အနောက်က စီးပွားရေး၊ နိုင်ငံရေး ချယ်လှယ်စွာကို မခံချင်လို့ အိုင်အမ်းအပ်ဖ် အကူအညီ မယူလို့ တူရကီပြော

0
5018
A Turkish flag flutters near the monument of Mustafa Kemal Ataturk at Taksim Square in Istanbul © Reuters / Marko Djurica
A Turkish flag flutters near the monument of Mustafa Kemal Ataturk at Taksim Square in Istanbul © Reuters / Marko Djurica

နိုင်ငံထဲမှာ စီးပွားရေး မတည်ငြိမ်ကေတောင်၊ နိုင်ငံတကာ ငွေကြး ရံပုံငွေအဖွဲ့ (International Monetary Fund)၊ အိုင်အမ်းအပ်ဖ်(IMF) အကူအညီကို မယူလို့၊ တူရကီနိုင်ငံသမ္မတ ရီစပ် တေးရဲ့ပ် အာဒိုဂန်(Recep Tayyip Erdogan)က ဗြီးခရေ တလောမှာ ပြောလားပါရေ။

“ယင်းအကူအညီ ယူလိုက်လို့၊ တိုင်းပြည်မှာ စီးပွားရေး ပိုကောင်းလာဖို့လို့ မထင်ပါကဲ့။ ပိုဗြီးကေတောင် ပြဿနာတိ အများကြီး တက်လာပါလိမ့်မေ။ အိုင်အမ်းအပ်ဖ် အကူအညီက၊ စီးပွားရေးကဏ္ဍတခုတည်းအတွက် ပီးရေ အကူအညီလို့၊ မထင်ပါကဲ့။ နိုင်ငံရေးနန့် ဆက်နွယ်ရေ တောင်းဆိုမှုတိလည်း၊ တပုံတပင် ကပ်ပါလာပါလိမ့်မေ။” လို့ တူရကီ လက်ဝဲ အမျိုးသားပါတီ ဗာတန်(Vatan) ဒုဥက္ကဌ ဒေါင်တာ အာကန် အန်း(Dr. Ercan Enc)က၊ ဆပါ့တ်နဲ့ခ် တာကီ(Sputnik Turkey) သတင်းဌာနကို ပြောလားပါရေ။

“အေဟင့်က၊ ကိုယ့်နိုင်ငံ လွတ်လပ်ရေးကို ဆန့်ကျင်ပလိုက်တေပိုင်၊ ဖြစ်လားပါလိမ့်မေ။” လို့ အန်း က ပြောလားပါရေ။ တိုင်းပြည်စီးပွားရေး အခက်အခဲတိကို ဖြေရှင်းဖို့အတွက်၊ တူရကီနိုင်ငံက အမေရီကန်ပြည်ထောင်စုနန့်၊ ဥရောပသမ္မဂ အကူအညီတိကို မယူဘဲ၊ တခြားနည်းလမ်းတိကို ရှာလားဖို့လို့လည်း ဆိုပါရေ။

“တိုင်းပြည် ကောင်းဖို့အတွက်၊ အိုင်အမ်းအပ်ဖ် စာမျက်နှာကို ပိတ်လိုက်ပါဗျာလ်။” လို့ ဗြီးခရေ အပတ်က၊ အာဒိုဂန် က ပြောလားရေပိုင်၊ အိုင်အမ်းအပ်ဖ်က ရီထမ်းရေ “ဘားထမ်း”နန့် တူရေလို့ နှိုင်းယှဉ်ပြလားပါရေ။

၂၀၁၆ ခုနှစ်၊ တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ လုပ်စွာမှာ၊ အကူအညီပီးရေဆိုပနာ၊ အမေရီကန် ဘုန်းကြီး အန်ဒရူး ဘရင်ဆင်(Andrew Brunson)ကို တူရကီအစိုးရက ဖမ်းထားရေအတွက်၊ တူရကီနိုင်ငံကို အမေရီကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုတိ လုပ်နိန်ပါရေ။ ယင်းအချိန်က စပနာ၊ တူရကီနိုင်ငံ ဖေသာတန်ဖိုးစွာ ၄၀% ထိ ကျလားပါရေ။ အေနှစ် ငွေကြေး ဖောင်းပွမှုနှုန်းကလည်း၊ တူရကီ ဗဟိုဘဏ် သတ်မှတ်ထားစွာထက် ၂၄% ပိုများနိန်ပါရေ။

ငွေကြေးတန်ဖိုး ထိုးကျနိန်စွာ တခုတည်းက၊ တူရကီနိုင်ငံ အစိုးရကို ဂေါင်းကိုက်စီစွာ မဟုတ်ပါ။ လာဖို့ ၁၂ လအတွင်းမှာ၊ နိုင်ငံခြားချေးငွေ အမေရီကန်ဒေါ်လာ ၁၈၀ ဘီလီယံကို၊ တူရကီနိုင်ငံက ပီးရဖို့ ရှိနိန်ပါရေ။ နိုင်ငံခြားက တင်သွင်းနိန်ရရေ သဘာဝဓါတ်ငွေ့၊ ဆီတိကို ပေါင်းလိုက်ကေ၊ ပီးရဖို့ ဖေသာက အမေရီကန်ဒေါ်လာ ၂၃၀ ဘီလီယံ လောက် ဖြစ်လားပါဖို့။