အမေရီကန်ပြည်ထောင်စုကို ဝင်ဖို့၊ ချီတက်လာကတ်တေ လူတန်းကို တားဆီးဖို့အတွက်၊ မက္ကဆီကို နယ်စပ်မှာ စစ်တပ်အင်အား ၁၅,၀၀၀ ထိ ချထားဖို့လို့၊ သမ္မတ ဒေါ်နဲလ် ထရုန့်ပ် က ပြောလိုက်ပါရေ။ အယင် ပန်တဂွင်(Pentagon) စစ်ဌာနချုပ်က ပြောရေ အရေအတွက်ထက်၊ ၂ ဆ ဖြစ်နိန်ပါရေ။
လက်ရှိ နယ်ခြားစောင့်တပ်တိအပြင် “ကျွန်တော်ရို့ စစ်အမှုထမ်း ၁၀,၀၀၀ ကနိန် ၁၅,၀၀၀ ထိ ချထားပါဖို့။” လို့ ညဇာက သမ္မတ အိမ်ဖြူတော် အပြင်ဖက်မှာ၊ သတင်းထောက်တိနန့် တွိဆုံစွာမှာ ထရုန့်ပ် က ပြောလားပါရေ။ နှိုင်းယှဉ်ပြရဖို့ဆိုကေ၊ လက်ရှိ အာဖကန်နဲ့ဆ်တန်နိုင်ငံမှာ အမေရီကန် စစ်အမှုထမ်းပေါင်း ၁၄,၀၀၀ လောက်ရာ ရှိပါရေ။
နယ်စပ်ကို ဖြတ်ဝင်လာရေ လူတိကို၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း “တဲမြို့တော်ကြီး”တိမှာ ဖမ်းထားပနာ၊ ပြန်လွတ်ပီးဖို့တော့ မဟုတ်လို့လည်း ပြောလားပါရေ။
ထရုန့်ပ် က အမေရီကန်ပြည်ထောင်စုကို ဝင်လာရေ လူတိုင်းကို တားဆီးနိန်စွာ မဟုတ်လို့၊ အေပိုင် “ကျွန်တော်ရို့ တိုင်းပြည်ကို လူတိကို လာစီချင်ပါရေ။ ယကေလည်း ကောင်းကောင်းမွန်မွန်နန့် တရားဝင် နည်းလမ်းအတိုင်းပါ။” ပြောလားပါသိမ့်ရေ။
အဂု အမေရီကန်ပြည်ထောင်စုကို ဝင်ဖို့လာနိန်ရေ လူတန်း သမိုင်းအကျဉ်း
၂၀၁၈ ခုနှစ်၊ အောင်တိုဘာလ ၁၂ ရက်နိမှာ၊ မက္ကဆီကိုနိုင်ငံမှာ ဖြစ်ဖြစ်၊ အမေရီကန်ပြည်ထောင်စုမှာ ဖြစ်ဖြစ်၊ အလုပ် လုပ်ကိုင်ဖို့ဆိုပနာ ဒုစရိုက်တိ၊ အဂတိလိုက်စားမှုတိ၊ ဆင်းရဲမွဲတေမှုတိ ထူပြောရေ၊ ဟင်ဒူရာ့စ်နိုင်ငံ(Honduras) ဆန် ပီဒြို ဆူလာ(San Pedro Sula)မြို့တော်က လူအယောက် ၁၆၀ လောက်၊ ဘက်စ်ကား ဂိတ်မှာ လာစုကတ်ပါရေ။ အောင်တိုဘာလ ၁၃ ရက်နိကို ရောက်လားရေခါ၊ လူအယောက် ၁,၀၀၀ လောက် ဖြစ်လားပါရေ။
ဂွါတီမာလာ(Guatemala)နိုင်ငံကို ဖြတ်လို့၊ မက္ကဆီကိုနိုင်ငံထဲကို ရောက်လာရေခါ၊ လာပူးပေါင်းရေ လူတိ တဇတဇ များလာရေပိုင်၊ တချို့လည်း ပြန်လှည့်လားကတ်ပါရေ။ အောင်တိုဘာလ ၂၂ ရက်နိ ရောက်တေခါ၊ လူပေါင်း ၇,၀၀၀ ကျော် ရှိရေလို့ ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါရေ။
အောင်တိုဘာလ ၃၀ ရက်နိမှာ မက္ကဆီကိုနိုင်ငံ တောင်ပိုင်းကို ဖြတ်လာရေ လူပေါင်း ၃,၅၀၀ လောက် ရှိပနာ၊ ဂွါတီမလာလာ – မက္ကဆီကို နယ်စပ်မှာ လူပေါင်း ၃,၀၀၀ ရှိရေ ဒုတိယ လူတန်းလည်း ရှိသိမ့်ရေလို့ ဆိုပါရေ။
တပတ်ကျော် လမ်းလျှောက်လာရလို့ လူအများစု ရှိနဲ့နိန်ရေပိုင်၊ နယ်စပ်မှာ ရဲတိနန့်လည်း ရုန်းရင်းဆန်ခတ် ဖြတ်ခပါသိမ့်ရေ။
အေလူတိအတွက်၊ ဘီလီယံနာ ဂျော့ဂျ်ဆိုးရို့စ် နန့် အမေရီကန်ဒီမိုကရတ်တိက၊ နောက်ကွယ်ကနိန် ကူညီပံ့ပိုးမှုတိ လုပ်နိန်ရေလို့လည်း၊ သတင်းတိ ထွက်ပေါ်လာနိန်ပါရေ။
