ဆီစျီး ဒေါ်လာ ၄၀၀ တက်ပနာ၊ တရုတ်ယွင်နန့် ရာရှားစစ်တပ်ခေါ်လားဖို့ ဆော်ဒီက တုန့်ပြန်

0
9484
FILE PHOTO: Saudi Aramco's Ras Tanura oil refinery and oil terminal. © Reuters / Ahmed Jadallah
FILE PHOTO: Saudi Aramco's Ras Tanura oil refinery and oil terminal. © Reuters / Ahmed Jadallah

ဆော်ဒီအာရေးဗီးယားနိုင်ငံကိုရာ အမေရီကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့မှုတိ လုပ်ခကေ၊ “ကိုယ့်နိုင်ငံ စီးပွားရေးကို ဓါးနန့် ထိုးပနာ၊ အသီသတ်စွာနန့် တူလားလိမ့်မေ။” လို့ အဲလ် အာရေးဗီးယား(Al Arabiya) ဂေါင်းဆောင်က ပြောလိုက်ပါရေ။ အီရန်နိုင်ငံနန့် မိတ်ဆွေ ဖွဲ့ပလိုက်ပနာ၊ ရနံကို အမေရီကန်ဒေါ်လာအစား၊ တရုတ်ယွမ်ငွေနန့် ရောင်းလားဗျာလ်၊ ရာရှား စစ်တပ်ကို ဖိတ်ခေါ်ပလိုက်ဖို့” လို့လည်း ယင်းလူက ပြောလားပါရေ။

ဝါရှိန်တန်ပို့စ် သတင်းစာ ဂျာနယ်သမား ဂျမဲလ် ခါချိုဂျီ(Jamal Khashoggi) အသတ်ခံရစွာနန့် ပတ်သတ်လို့၊ အမေရီကန်ပြည်ထောင်စုကရာ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတိ လုပ်လာကေ၊ အေပိုင် တုန့်ပြန်မှုတိ လုပ်လားဖို့လို့၊ ဆော်ဒီ အစိုးရ အရာရှိတိက ခြိမ်းခြောက်လိုက်စွာပါ။ ဆော်ဒီအာရေးဗီးယား နိုင်ငံတကာသတင်းဌာန၊ အဲလ် အာရေးဗီးယား(Al Arabiya) အထွေထွေ မန်နေဂျာ တာကီ အဲလ်ဒါခဲလ်(Turki Aldakhil)က၊ အမေရီကန်ပြည်ထောင်စုကို၊ အေပိုင် တန်ပြန် တုန့်ပြန်မှု အခု ၃၀ လောက် လုပ်လားဖို့၊ စဉ်းစားနိန်ရေလို့ ပြောလားပါရေ။

ဆော်ဒီအာရေးဗီးယားနိုင်ငံက ကဗာ့ရနံစျီးကို လွှမ်းမိုးထားစွာ တခုတည်းနန့်၊ အမေရီကန်တိ အကျိုးစီးပွားကို အများကြီး ထိခိုက်နစ်နာအောင် လုပ်နိုင်ရေလို့၊ ညဇာက ထုတ်တေ သတင်းမှာ စီးပွားရေး အတွင်းသမားတယောက်က ပြောလားပါရေ။ “လက်ရှိ ဆီစျီး ဒေါ်လာ ၈၀ ကိုတောင်၊ အမေရီကန်ပြည်ထောင်စု သမ္မတ ထရုန့် က မာန်ပါနိန်ကေ၊ ဆီစျီး ၁၀၀၊ ၂၀၀၊ ၄၀၀ ဖြစ်လားကေတောင်၊ တယောက်လည်း ထိန်းချုပ်နိုင်ဖို့ မဟုတ်။” လို့လည်း ယင်းလူက ဆက်ပြောလားပါရေ။ အမေရီကန်ဒေါ်လာကို နိုင်ငံတကာ ဘုံသုံးငွေအဖြစ် သုံးနိန်စွာကို ပျက်လားအောင်၊ ရနံကို တရုတ်ယွင်ငွေနန့်လည်း ရောင်းလားနိုင်ရေလို့ ဆိုပါရေ။


အမေရီကန်နန့် မဟာမိတ် ဖြစ်နိန်စွာကနိန်၊ ပြိုင်ဖက် တရုတ်၊ ရာရှား၊ အီရန်နိုင်ငံရို့နန့် ဆော်ဒီ ပေါင်းလားနိုင်ရေလို့၊ အဲလ်ဒါခဲလ် က ပြောလားပါရေ။ ဆော်ဒီက အမေရီကန် အခြေစိုက်စခန်း နိန်ရာမှာ၊ ရာရှား အခြေစိုက်စခန်း ဖြစ်လားဖို့စွာကို တယောက်လည်း မမြင်နိုင်လို့လည်း ဆက်ပြောလားပါရေ။

ဆော်ဒီက အမေရီကန်ထုတ် လက်နက်တိကို မဝယ်လို့၊ အမေရီကန် လက်နက်ကင်ထရက်တာတိ၊ နိုင်ငံခြား ရောင်းအား သုံးပုံနှစ်ပုံ ကျလားနိုင်ရေလို့လည်း အဲလ်ဒါခဲလ် က ပြောလားပါသိမ့်ရေ။


အေအချက်တိက တန်ပြန် တုန့်ပြန်ဖို့ အချက် ၃၀ ထဲက၊ တစိချေရာ ရှိသိမ့်ရေလို့ ဆိုပါရေ။

အမေရီကန်ပြည်ထောင်စုသမ္မတ ဒိုနဲလ် ထရုန့်ပ် က ဆော်ဒီပြည်ဗြီး၊ ဂျမဲလ် ခါချိုဂျီ အသတ်ခံရစွာနန့် ပတ်သတ်လို့၊ ပြင်းပြင်းထန်ထန် ဒဏ်ပီးလားဖို့လို့ ဗြီးခရေ သောက်ကြာနိက ပြောလားလို့၊ ဆော်ဒီတိက အေပိုင် တုန့်ပြန်ပနာ ပြောလာစွာပါ။