အပ်ပါးလ် အိုင်ဖုန်း ရောင်းရငွေ မှန်းထားစွာထက် ဒေါ်လာ ၉ ဘီလီယံ နည်း

iPhone X presentation in Beijing, China October 31, 2017. © REUTERS/Thomas Peter
iPhone X presentation in Beijing, China October 31, 2017. © REUTERS/Thomas Peter

အပ်ပါးလ် အိုင်ဖုန်း ရောင်းရငွေစွာ၊ မှန်းထားစွာထက် အမေရီကန်ဒေါ်လာ ၉ ဘီလီယံလောက် နည်းနိန်ရေလို့၊ အပ်ပါးလ် စီအီးအို တိမ်း ကုတ်ခ်(Tim Cook)က ပြောလိုက်တေအတွက်၊ အပ်ပါးလ် အစုရှယ်ယာ တန်ဖိုးတိ ချက်ချင်း ထိုးကျလားပါရေ။ ဘတ္ထရီအစားထိုး လဲပီးရေနှုန်းထား နည်းလားစွာနန့်၊ တခြားအကြောင်းအရာတိကို အပြစ်တင်ရဖို့လို့ တိမ်း က ဆိုပါရေ။

၂၀၁၉ ခုနှစ် ပထမ လေးလပတ်မှာ ရောင်းရငွေ အမေရီကန်ဒေါ်လာ ၈၄ ဘီလီယံ ရှိဖို့လို့၊ အပ်ပါးလ် အစီရင်ခံစာမှာ ဖော်ပြထားပါရေ။ အယင်ခန့်မှန်းထားစွာက အမေရီကန်ဒေါ်လာ ၈၉ ဘီလီယံ ကနိန် ၉၃ ဘီလီယံ အထိ ဖြစ်ပါရေ။ အေသတင်းကို ကြားလိုက်စွာနန့်၊ အပ်ပါးလ် အစုရှယ်ယာတိ တန်ဖိုးစွာ ၇.၅% ထိ ဒိုင်ဗိန်ထိုးပနာ ပြုတ်ဆင်းလားပါရေ။

အယင်က အပ်ပါးလ် စန်တာတခုမှာ အိုင်ဖုန်းတလုံး ဘတ္ထရီ လဲကေ အမေရီကန်ဒေါ်လာ ၇၉ ပီးခရကေလည်း၊ အဂု အမေရီကန်ဒေါ်လာ ၂၉ ရာ ပီးရပါရေ။

တိမ်း ကတော့ ဘတ္ထရီ လဲခ ကျလားစွာနန့်၊ တရုတ်ပြည် စီးပွားရေး ကျဆင်းလားလို့ ဖြစ်တေလို့လည်း အပြစ်တင်လားပါသိမ့်ရေ။

ယကေလည်း အပြင်မှာတော့ခါ၊ အိုင်ဖုန်းတိမှာ နည်းပညာပိုင်း ဆန်းသစ်လာစွာတိ မရှိလို့ ဖြစ်တေပိုင်၊ တခြား ပြိုင်ဖက်တိမှာ နည်းပညာပိုင်း မြင့်လာစွာနန့်၊ အပ်ပါးလ် စီမံအုပ်ချုပ်မှု ညံ့လာလို့ လို့လည်း ဝေဖန်ထားကတ်ပါရေ။

တချို့က အပ်ပါးလ် စွာ ဖုန်းတိ ဟောင်းလာကေ၊ အသစ် မဝယ်မဖြစ် ဝယ်အောင်၊ ဘတ္ထရီတိနန့် ဖုန်း လုပ်ဆောင်ချက်တိကို တဖြည်းဖြည်း ပျက်လားအောင် ရည်ရွယ်ချက် ရှိရှိ လုပ်တေလို့လည်း စွပ်စွဲထားကတ်ပါရေ။