“ဝါပိုးဂျာနယ်သမားကို ဆော်ဒီက သတ်ကေ ပြင်းပြင်းထန်ထန် ဒဏ်ပီးဖို့”လို့ ထရုန့် ပြော

0
1084
Donald Trump welcomes Saudi Arabia's Crown Prince Mohammed bin Salman in the Oval Office on March 20, 2018. © Reuters / Jonathan Ernst
Donald Trump welcomes Saudi Arabia's Crown Prince Mohammed bin Salman in the Oval Office on March 20, 2018. © Reuters / Jonathan Ernst

ဝါပိုးလို့ အတိုကောက်ခေါ်ရေ ဝါရှိန်တန် ပို့စ်(Washington Post) သတင်းဌာန၊ ဂျာနယ်သမား ဂျမဲလ် ခါချော့ဂျီ(Jamal Khashoggi)ကို လုပ်ကြံဖို့၊ ဆော်ဒီအာရေးဗီးယားနိုင်ငံကရာ ခိုင်းခကေ၊ ကကောင်း ပြပြင်းထထန် ဒဏ်ခတ်ဖို့လို့၊ အမေရီကန်သမ္မတ ဒိုနဲလ် ထရုန့် က၊ ဗြီးခရေ သောက်ကြာနိက စီဘီအပ်ဆ်(CBS) သတင်းဌာန မိနစ် ၆၀(60 Minutes) အစီအစဉ် တွိဆုံခန်းမှာ သတိပီးလိုက်ပါရေ။

ယကေလည်း ဆော်ဒီအာရေးဗီးယားကို ရောင်းချနိန်ရေ လက်နက်တိကိုတော့ ဆက်ပနာ ရောင်းချလားဖို့လို့ ဆိုပါရေ။

အမ်ဘီအပ်ဆ်(MbS)လို့ လူသိများရေ၊ ဆော်ဒီအာရေးဗီးယား အိမ်ရှိမင်းသား၊ မိုဟန်းမတ် ဘိန် ဆာလ်မန်(Crown Prince Mohammed bin Salman)နန့် ဆော်ဒီ တော်ဝင် မိသားစုကို၊ အမြဲတမ်း ဝေဖန် တိုက်ခိုက်ပနာ ရွီးသားနိန်ရေ၊ ဂျာနယ်သမား ခါချော့ဂျီ စွာ၊ အောက်တိုဘာလ ၂ ရက်နိမှာ၊ တူရကီနိုင်ငံ အဲဆ်တန်ဘူမြို့က၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ ကောင်စစ်ဝန်ရုံးကို၊ လက်ထပ်စာရွက်စာတမ်းတိ လုပ်ဖို့ ဝင်လားပနာ၊ ပျောက်လားပါရေ။

တူရကီအစိုးရ အရာရှိတိက၊ လူ ၁၅ ယောက်ပါရေ လူသတ်အဖွဲ့က၊ ခါချော့ဂျီ ကို ကောင်စစ်ဝန်ရုံးထဲမှာ သတ်ပနာ၊ အစအန ဖျောက်ပလိုက်ကတ်တေလို့၊ စွပ်စွဲထားပါရေ။ ခါချော့ဂျီ ကို ကောင်စစ်ဝန်ရုံးထဲမှာ သတ်တေ ဗွီဒီယိုနန့် အသံဖိုင်တိ၊ သက်သီရှိရေလို့ ဆိုပါရေ။ ယကေလည်း အများသိအောင်တော့ အဂုထိ ဖွင့်မပြသိမ့်ပါ။

ခါချော့ဂျီ ကို ညဉ်းဆဲပနာ၊ သတ်ဖြတ်နိန်စွာကို၊ ခါချော့ဂျီ လက်ထဲမှာ ပတ်ထားရေ အပ်ပါးလဲ နာရီ(Apple Watch)က ဖမ်းယူပနာ၊ ကောင်စစ်ဝန်ရုံး အပြင်မှာ ထိုင်စောင့်နိန်ရေ၊ သမီးရှင် လက်ထဲမှာ အပ်ထားခရေ အိုင်ဖုန်း(iPhone)ကို ဖိုင်တိ အလိုအလျှောက် ပို့ထားခရေလို့ တူရီကီသတင်း ဆာဘာ့ နိစဉ်သတင်း(Daily Sabah)မှာ စနီနိက ဖော်ပြလားပါရေ။

ခါချော့ဂျီ သီလားဗြီးနောက်မှာ၊ ယင်းပိုင် လက်ပတ်နာရီက ရုပ်သံဖမ်းယူနိန်စွာကို၊ ဆော်ဒီ ထောက်လှမ်းရေးတိက သိစွာနန့်၊ ချက်ချင်း ခါချော့ဂျီ လက်ဗွီနန့် နာရီကို ဖွင့်ပနာ၊ ဖိုင်တိကို ဖျက်ပလိုက်ကေလည်း ဖိုင်အားလုံး မပျက်လားလို့ ဆိုပါရေ။

ဆော်ဒီအာရေးဗီးယားနိုင်ငံကတော့ လုံးဝ မဟုတ်လို့ ငြင်းဆန်နိန်တုန်းပါ။