တရုတ် ‘တကွေ့တပတ် လမ်းမကြီး’ ကဗာ့ရင်းနှီးမြှပ်နှံမှု အစီအစဉ် ချပြလာ

0
6241
© Global Look Press / Zhang Xiaoliang
© Global Look Press / Zhang Xiaoliang

၂၀၁၃ ခုနှစ် ဆောင်းဉီးကနိန် အစပြုလာရေ၊ တရုတ်နိုင်ငံက “တကွေ့တပတ် လမ်းမကြီး ကနဉီးအစီအစဉ်”(the Belt and Road initiative)စွာ၊ အဂုဆိုကေ ၅ နှစ် ပြည့်လားဗျာလ် ဖြစ်ပါရေ။ အေစီမံကိန်းက ဥရောပ၊ အာရှ နန့် အာဖရိက တိုက်တိကို ကွန်ယက် ဆက်သွယ်ဖို့အတွက်၊ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံတိ တည်ဆောက်ဖို့ အစီအစဉ်ပါ။

အဂုဆိုကေ၊ အေစီမံကိန်းကို တိုက်ကြီး ၃ တိုက်ထဲက၊ နိုင်ငံပေါင်း ၁၀၀ ကျော်က စိတ်ဝင်စားနိန်ကတ်ပနာ၊ လက်ရှိ စီမံကိန်းမှာ ဥရောပတိုက်၊ အာရှတိုက်နန့် အာဖရိကတိုက်ရို့ကို၊ ကွန်ယက် ဆက်သွယ်ထားရေ ရထားလမ်း၊ သင်္ဘောဆိပ်ကမ်း အဆောက်အအုံတိ အင်တန်ဗြီးစီးနိန်ရေပိုင်၊ တောင်အမေရိကတိုက်တောင် ဆက်သွယ်ဖို့လည်း လုပ်နိန်ဗျာလ် ဖြစ်ပါရေ။

အေစီးပွားရေး ပူးပေါင်းမှု အစီအစဉ်ကို တကွေ့တပတ် ပိုးလမ်းမကြီး စီးပွားရေး(Silk Road Economic Belt)လို့ ခေါ်ပနာ၊ အဓိက အပိုင်းကြီး ၂ ပိုင်း ပါဝင်ပါရေ။ ပထမအပိုင်းကို တကွေ့တပတ် ပိုးလမ်းမကြီး(Silk Road Economic Belt)လို့ ခေါ်ပနာ၊ တရုတ်နိုင်ငံနန့်၊ အရှိတောင်အာရှ၊ တောင်အာရှ၊ အနောက်အာရှ၊ အရှိအလယ်ပိုင်းနန့် ဥရောပတိုက်ရို့ကို ရထားလမ်း၊ ကားလမ်းရို့နန့်၊ ကုန်းတွင်းပိုင်းက ဆက်သွယ်လားဖို့ အစီအစဉ်ပါ။ ဒုတိယအပိုင်းကို ၂၁ ရာစု ရီကြောင်း ပိုးလမ်းမကြီး(the 21st Century Maritime Silk Road)လို့ ခေါ်ပနာ၊ အာရှတိုက်၊ အာဖရိကတိုက်နန့်၊ ဥရောပတိုက်ရို့ကို ရီကြောင်းက ဆက်သွယ်လားဖို့ အစီအစဉ်ပါ။

ဟိုးရှိခေတ်မှာ တရုတ်၊ ပါရှား၊ ရောမအင်ပါယာရို့အကြား၊ ကုန်သယ်တိက၊ ကလားအုပ်တိ စီးပနာ၊ ပိုးအဝတ်အထည်တိနန့်၊ လူ့အသုံးအဆောင်တိကို၊ ကုန်သွယ်ခကတ်လို့ ပိုးလမ်းမကြီးလို့ ခေါ်တွင်ရေလို့ ဆိုပါရေ။

အေစီမံကိန်း ဖြစ်မြောက်ဖို့အတွက်၊ တရုတ်နိုင်ငံအစိုးရက အပေါင်းအပါ နိုင်ငံတိမှာ၊ အမေရီကန်ဒေါ်လာ ၉၀၀ ဘီလီယံ သုံးထားဗြီးဗျာလ်လို့ ဆိုပါရေ။ စီမံကိန်း ကနဉီး အစိတ်အပိုင်းဖြစ်တေ၊ ဟင်ဂေရီနိုင်ငံမြို့တော် ဘူဒါပတ်ဆ်(Budapest)နန့် ဆာဗီးယားနိုင်ငံမြို့တော် ဘဲလ်ဂြိတ်ဒ်(Belgrade)ရို့ကို ရထားလမ်း ၃၃၆ ကီလိုမီတာ(၂၀၉ မိုင်) ဖောက်ဗြီးလားရေပိုင်၊ ပါကီဆတန်နိုင်ငံမှာ ဓါတ်ငွေ့ပိုက်လိုင်းတခုနန့်၊ ထိုင်းနိုင်ငံမှာ အမြန်ရထားလမ်းတပိုင်းကိုလည်း ဖွင့်လှစ်လားပါဗျာလ်။

အေစီမံကိန်းက တရုတ်အစိုးရပိုင်၊ ကော်ပိုးရေးရှန်းကြီးတိကို ကကောင်း အကျိုးအမြတ် ဖြစ်ထွန်းဇီရေလို့ ဆိုပါရေ။

ကဗာကြီးနန့် ဆက်သွယ်ဖို့အတွက်၊ တရုတ်နိုင်ငံက အလုံးအရင်းနန့် မြှပ်နှံနိန်ရေ အေစီမံကိန်းကို၊ ထင်သာမြင်သာ ဖြစ်အောင်၊ ဆတတ်တဲ့ဆတာ(Statista)က အပ်နီ ဘလာဇိုတ်(Agne Blazyte)က၊ ပုံနန့် ချပြလာပါရေ။ ပုံထဲမှာ၊ အရှိတောင်အာရှနိုင်ငံတိစွာ၊ တရုတ်နိုင်ငံအတွက် အဓိက ဉီးစားပီးနိုင်ငံတိ ဖြစ်နိန်ပနာ၊ ယင်းအထဲမှာ၊ အိန္ဒိယ၊ ပါကီဆတန်၊ ဘန်ဂလာဒေ့ရှ် နန့် မြန်မာ နိုင်ငံရို့စွာ၊ အကျိုးအမြတ် အရှိနိုင်ဆုံး နိုင်ငံတိအထဲမှာ ပါနိန်ပါရေ။

© Statista
© Statista

မှတ်ချက် – အေစီမံကိန်း အောင်မြင်လားကေ၊ တရုတ်နိုင်ငံစွာ ကဗာ့နံပါတ် ၁ စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် ရေရှည်ရပ်တည်လားနိုင်ပါရေ။ အေပိုင် မဖြစ်လာအောင်အတွက်၊ ယင်းစီမံကိန်းမှာ ပါနိန်ရေ နိုင်ငံတိအတွင်း၊ မတည်မငြိမ် ဖြစ်လာအောင် ရည်ရွယ်ချက်နန့်၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး ပဋိပက္ခမျိုးစုံကို၊ နိုင်ငံတချို့က အစီအစဉ်မျိုးစုံ ချမှတ်ပနာ အကောင်အထည် ဖော်နိန်ကတ်ပါရေ။ နိုင်ငံရေးပဋိပက္ခဖြစ်စဉ် အများစုစွာ၊ စီးပွားရေး(ဖေသာ)ကို အခြေခံရေဆိုစွာ သတိပြုကတ်ပါ။