ဘင်္ဂလားပင်လယ်အော်က ဆိုင်ကလုန်းမုန်တိုင်း တဲ့တ်လီ အိန္ဒိယ အရှိဖက်ကမ်းခြေကို ဉီးတည်

0
1132
TC Titli 2018-10-10 at 10.19.36
TC Titli 2018-10-10 at 10.19.36

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိန်ရေ အပူပိုင်းမုတ်သုန် ဆိုင်ကလုန်းမုန်တိုင်း တဲ့တ်လီ(Tropical Cyclone Titli)စွာ၊ ၁ နာရီ ၈ မိုင်နှုန်းနန့် မြောက် အနောက်မြောက်ဖက်ကို ရွိလျှားနိန်ပါရေ။ အေနိညဉ့် ၁၁ နာရီကနိန် နက်ဖြန် မိုးသောက် ၁၁ နာရီအတွင်း၊ အိန္ဒိယနိုင်ငံ အရှိဖက် ကမ်းခြေ အိုဒီဆာပြည်နယ်ဖက်ကို ဝင်ရောက်လားဖို့ အလားအလာ များနိန်ပါရေ။

ဆိုင်ကလုန်းမုန်တိုင်း တဲ့တ်လီ စွာ အေနိ မိုးသောက် ၁၀ နာရီမှာ ပြင်းအားအဆင့် ၃ ကို ရောက်ရှိလာပနာ၊ ၁ နာရီ လီတိုက်နှုန်း ၈၅ မိုင်ကနိန် ၁၀၅ မိုင်ထိ ပြင်းလာစွာကို တွိရပါရေ။ အေနိညဇာ ၇ နာရီမှာ၊ ၁ နာရီ လီတိုက်နှုန်း မိုင် ၁၀၀ ကနိန် မိုင် ၁၂၀ ထိ ရောက်လာဖို့လို့ ခန်းမှန်းထားစွာကို တွိရပါရေ။ နက်ဖြန်မိုးသောက် ၇ နာရီမှာ ၁ နာရီ လီတိုက်နှုန်း ၈၅ မိုင်ကနိန် ၁၀၅ မိုင်နှုန်းနန့် ဗြဟ္မာပါ(Brahmapur)မြို့ကို ဖြတ်တိုက်လားနိုင်ပါရေ။

TC Titli 2018-10-10 at 10.20.45
TC Titli 2018-10-10 at 10.20.45
TC Titli 2018-10-10 at 10.51.07
TC Titli 2018-10-10 at 10.51.07
Storm Track Statistics 2018-10-10 at 10.25.27
Storm Track Statistics 2018-10-10 at 10.25.27

တကဗာလုံးနန့် ရခိုင်ပြည်က မိုးလေဝါသ အခြေအနေတိကို ၁၀ မိနစ်တိုင်း ပြောင်းလဲပီးနိန်ရေ အေဝပ်ဆိုက်က Weather (https://greatarakan.com/weather/)မှာ အမြဲတမ်း လားကြည့်နိုင်ပါရေ။