ကဗာ့စွမ်းအင်ထုတ်နိုင်ငံတိ အထဲမှာ ပါဝင်ရေ ကာတာနိုင်ငံစွာ ရနံတင်ပို့ရေနိုင်ငံတိအုပ်စု အိုပတ်(Organization of the Petroleum Exporting Countries (OPEC))က လာဖို့ ဂျန်နဝါရီလ ၁ ရက်နိမှာ နုတ်ထွက်လားဖို့လို့ ကာတာစွမ်းအင်ဝန်ကြီး ဆတ် အဲလ်-ကာဘီ(Saad al-Kaabi)က ပြောလားပါရေ။ ကာတာနိုင်ငံစွာ အိုပတ်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစွာ ၅၇ နှစ် ရှိပါဗျာလ်။
ဗြီးခရေ တနင်္လာနိက သတင်းစာ ရှင်းလင်းပွဲမှာ “အိုပတ်အဖွဲ့ထဲက ကာတာနိုင်ငံ နုတ်ထွက်ဖို့စွာကို ဆုံးဖြတ်ဗြီးပါဗျာလ်။ ၂၀၁၉ ခုနှစ် ဂျန်နဝါရီလမှာ အကျိုးသက်ရောက်ပါဖို့။ အိုပတ်အဖွဲ့ကိုလည်း အေနိမိုးသောက်က အကြောင်းကြားဗြီးပါဗျာလ်။” လို့ စွမ်းအင်ဝန်ကြီးက ပြောလားပါရေ။
ကာတာနိုင်ငံစွာ သဘာဝဓါတ်ငွေ့ရည် အဲလ်အန်ဂျီ(liquefied natural gas (LNG)) အများဆုံး တင်ပို့ရေ နိုင်ငံပါ။ ယကေလည်း တခြား အိုပတ်အဖွဲ့ဝင်နိုင်ငံတိလောက် ရနံစိမ်း မတင်ပို့ပါ။ ကာတာနိုင်ငံက သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကိုရာ ပိုအာရုံစိုက်လားဖို့လို့ ဆိုပါရေ။ လက်ရှိမှာ ၁ နှစ် ထုတ်လုပ်နိန်ရေ အဲလ်အန်ဂျီ တန်ချိန်ပေါင်း ၇၇ သန်းကနိန်၊ ၁၁၀ သန်းထိ တိုးထုတ်လားဖို့ ပြင်ဆင်နိန်ရေလို့ ဆိုပါရေ။
အေဆုံးဖြတ်ချက်စွာ၊ အိမ်နီးနားချင်းနိုင်ငံ ဆော်ဒီအာရေးဗီးယားနိုင်ငံနန့် အာရပ် ၃ နိုင်ငံက၊ ၂၀၁၇ ခုနှစ် ဂျုန်လကပင်၊ ကာတာနိုင်ငံကို စီးပွားရေးပိတ်ဆို့ထားစွာနန့် မဆက်စပ်လို့၊ စွမ်းအင်ဝန်ကြီးက ပြောလားပါရေ။
အစွမ်းရောက်သမားတိကို နောက်ကွယ်က ထောက်ပံ့ပီးရေ၊ ဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်တေ ဆိုပနာ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ ဘာရိန်းနိုင်ငံနန့် အီဂျစ်နိုင်ငံရို့က ကာတာနိုင်ငံက စီးပွားရေး ပိတ်ဆို့ထားပါရေ။ ယင်းနိုင်ငံတိက ကာတာနိုင်ငံကို အဲလ် ဂျာဇီးရား သတင်းဌာန(Al Jazeera)ကို ပိတ်ပီးဖို့၊ တူရကီစစ်တပ်တိကို နိုင်ငံထဲက နှင်ထုတ်ပီးဖို့၊ အီရန်နိုင်ငံနန့် အဆက်အဆံ မလုပ်ဖို့၊ အီဂျစ်နိုင်ငံက မူဆလင် ညီအကိုတော်အဖွဲ့(Muslim Brotherhood) လှုပ်ရှားမှုတိကို မထောက်ပံ့ဖို့ ရာဇသံပီးထားပနာ၊ မလိုက်နာကေ၊ စီးပွားရေးပိတ်ဆို့ထားစွာကို မရုတ်သိမ်းပီးလို့လည်း ကြေငြာထားပါရေ။ ဒိုဟာအစိုးရက ယင်းစွပ်စွဲချက် အများအပြားကို ငြင်းဆိုထားပါရေ။