တရုတ်ပြည်မှာ ရာရှားက ၇ ရုံမြောက် နြူးကလီးဓါတ်အားပီးစက်ရုံ တည်ဆောက်ပီးဖို့

0
4252
© Tianwan NPP / atomstroyexport.ru
© Tianwan NPP / atomstroyexport.ru

တရုတ်နိုင်ငံက၊ တီယံဝန် နြူးကလီးယား ဓါတ်အားပီး စက်ရုံ(Tianwan Nuclear Power Plant (NPP))မှာ၊ နြူးကလီးယားဓါတ်အားပီးစက်ရုံသစ် တခုကို၊ ၂၀၂၁ ခုနှစ်မှာ ထပ်ဆောက်ပီးဖို့လို့၊ ရာရှားအစိုးရပိုင် နြူးကလီးယားကော်ပိုရေးရှန်း ရို့ဆ်အတ်တင်မ်(Rosatom)က ပြောပါရေ။ အေချင့်က နှစ်နိုင်ငံအကြားက၊ အကြီးဆုံး နြူးကလီးယားဓါတ်အားပီးစက်ရုံ စီမံကိန်းပါ။

“ယင်းနိန်ရာမှာ၊ တရုတ်မိတ်ဖက်တိနန့် ပူးပေါင်းပနာ၊ နြူးကလီးယားဓါတ်အားပီးစက်ရုံ ၄ ရုံ၊ တည်ဆောက်ဗြီးလားပါဗျာလ်။ အနာဂတ် စီမံကိန်းတိအတွက်လည်း ဆက်လက် ပြင်ဆင်နိန်ပါရေ။” လို့ ရို့ဆ်အတ်တင်မ် အိန်ဂျိန်နီယာဌာန အတ်တင်မ်ဆထရွိုင်းအိပ်ဆပေါ့တ်(Atomstroyexport (ASE))က ဗလာဒီမာ ဆာဗုချ်ကိန်(Vladimir Savushkin)က ပြောလားပါရေ။

ရာရှားက နောက်ဆုံးပေါ် မျိုးဆက် ၃+ နည်းပညာသစ်(3+ generation technologies)နန့် ပူးတွဲ တည်ဆောက်နိန်ကတ်ပနာ၊ စီမံကိန်း သတ်မှတ်ကာလက တင်းကျပ်တေအတွက်၊ ၂၀၂၁ ခုနှစ်မှာ တီယံဝန်-၇(Tianwan-7)ကို စ,တည်ဆောက်လားဖို့လို့ ဆာဗုချ်ကိန် က ပြောလားပါရေ။

© Tianwan NPP / atomstroyexport.ru
© Tianwan NPP / atomstroyexport.ru

အယင်အပတ်က ရာရှားက အေအတ်ဆ်အီး(ASE) နန့် တရုတ် အမျိုးသား နြူးကလီးယား ကော်ပိုရေးရှန်း (China National Nuclear Corporation (CNNC))ရို့၊ သတ္တမမြောက်နန့်၊ အဌမမြောက် နြူးကလီးယားဓါတ်အားပီးစက်ရုံတိ တည်ဆောက်ဖို့အတွက်၊ လက်မှတ် ရွီးထိုးလားကတ်ပါရေ။

တီယံဝန် နြူးကလီးယားစက်ရုံတိကို ၂၀၀၆ ခုနှစ်ကပင်၊ တရုတ်နိုင်ငံ မြစ်ဝါမြစ် ကမ်းခြေမှာ၊ ရာရှားနည်းပညာ၊ စက်ကရိယာတိနန့် တည်ဆောက်လာစွာကို တွိရပါရေ။

၂၀၀၇ ခုနှစ်မှာ၊ ၁,၀၀၀ မီဂါဝတ်(1,000 MW)စီ ဓါတ်အားထွက်တေ၊ စက်ရုံ ၂ ရုံကို အယင်ဆုံး ဖွင့်လှစ်ခပါရေ။ နံပါတ် ၃ စက်ရုံကို အယင်နှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခရေပိုင်၊ နံပါတ် ၄ စက်ရုံကို၊ ၂၀၁၉ ခုနှစ် မာ့ချ်လမှာ ဖွင့်လှစ်ဖို့လို့ ဆိုပါရေ။

© Tianwan NPP / atomstroyexport.ru
© Tianwan NPP / atomstroyexport.ru

စက်ရုံ နံပါတ် ၅ နန့် ၆ ပါရေ၊ တီယံဝန် အပိုင်း ၃ တည်ဆောက်ရေး(Construction of Tianwan Phase III (units 5 and 6))ကို ၂၀၂၁ ခုနှစ် အကုန်မှာ အပြီးသတ်ပနာ၊ ဖွင့်လှစ်လားဖို့လို့ ဆိုပါရေ။