ယောကျ်ား ပက်ခုံးမှာ အဆီ လိမ်းလိုက်စွာနန့် အချေ မရအောင် ထိန်းနိုင်ရေ နည်းကို စမ်းသပ်နိန်

0
1446
© Getty Images / Ktsdesign
© Getty Images / Ktsdesign

ယောကျ်ားကနိန် အချေ မရနိုင်အောင် ထိန်းနိုင်ရေ နည်းလမ်းကို၊ ပထမဆုံး ယောကျ်ား တယောက်နန့် စမ်းသပ်နိန်ပါရေ။ တရက်မှာ တကြိမ်၊ ပက်ခုံးထက်မှာ အဆီကို လိမ်းလိုက်စွာနန့်၊ ယောကျ်ား မျိုးရည်ကို ထိန်းထားနိုင်ရေလို့ ဆိုပါရေ။

အမေရီကန်ပြည်ထောင်စု၊ ဝါရှိန်တန်ပြည်နယ်မှာ၊ ဗြီးခရေ အင်္ဂါနိက ပထမဆုံး ဇုံတွဲ တတွဲနန့် စမ်းသပ်ပနာ၊ အေနိ ဒုတိယ ဇုံတွဲနန့် စမ်းသပ်ပါဖို့။ တတိယ ဇုံတွဲလည်း မကြာခင် လာပါဖို့။ အေနည်းလမ်းနန့် ဇုံတွဲပေါင်း ၄၂၀ ကို စမ်းသပ်ကြည့်ဖို့ လုပ်ထားပနာ၊ ယင်းအထဲမှာ ချီလီနိုင်ငံ၊ အင်္ဂလန်၊ ဆကော့တလန်၊ ကန်ညာ၊ ဆွီဒင်နန့် အီတလီနိုင်ငံရို့က ဇုံတွဲတိ ပါဝင်ကတ်ပါရေ။ 

 နတ်ဆ်/တီ အဆီ(NES/T gel)က ယောကျ်ားတိ မျိုးစိ ၂ လုံးထဲမှာ သဘာဝအလျှောက် ဟိုမုန်းထုတ်လုပ်ပီးနိန်စွာ(natural testosterone production)ကို တားဆီးပီးရေအတွက်၊ မျိုးရည် ထုတ်လုပ်မှုလည်း ယော့ကျလားဇီဖို့လို့ ဆိုပါရေ။ အေအဆီထဲမှာ ပြိုဂျတ်ဆတဲ့(progestive (Neostorone)) နန့် တတ်ဆတိုဆတြုန်း(testosterone) နှစ်မျိုးကို ပေါင်းထားရေအတွက်၊ ယောကျ်ားတိ မျိုးစိတိထဲမှာ၊ ပုံမှန် ဟိုမုန်းထုတ်လုပ်မှုကို တားဆီးပီးလားဖို့လို့ ဆိုပါရေ။

“အေအတွက်နန့် အလုပ် လုပ်စွာပါ။ ဇာဖြစ်လို့ဆိုကေ ယောကျ်ားမျိုးရည်က မျိုးစိတိထဲက တတ်ဆတိုဆတြုန်း(testosterone) အားလုံးကို လိုလို့ပါ။” လို့ အေစမ်းသပ်မှုကို ဉီးဆောင်ရေ၊ ဝါရှန်တန် တက္ကသိုလ်(University of Washington)က ပါမောက္ခ ဒေါင်တာ ဆတတ်ဖနီ ပေ့ချ်(Dr. Stephanie Page)က ပြောလားပါရေ။ 

အေစမ်းသပ်မှုရာ အောင်မြင်လားကေ ရာဘာစွပ် သုံးနိန်ရေ ဇုံတွဲတိအတွက် ကကောင်း အကျိုး ရှိလားပါဖို့။ ရာဘာစွပ်က ၈၅% ရာ လုံခြုံပနာ၊ မမက်တိအတွက် မသက်မသာလည်း ဖြစ်ဇီပါရေ။ တချို့ ရာဘာနန့် ဓါတ်မတည့်လို့ ရောဂါတိလည်း ရတတ်ပါရေ။

 ၅ မိနစ်အတွင်း ခြောက်လားရေ အေအဆီကို၊ ၁ ရက် ၁ ခါ၊ ပက်ခုံး ၂ ဖက်မှာ လိမ်းဖို့ လိုပနာ၊ အကျိုးသက်ရောက်မှု ရှိဖို့အတွက်၊ ၁၂ ပတ် ကြိုပနာ လိမ်းထားရဖို့လို့ ဆိုပါရေ။ ရီချိုးဗြီးတိုင်း လိမ်းသင့်ရေလို့ ညွှန်ကြားထားပနာ၊ မစွတ်လားအောင် အနည်းဆုံး ၄ နာရီ ထားရဖို့လို့ ဆိုပါရေ။

ဆန့်ကျင်ဖက် ကလိမ့်မေတိ၊ အချေတိနန့် မထိလားအောင်၊ ရီချိုးပနာ ဖျက်ပလိုက်ဖို့ (ဝါ) အင်္ကျီ ဝတ်ထားဖို့ အတွက်လည်း ညွှန်ကြားထားပါသိမ့်ရေ။ အေအဆီက တခြား ဟိုမုန်းတိကို လုံးဝ မထိခိုက်ဘဲ၊ မျိုးစိတိထဲက ဟိုမုန်းတိကိုရာ တားဆီးပီးစွာလို့ ဆိုပါရေ။

လက်ရှိ စမ်းသပ်နိန်ရေ လူတိနန့် အနည်းဆုံး ၁၂ လ ကြာ စမ်းသပ်လားဖို့ ပြင်ထားပနာ၊ ၂၀၂၁ ခုနှစ်ထိ စမ်းသပ်လားဖို့လို့ ဆိုပါရေ။ အဂု စမ်းသပ်နိန်ရေ ဇုံတွဲတိစွာ၊ တတည်ငြငြိမ်နန့် မဖောက်ပြန်ဘဲ အနည်းဆုံး ၁ နှစ် ရှိရဖို့လို့ ညွန်ကြားထားပနာ၊ ယောကျ်ားတိက အသက် ၁၈ နှစ်ကနိန် ၅၀ ထိ ရှိကတ်ပနာ၊ မမက်တိက ၃၅ နှစ်အောက် ရှိကတ်တေလို့ ဆိုပါရေ။ 

အေစမ်းသပ်မှုရာ အောင်မြင်လားကေ၊ ထောင်ချီပနာ ဇုံတွဲတိနန့် ထပ်စမ်းသပ်ဗျာလ်၊ နောက်ဆုံးမှာ အပ်ဖ်ဒီအေလို့ အတိုကောက် ခေါ်ရေ၊ အစားအသောက်နန့် ဆီးဝါး အုပ်ချုပ်ရေးဌာန(Food and Drug Administration) ခွင့်ပြုချက် ကျပနာ၊ လမ်းဘေး ဆိုင်တိက အရောင်းစင်တိထက်ကို ရောက်လာပါဖို့။