အီးယူနိုင်ငံတိထဲ ရောက်အောင်၊ နယ်စပ်မှာ စစ်ဆေးစွာတိကို၊ ကကောင်း ဒုက္ခရောက်နိန်ရေ ပုံမျိုးဖမ်းပနာ၊ ညဉ်းပမ်းနှိပ်စက်မှုတိ ခံခရရေ ပုံမျိုးပေါ်လာအောင်၊ ဇာပိုင်သရုပ်ဆောင်လိမ်ရဖို့ဆိုစွာတိကို၊ စနစ်တကျ သင်ပီးခရေလို့၊ ဒုက္ခသည်နန့် နိုင်ငံရွိပြောင်းနိန်ထိုင်ချင်ရေ လူ ၁၅,၀၀၀ လောက်ကို၊ ကူညီပီးခရေ အန်ဂျီအိုအဖွဲ့က ဝန်ခံထားရေ အသံဖိုင်တခု ထွက်လာပါရေ။
အကျိုးအမြတ် မလိုရေ၊ အစိုးရ မဟုတ်တေ အဖွဲ့အစည်း(non-profit NGO)ကြီး တခုဖြစ်တေ နိုင်ငံရပ်ခြား မူဝါဒသင်ကြားရေးအဖွဲ့(Advocates Abroad)က၊ အမှူဆောင်ညွှန်ကြားရေးမှူး အေရီယဲလ် ရဲ့ခ်ခါ(Ariel Ricker)က နယ်ခြားစောင့်တပ်တိကို ဇာပိုင်လိမ်ရဖို့ဆိုစွာ၊ ဒုက္ခသည်တိကို သင်ကြားပီးခရေလို့၊ ပပွင့်လလင်း ဆွေးနွေးနိန်ကတ်စွာကို၊ ဖမ်းထားရေ အသံဖိုင်တခု ထွက်လာစွာပါ။ ယင်းဗွီဒီယိုဖိုင်ကို ထုတ်လွှင့်လာရေ လူက၊ ကန်နေဒါနိုင်ငံက လက်ယာအမျိုးသား လှုပ်ရှားရေးသမား၊ စာရွီးဆရာနန့် အိန်တာနတ်ဆရာမကြီး လော်ရန် ဆောက်သ်သင်(Lauren Southern)ပါ။ ဥရောပတိုက်က နိုင်ငံကူးပြောင်းလာရေ လူတိ ပဋိပက္ခ အကြောင်းကို အခြေခံပနာ ရိုက်ကူးနိန်ရေ၊ “နယ်စပ်မဲ့”(‘Borderless’)ဆိုရေ မှတ်တမ်းဗွီဒီယိုထဲမှာ ပါဖို့ တစိတ်တဒေသလို့ ဆိုပါရေ။
Director of a major NGO in Europe tells our undercover team how she teaches migrants to lie & pretend to be persecuted Christians to border police. Last year they worked w/ 15,000 migrants. The UN has responded to our investigation calling it ‘alarming’ – https://t.co/O88y5BiuPD pic.twitter.com/uzj5INVdam
— Lauren Southern (@Lauren_Southern) 12 November 2018
နိုင်ငံရပ်ခြား မူဝါဒ သင်ကြားရေးအဖွဲ့ ဝပ်ဆိုက်ဒ်မှာ၊ ဂရိနိုင်ငံ နယ်စပ်ကို ဖြတ်ဝင်ဖို့၊ နိုင်ငံရွိပြောင်းနိန်ထိုင်ချင်ရေ လူ ၁၅,၀၀၀ နန့်၊ ဂရိနိုင်ငံပြင်ပမှာ လူ ၂,၅၀၀ ကို အကူအညီ ပီးဖူးရေလို့ ရွီးထားပါရေ။ အေအဖွဲ့အစည်းကြီးက နိုင်ငံတကာ တက္ကသိုလ်ကြီးတိက အလွတ်တန်း လာလုပ်ကတ်တေ လူတိနန့် နာမေကြီး ထင်ရှားပနာ၊ နိုင်ငံတကာ ဥပဒေပညာရှင်တိအဖွဲ့(International Bar Association)က ရိုက်ကူးထုတ်ဝေခရေ၊ မှတ်တမ်းဗွီဒီယိုတခုမှာတောင် အေအဖွဲ့အစည်း အကြောင်းကို ထထင်ရှရှား ထည့်ထားပါသိမ့်ရေ။
ထွက်လာရေ အသံဖိုင်ထဲမှာ၊ ဥရောပတိုက်ကို ဝင်ဖို့ နယ်ခြားစောင့်တပ်အဖွဲ့ဝင်တိက အိန်တာဗျူးလုပ်ကေ၊ ဇာပိုင် သရုပ်ဆောင်ပနာ ဖြေရဖို့ ဆိုစွာတိကို၊ သူရို့ အဖွဲ့အစည်းက နယ်စပ်ဖြတ်ဝင်ချင်ရေ လူတိကို၊ သင်ပီးခရေလို့ ရဲ့ခ်ခါ က ပြောပြနိန်ပါရေ။
“မင်းရို့ နယ်စပ်ဖြတ်ဖို့အတွက် သရုပ်ဆောင်ရဖို့၊ အားလုံးက သရုပ်ဆောင်ရဖို့စွာတိ၊ ကဇာတ်ရုံမှာပိုင် မင်းရို့ သရုပ်ဆောင်ရဖို့ … လို့ အကျွန် အမြဲတမ်း ယင်းသူရို့ကို ပြောပါရေ။” (“I tell them this is acting, all of this is acting… for them to get through, they must act their part in the theater.”)
ယင်းချင့်အပြင် ဥရောပ ဒုက္ခသည် ထောက်ပံ့ရေး ရုံး (EASO (European Asylum Support Office))က ဝန်ထမ်းတိကို စောက်တုံးတိလို့ တင်စားလိုက်ပနာ၊ ယင်းရုံးက လူတွိ မိန်းမြန်းခန်းတိမှာ ဖြေရဖို့စွာတိကို၊ သူရို့ အဖွဲ့အစည်းက ဖော်မြူလာ တခုတောင် ထုတ်လိုက်သိမ့်ရေလို့ ဆိုပါရေ။
သြော်သိုဒေါ့စ် ခရစ်ယန်တိ ကြီးစိုးရေ၊ ဂရိနိုင်ငံ အရှိပိုင်းက၊ ခရစ်ယန်တိ သနားလာအောင်၊ ခရစ်ယန်တိ ဖြစ်လို့၊ သူရို့ကို ညဉ်းပမ်းနှိပ်စက်ကတ်တေလို့ ပြောရဖို့လို့လည်း၊ သင်ပီးခရေလို့ ဆိုပါရေ။ အိန်တာဗျူးမှာ ဇာပိုင် ဘုရားစာရွတ်ရဖို့ ဆိုစွာကိုတောင် သူက သင်ပီးလိုက်သိမ့်ရေလို့ ပြောပါရေ။ ယင်းပိုင် လုပ်ပြလိုက်ကေ “ရိုးသားရေ” လို့ အထင်ရောက်လားအောင်လို့ ဆိုပါရေ။
အေအသံဖိုင် ထွက်လာရေ နောက်မှာ ယင်း နိုင်ငံရပ်ခြား မူဝါဒ သင်ကြားရေးအဖွဲ့ က တွယ်တာ က သတင်း ထုတ်ပြန်ပါသိမ့်ရေ။
ယကေလည်း ယင်းအဖွဲ့အစည်း တွယ်တာ နန့် ဖေ့ဆ်ဘုတ်ခ် နောက်လိုက် ၁၄၀,၀၀၀ အကောင့်တိကို ချက်ချင်း ဖျက်ပလိုက်ကတ်စွာကို သတိထားမိပါရေ။
နိုင်ငံရပ်ခြား မူဝါဒ သင်ကြားရေးအဖွဲ့ကို၊ နာတာရှည် ဖေသာကျပ်တည်းနိန်ရေ ဂရိနိုင်ငံကို ဒုက္ခသည်တိနန့် နိုင်ငံရွိပြောင်းချင်ရေ လူတိ ဝင်လာနိုင်အောင်လို့ ၂၀၁၆ ခုနှစ်မှာ စ,တည်ထောင်ခစွာပါ။ ဥရောပတိုက်ကို ဝင်ချင်ရေ ဒုက္ခသည် အများစုစွာ၊ ဂရိနိုင်ငံက စ,ပနာ ဝင်လာကတ်စွာပါ။ ၂၀၁၅ ခုနှစ်မှာ လူဉီးရေ အများဆုံး ဝင်ခပါရေ။
ရဲ့ခ်ခါ “သရုပ်ဆောင်သင်တန်း ကျောင်း”က အမှန်တကယ် ဒုက္ခမရောက်ဖူးခရေ လူတိကို၊ ဒုက္ခတွင်းထဲက ထွက်လာရေ ပုံစံမျိုး ဖြစ်လာအောင် စနစ်တကျ သင်ကြားပို့ချပီးခစွာ ပေါ်လွင်နိန်ပါရေ။
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အဆင့်မြင့် ကော်မရှန်နာအဖွဲ့(UNHCR)က အဂု ထွက်လာရေ မှတ်တမ်းကို “သတိပြုမိရေ” လို့ ဆောက်သ်သင် က ပြောပါရေ။ လူမှုကွန်ယက်မှာ လူတိ ပြပြင်းထထန် တုန့်ပြန်မှုကလည်း ပြောစရာ မလိုရေ အချက်လို့ ပြောပြလားပါရေ။