖြူတော်က ဖေဘြူဝါရီလ ၁၂ ရက်၊ ၁၉၆၈ ခုနှစ် နိစွဲနန့် အမိန့်ပီးစာ ပို့ခပါရေ။ ရှက်ပ် ကလည်း လျှို့ဝှက်အစီအစဉ်တိ အားလုံးကို ရပ်တန့်ဖို့ လက်အောက် စစ်မှုထမ်းတိကို ချက်ချင်း ပြန်အမိန့်ပီးခပါရေ။

“သမ္မတဂျွင်ဆင် စွာ သူ့ဗိုလ်ချုပ်တိကို လုံးဝ အယုံအကြည် မရှိခပါ။ ဗိုလ်ချုပ် ဝပ်ဆ်မိုးလန်း ကို ချီးမွမ်းခကေလည်း၊ ဗိုလ်ချုပ်တိက စစ်ပွဲတိ ဖန်တီးလာဖို့စွာကိုတော့ လုံးဝ မလိုလားခပါ။” လို့ လက်ထောက်ဟောင်း ဂျွင်ဆင် က ပြောပြပါရေ။

ဗီယက်နမ်နိုင်ငံ အနောက်မြောက်ဖက် ကွမ် ထရီ ဒေသ(Quảng Trị Province)က ခေး စန် စစ်ပွဲမှာ အမေရီကန်စစ်သားတိနန့်၊ မြောက်ဗီယတ်နမ် ကွင်မြူနဲ့စ်စစ်သားတိ အကြီးအကျယ် စစ်ပွဲ ပြင်းထန်ခပါရေ။ တိုက်ပွဲ စဖြစ်တေ ဂျန်နဝါရီလ ၂၁ ရက်နိမှာ၊ အမေရီကန် မရိမ်းတပ်သားနန့် တောင်ဗီယတ်နမ်စစ်သား ၆ ထောင်ကို၊ မြောက်ဗီယတ်နမ်စစ်သား ၂ သောင်းက အပြင်းအထန် တိုက်ခပါရေ။ ၇၇ ရက် ကြာရေ ယင်းစစ်ပွဲမှာ၊ အမေရီကန်စစ်သောင်း ၄ သောင်း ၅ ထောင်နန့် မြောက်ဗီယတ်နမ်စစ်သား ၁ သိန်းထိ ပါဝင်ခကတ်ပါရေ။ စစ်ပွဲကို နှစ်ဖက်လုံးက သူနိုင်ရေ၊ ငါနိုင်ရေလို့ ကြေငြာခကတ်ပါရေ။