မလေးရှားဘုရင် ရာရှား အလှမယ်ကို လက်ထပ်ပနာ ထီးနန်းကို စွန့်လွှတ်

Oksana Voevodina (left) and Muhammad V (right). © Mohd Rasfan/AFP © Sputnik/Yevgeniya Novozhenina
Oksana Voevodina (left) and Muhammad V (right). © Mohd Rasfan/AFP © Sputnik/Yevgeniya Novozhenina

ရာရှား အလှမယ်ကို လက်ထပ်လိုက်တေ နယ်စားကြီး ဆူလတန် မူဟန်းမတ် ၅(Sultan Muhammad V)စွာ၊ လက်ရှိ ဘုရင်ရာထူးက ဆင်းပီးလိုက်တေအတွက်၊ ပြည်သူတိအကြားမှာ ပြောစမှတ် ဖြစ်လာပါရေ။

ဗြီးခရေ နိုဗန်ဘာလကပင် ဆီးခွင့်ယူထားရေ ဘုရင်စွာ၊ အေအပတ်ထဲမှာ အလုပ်ကို ပြန်ဝင်လာဖို့ ရှိကေလည်း၊ ဘုရင်ရာထူးကို စွန့်လွှတ်လိုက်ဗျာလ်လို့ ညဇာက တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ပါရေ။ သူ ဘုရင်အဖြစ် အမှုထမ်းစွာ ၂ နှစ် သက်တမ်းရာ ရှိပါသိမ့်ရေ။

မလေးရှားနိုင်ငံမှာ ပြည်နယ် ၉ ခုက နယ်စားကြီးတိက၊ နိုင်ငံကို အလှည့်ကျ ဘုရင်စနစ်နန့် အုပ်ချုပ်ဖို့အတွက်၊ နိုင်ငံအခြေခံဖွဲ့စည်းပုံမှာ ပြဌာန်းထားပါရေ။ ဘုရင်တပါးစွာ ၅ နှစ် သက်တမ်းစီ တိုင်းပြည်ကို အုပ်ချုပ်ခွင့် ရှိပါရေ။ မိုဟန်းမတ် ၅ စွာ မလေးရှားနိုင်ငံ အင်္ဂလိပ်တိဘားက လွတ်လပ်ရေး ရဗြီးရေ ၁၉၅၇ ခုနှစ် နောက်ပိုင်းမှာ၊ ထီးနန်းကို စွန့်လွှတ်လိုက်တေ ပထမဆုံး မလေးရှားဘုရင် ဖြစ်လာပါရေ။

အသက် ၄၉ နှစ် ရှိရေ မိုဟန်းမတ် ၅ က သူ့ကို ၂၀၁၆ ခုနှစ်မှာ ဘုရင်အဖြစ် တင်မြှောက်ပီးခရေ မလေးရှားအစိုးရအဖွဲ့ကို ကျေးဇူးတင်ရေလို့ သူ့ကြေငြာချက်ထဲမှာ ဖော်ပြထားပါရေ။ လက်ရှိအစိုးရ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမတ်(Mahathir Mohamad)နန့် အစိုးရအဖွဲ့ကိုလည်း တိုင်းပြည်ကို လက်တွဲအုပ်ချုပ်ပီးလို့ ကျေးဇူးတင်ရေလို့လည်း ဖော်ပြထားပါရေ။

နယ်စားကြီးက သူ့နယ် ကလန်တန်(Kelantan)မှာ ဆက်ပနာ တာဝန်ထမ်းဆောင်လားဖို့လို့ ဆိုပါရေ။

ဘုရင်ရာထူးက ဆီးခွင့်ယူထားရေအချိန်မှာ၊ မိုဟန်းမတ် ၅ စွာ၊ ၂၀၁၅ ခုနှစ်မှာ မစ္စ မော်စကို(Miss Moscow) အလှမယ် သရဖူ ရခရေ၊ အသက် ၂၅ နှစ် ရှိရေ ရာရှားအလှမယ် အိုခ်ဆာနာ ဗိုးဗိုဒီနာ(Oksana Voevodina)ကို လက်ထပ်ခပါရေ။

ဗြီးခရေ နိုဗန်ဘာလ ၂၂ ရက်နိက လက်ထပ်ပွဲမှာ မလေးအမျိုးသားဝတ်စုံကို ဝတ်ထားရေ နယ်စားကြီးနန့်၊ အဖြူရောင် အင်္ကျီဝတ်ထားရေ ရာရှားအလှမယ်ဓါတ်ပုံတိ၊ မီဒီယာထဲကို တက်လာပါသိမ့်ရေ။ လက်ထပ်ပွဲကို မော်စကိုမြို့ပြင် ဘာဗီခါ(Barvikha)ရပ်ကွက်က၊ ဖြေဖျော်ရေးခန်းမ တခုမှာ လုပ်လားရေလို့လည်း သတင်းရပါရေ။

မလေးရှားဝန်ကြီးချုပ် မဟာသီယာ ကို သတင်းထောက်တိ မိန်းကြည့်ရေမှာ၊ တရားဝင်သတင်း မရှိလို့ ဖြေလားပါရေ။

မိုဟန်းမတ် ၅ စွာ မလေးရှားတော်ဝင်မိသားစုဝင် တယောက်နန့် ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခကေလည်း၊ ၂၀၀၈ ခုနှစ်မှာ ကွာရှင်းပြတ်စဲလားပါရေ။ မိုဟန်းမတ် ၅ စွာ၊ မလေးရှားနိုင်ငံသမိုင်းမှာ၊ ကြင်ယာတယောက်အတွက် ထီးနန်းကို စွန့်လွှတ်လိုက်တေ ပထမဦးဆုံး ဘုရင်တပါးလည်း ဖြစ်လာပါရေ။