ဘဲလ်ဂျီယန်နိုင်ငံ ဘရာ့ဆ်ဆဲလ်ဆ်(Brussels)မြို့တော်၊ အသေးစား စားသောက်ကုန်ထုတ်တေ ဆိုင်တန်းတိထဲက၊ လဲ့တ်တား ဖုဒ်(Little Food) ဆိုရေ ဆိုင်တဆိုင်မှာ၊ ပရစ်ကောင်ရေ ၃ သန်း လောက်နန့်၊ ဝန်ထမ်း ၇ ယောက်၊ အလုပ်လုပ်နိန်ကတ်ပါရေ။
Little Food က တက္ကသိုလ်မှာ တွိခကတ်တေ၊ ဇီဝအိန်ဂျိန်နီယာတိ(bioengineers) ရာဖဲလ် ဒါပီးဇ်(Raphaël Durpiez) နန့် မိုက်တ် မာစီယာ(Maïté Mercier)ရို့ ပေါင်းပနာ၊ ၂၀၁၃ ခုနှစ်ကပင် တည်ထောင်ထားရေ၊ ကုမ္ပဏီချေ တခုပါ။ ပထမဆုံး ပိုးကောင် အစားအစာ ထုတ်လုပ်စွာကနိန်၊ အဂု ပရစ်ကျော်၊ ပရစ်မီးကင်နန့် ပရစ်မှုန့်တိပါ ထုတ်လုပ်ပနာ၊ ဆူပါမာ့ကတ်တိနန့် ကော်ဖီဆိုင်ကြီးတိကို တင်သွင်းနိန်ပါရေ။
ပရစ်တိကို၊ အနားမှာ ရှိရေ၊ သြဂင်းနစ် လီနင်ဆီ ထုတ်တေ ဆီစက်က၊ ဘေးထွက် လီနင်စိ(linen seeds)တိကို၊ ကျွေးရေလို့ ဆိုပါရေ။ (လီနင်စိ ဆိုစွာကို တတိကျကျ သိအောင် အောက်မှာ ပုံထည့်ပီးထားပါရေ။ နှမ်းဖတ်၊ ပဲဖတ်တိကို ကျွေးလို့လည်း ရနိုင်ရေ ပုံပါ။)
“လီနင်စိဖတ် ၁ ကီလိုဂရမ်က ပရစ်ကောင်ရေ ၇၀၀ ဂရမ်ထိ ထုတ်နိုင်ပါရေ။” လို့ ဒါပီးဇ် က ပြောပါရေ။ ပရစ်တိ သက်တမ်းစွာ ၁ လရာ ရှိရေအတွက်၊ Little Food က ပရစ် တခါ ထုတ်ကေ ကောင်ရေ ၃.၂ သန်း (ဝါ) အလီးချိန် ၈၀၀ ကီလိုဂရမ်စီ ထုတ်တေလို့ ဆိုပါရေ။
တလကို ကောင်ရေ ၁၀ သန်းကနိန်၊ ကုန်မှာစာ ရသလောက် တိုးထုတ်ပီးရေလို့ ဆိုပါရေ။ ဥရောပ အစားအသောက် စည်းမျဉ်းတိအရ၊ ကကောင်း အများကြီး တိုးမထုတ်နိုင်သိမ့်လို့ ဆိုပါရေ။
လက်ရှိ ဥရောပမှာ၊ ပိုးကောင်တိကို “ပုံမှန် မဟုတ်တေ အစားအသောက်”(novel foods) အမျိုးအစားထဲမှာ ထည့်ထားပါရေ။ ၁၉၉၇ ခုနှစ် မေလ ၁၅ ရက်နိထိ၊ စီးပွားဖြစ် ထုတ်လုပ်ရောင်းချလို့ မရခပါ။ ၂၀၁၈ ခုနှစ် ဂျန္နဝါရီလမှာ အသစ်ထွက်လာရေ ပုံမှန် မဟုတ်တေ အစားအသောက် စည်းမျဉ်း(Novel Food regulation (2015/2283/EU))အရ၊ စီးပွားဖြစ် ထုတ်လုပ်ရောင်းချခွင့် ရလာကေလည်း၊ ဥရောပ အစားအသောက် လုံခြုံရေး အာဏာပိုင်အဖွဲ့(EFSA – European Food Safety Authority)က၊ ခွင့်ပြုချက် ရမှရာ ထုတ်လုပ်ရောင်းချနိုင်ပါရေ။
ဥရောပမှာ၊ ဘဲလ်ဂျီယန်နန့် ယူကေ ၂ နိုင်ငံရာ၊ ပရစ်ကို အစားအသောက်အဖြစ် စားသောက်ခွင့် ရှိပါရေ။ ကျန်ရေ နိုင်ငံတိက ၂၀၂၀ ခုနှစ်ရောက်မှရာ စားသင့်၊ မစားသင့် ဆုံးဖြတ်ကတ်ပါဖို့။

အသား၊ နို့ထွက်ပစ္စည်းတိထက် သဘာဝနန့် ပိုလို့ သင့်လျှော်ရေ
လူတိ အစားအစာအတွက် မရှိမဖြစ် လိုအပ်တေ၊ အသားနန့် နို့ထွက်ပစ္စည်းတိလောက်၊ ပရစ်က သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စီလို့ ဆိုပါရေ။ ဘဲလ်ဂျီယန်နိုင်ငံမှာ၊ အမဲသား ၁ ကီလိုဂရမ်က၊ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ၂၃.၈ ကီလိုဂရမ် ထုတ်တေလို့ ဆိုပါရေ။ (နွားတကောင် ဖြစ်လာဖို့၊ စားရေ အစားအစာ၊ သုံးရေ ရီ၊ မီး၊ စွန့်ထုတ်တေ အညစ်အကြေးတိကို အခြေခံပနာ တွက်ထုတ်ထားစွာပါ။) ယကေလည်း၊ ပရစ် ၁ ကီလိုဂရမ်က၊ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ၂ ကီလိုဂရမ်ရာ ထုတ်တေလို့၊ ကိုပန်ဟဂန် တက္ကသိုလ် သုတေသနစာစောင်(research from the University of Copenhagen)ထဲမှာ တွိရပါရေ။
ပရစ် ၁ ကီလိုဂရမ်က နောက်ဆုံးပေါ် ပရိုတိန်းမှုန့်(Protein Powder) (ဝါ) ပရစ်မှုန့် (cricket flour) ၂၀၀ ဂရမ် ထုတ်နိုင်ရေလို့ ဆိုပါရေ။
အဟာရပညာရှင်(nutritionists)တိနန့် ပေါင်းပနာ၊ ဗီတာမင်ဓါတ်တိ(vitamins)၊ အိုမီဂါ-၃(omega-3)၊ အမျှင်ဓါတ်တိ(fibres)၊ အန်တီအောင်ဆီဒန့်ဆ်ဓါတ်တိ(antioxidants) နန့် ဇင့်ဓါတ်(zinc)တိ အစုံပါရေ၊ အထူးအားတိုးစာ ထုတ်ဖို့ ပြင်နိန်ရေလို့လည်း၊ ဒါပီးဇ် က ပြောပြပါရေ။

လီနင်စိပင်(linen seed plant)