ဒေါ်လာကို ခဝါချပနာ၊ တရုတ်၊ အိန်ဒိုနီးရှား ကိုယ့်ဖေ့သာနန့် ကုန်သွယ်ဖို့ သဘောတူ

0
5202
© Getty Images
© Getty Images

အမေရီကန်ဒေါ်လာ ၂၈.၈၁ ဘီလီယံ တန်ဖိုးရှိရေ၊ ကိုယ့်ဖေ့သာနန့် ကိုယ် ကုန်သွယ်ကတ်ဖို့ စာချုပ်တခုကို၊ တရုတ်နိုင်ငံနန့် အိန်ဒိုနီးရှားနိုင်ငံရို့ အကြားမှာ၊ ချုပ်ဆိုကတ်တေလို့၊ တရုတ်နိုင်ငံ ဗဟိုဘဏ်က တနင်္လာနိမှာ ကြေငြာလားပါရေ။

တရုတ်ပြည်သူ့ဘဏ်(People’s Bank of China (PBOC)) အဆိုအရ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ အပြန်အလှန် ရင်းနှီးမြှပ်နှံရေးနန့် ငွေကြေးစျီးကွက် တည်ငြိမ်ရေးအတွက်၊ သုံးနှစ်စာ ရည်ရွယ်ပနာ၊ စာချုပ် ချုပ်ဆိုကတ်စွာလို့ ဆိုပါရေ။ တရုတ် ယွမ် ၂၀၀ ဘီလီယံ နန့်၊ အိန်ဒိုနီးရှား ရူပီးယာ့ ၄၄၀ ထရီလီယံ ကို၊ အပြန်အလှန် လဲလှယ်လားကတ်ဖို့လို့ ဆိုပါရေ။

အေသဘောတူစာချုပ်ကို၊ အေးရှား-ပစိဖဲ့စ် စီးပွားရေး ပူးပေါင်းရေး(Asia-Pacific Economic Cooperation (APEC)) အစည်းအဝေး အဗြီးမှာ၊ နှစ်နိုင်ငံ ဗဟိုဘဏ်ဂေါင်းဆောင်တိအကြား၊ လက်မှတ်ရွီးထိုးလားကတ်တေလို့ ဆိုပါရေ။ အယင်ရှိဗြီးသား သဘောတူညီချက်ကို ထပ်ပနာ၊ အတည်ပြုလားကတ်တေပိုင်၊ ဖေသာပမာဏကိုလည်း နှစ်ဆတိုးလားကတ်စွာလို့ ဆိုပါရေ။

အယင်လကလည်း၊ တရုတ်ဗဟိုဘဏ်က ဂျပန်နိုင်ငံနန့်၊ အေပုံစံမျိုး သဘောတူစာချုပ် လုပ်လားစွာကို တွိရပါရေ။ အမေရီကန်ပြည်ထောင်စုနန့် ကုန်သွယ်မှု အချင်းများနိန်ကတ်တေအတွက်၊ ပြည်ပ ကုန်သွယ်မှုမှာ အမေရီကန်ဒေါ်လာ သုံးနိန်ရစွာကို ခဝါချလားဖို့၊ တရုတ်ပြည်က စီစဉ်လာနိန်ရေပုံပါ။

အမေရီကန်ပြည်ထောင်စုက အမေရီကန်ဒေါ်လာကို ဆုပ်ကိုင်ပနာ၊ အခြားနိုင်ငံတိကို လိုတမျိုး၊ မလိုတမျိုး၊ စီးပွားရေး ပိတ်ဆို့ပနာ အကျပ်ကိုင်စွာတိ လုပ်လာရေအတွက်၊ အမေရီကန်ဒေါ်လာနန့် ကုန်သွယ်နိန်ရစွာကို၊ ခဝါချလာကတ်တေ နိုင်ငံတိ ပိုများလာနိန်ပါရေ။ ဗြီးခရေ သြော်ဂစ်လကလည်း၊ ကာတာနိုင်ငံ(Qatar)နန့် တာကီနိုင်ငံ(Turkey) အကြားမှာ၊ ကိုယ့်ဖေ့သာနန့် ကုန်သွယ်ကတ်ဖို့၊ စာချုပ် ချုပ်လားကတ်ပါသိမ့်ရေ။