အိန်ဒိုနီးရှား ဆူနာမီ အနည်းဆုံး ၂၂၂ ယောက် သီ၊ ရာချီ ဒဏ်ရာရ

0
1268
A house and a small shop damaged by tsunami in Indonesia. December 23, 2018. © Antara Foto / Muhammad Bagus Khoirunas / Reuters
A house and a small shop damaged by tsunami in Indonesia. December 23, 2018. © Antara Foto / Muhammad Bagus Khoirunas / Reuters

စနီနိညဉ့်မှာ အိန်ဒိုနီးရှားနိုင်ငံ ဆင်ဒါ ရီလက်ကြား(Sunda Strait)မှာ ဆူနာမီ ရီလှိုင်းတိ တက်ခလို့၊ လူအနည်းဆုံး ၂၂၂ ယောက် သီပနာ၊ ရာချီပနာ ဒဏ်ရာရရေလို့ အိန်ဒိုနီးရှား အစိုးရက သတင်းထုတ်ပြန်ပါရေ။

အိန်ဒိုနီးရှားနိုင်ငံ ငလျှင်၊ ရာသီဥတုနန့် ဘူမိရူပဌာန(Indonesian Meteorology, Climatology, and Geophysics Agency (BMKG))က ဆူနာမီ ရီလှိုင်းတိစွာ ငလျှင်လှုပ်လို့ ဖြစ်လာစွာ မဟုတ်ဘဲ၊ ကရာကာတိုး မီးတောင်(Mount Krakatoa) ပေါက်လို့ ဖြစ်လာရစွာလို့ ဆိုပါရေ။

လူအနည်းဆုံး ၂၂၂ ယောက် သီပနာ၊ လူ ၈၀၀ ကျော် ဒဏ်ရာ ရဗျာလ်၊ လူနိန်အဆောက်အဦးတိ အများအပြား ပျက်စီးလားရေလို့ အမျိုးသား သဘာဝဘေးအန္တရာယ် ချော့ချရေး ဌာန(National Disaster Mitigation Agency (BNPB))က အေနိ သတင်း ထုတ်ပြန်ပါရေ။

© Antara Foto / Dian Triyuli Handoko / Reuters 

ဆင်ဒါ ရီလက်ကြားစွာ ဂျာဗား(Java)နန့် ဆူမာတြာ(Sumatra) ကျွန်းနှစ်ကျွန်းကို ခွဲခြားထားရေ ရီလက်ကြားပါ။

ဆင်ဒါ ရီလက်ကြား

၁၈၈၃ ခုနှစ်မှာ ကရာကာတိုးမီတောင်လှုပ်လို့၊ မီးတောင်၊ ဆူနာမီ ရီလှိုင်း ဒဏ်နှစ်ခုလုံးရလို့ လူပေါင်း ၃၆,၀၀၀ ယောက် သီဆုံးခရဖူးပါရေ။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နိမှာ ဆူနီမီ လှိုင်းတိ ဖြစ်ခလို့၊ လူပေါင်း ၂၂၆,၀၀၀ ယောက် သီဆုံးခရေအထဲမှာ၊ အိန်ဒိုနီးရှားနိုင်ငံ တခုတည်းက လူပေါင်း ၁၂၀,၀၀၀ ယောက် ပါလားဖူးပါရေ။

မှတ်ချက် – သမိုင်းကြောင်းတလျှောက် ဒီဇင်ဘာလ နောက်ဆုံးပတ်တိမှာ ငလျှင်၊ ဆူနာမီတိ ဖြစ်ခစွာကို တွိရရေအတွက်၊ အများပြည်သူတိ သတိထားသင့်ပါရေ။