ဆားငံရည်မှာ စိုက်တေ စပါး၊ တရုတ်နိုင်ငံမှာ စပနာ ရိတ်သိမ်းဗျာလ်

0
1712
© Global Look Press / Jeff Tzu-chao Lin
© Global Look Press / Jeff Tzu-chao Lin

တရုတ်နိုင်ငံ အရှိပိုင်း၊ ရှန်ဒေါင်း ဒေသ(Shandong Province)မှာ အဲလ်ကာလီ ခံနိုင်ရည်ရှိရေ(alkali-resistant) မြစ်စပါး(sea rice)ကို၊ တရုတ်သိပ္ပံပညာရှင်တိက စပနာ ရိတ်သိမ်းနိန်ပါဗျာလ်။ ဆားငံရည်မှာ စပါးစိုက်ပျိုးနိုင်ဗျာလ်ဖြစ်လို့၊ လူပေါင်း သန်း ၈၀ အတွက် စပါး ထပ်ဖူလုံလာဖို့လို့ ဆိုပါရေ။

တရုတ်နိုင်ငံ အရှိပိုင်း၊ ကွန်ဒေါင်း(Qingdao)မှာ အယင်နှစ်ကပင် စမ်းသပ်အောင်မြင်ခရေ၊ ဆားငံရည်စိုက် စပါးမျိုးကို အဂု တရုတ်သိပ္ပံပညာရှင်တိက အအောင်မြမြင် စိုက်ပျိုးပနာ၊ ရိတ်သိမ်းနိန်ဗျာလ် ဖြစ်ပါရေ။ အေမြစ်စပါးကို၊ ချောင်းရည် ဝင်ရေ မြေတိနန့်၊ အငံဓါတ်များရေ မြေတိမှာ စိုက်ပျိုးနိုင်ပါရေ။

သိပ္ပံပညာရှင်တိ အဆိုအရ၊ စိုက်ပျိုးမရရေ မြေတိကို၊ ထွန်ယက်စိုက်ပျိုးနိုင်ရေ မြေတိအဖြစ် ပြောင်းလဲနိုင်ဗျာလ်ဖြစ်လို့၊ တရုတ် တနိုင်ငံလုံးအတွက် အစားအစာ ဖူလုံလားနိုင်ရေအတွက်နန့် တိုင်းပြည်ကို အီးချမ်း၊ တည်ငြိမ်ဇီနိုင်ပါရေ။

“ဂျုံနန့် စပါးစွာ၊ တရုတ်တိအတွက် အဓိက အစားအစာပါ။ ၆၀% က စပါးကို အဓိက အခြေခံပါရေ။” ကွန်ဒေါင်း မြစ်စပါး သုတေသနနန့် ဖွံ့ဖြိုးရေးဌာန(Qingdao Sea Rice R&D Centre) လက်ထောက်ညွှန်ကြားရေးမှူး ဂေါင်ဒေါင်း ဇန်း(Guodong Zhang)က ပြောပြပါရေ။

“ကျွန်တော်ရို့ အဖွဲ့နန့် ပြည်သူတိ ပူးပေါင်းပနာ၊ ဆားငံရည် ဝင်ရေ မြေ ၆၅,၀၀၀ ဆကွဲယား ကီလိုမီတာကျော်ကို၊ စိုက်ပျိုးမြေတိအဖြစ် ပြောင်းပါဖို့ဗျာလ်။” လို့ ဇန်း က ဆက်ပြောလားပါရေ။

“၆၆၇ ဆကွဲယားမီတာ မှာ စပါး ၃၀၀ ကီလိုဂရမ် ထွက်စွာကို၊ အခြေခံ တွက်ချက်ကေ၊ စပါး သန်း ၃ သောင်း ကီလိုဂရမ် ပိုထွက်လာဖို့ ဖြစ်တေအတွက်၊ လူဉီးရေ သန်း ၈၀(*မြန်မာနိုင်ငံ လူဉီးရေ ၅၄.၃၆ သန်း)အတွက် အစားအစာ ပို ဖူလုံလာပါဖို့။” လို့ ဆိုပါရေ။

အေနှစ်အစောပိုင်းက အေ ဆားဒဏ်ခံနိုင်ရေ စပါးကို ဒူဗိုင်း သဲကန္တရ(Dubai desert)ထဲမှာ စမ်းသပ်စိုက်ပျိုးကြည့်လို့ အောင်မြင်ဗြီးပါဗျာလ်။

မှတ်ချက် – ရခိုင်ပြည်အနာဂတ်အတွက် မဟာဗျူဟာကျရေအတွက် အေစပါးမျိုးကို ရခိုင်ပြည်မှာ စိုက်ပျိုးနိုင်အောင်၊ ရခိုင်သားတိုင်း ကြိုးစားသင့်ပါရေ။ တရုတ်သံရုံးနန့် ဖြစ်စီ၊ တရုတ်စီးပွားရေးသမားတိနန့် ဖြစ်စီ၊ အေစပါးမျိုး ရနိုင်ဖို့ အခွင့်အလမ်းတိကို စုံစမ်းသင့်ပါရေ။