ပြင်သစ်အစိုးရအတွက် အိမ်မက်ဆိုး ဖြစ်လာနိုင်ရေ အဝါရောင်အင်္ကျီဝတ်တိ လုပ်ရပ်သစ်

0
1234
© Reuters / Jean-Paul Pelissier
© Reuters / Jean-Paul Pelissier

ပြင်သစ်တနိုင်ငံလုံးမှာ ရှိရေ ဘဏ်တိက၊ လူတိုင်း ကိုယ်စုထားရေ ဖေသာတိကို၊ တပြိုင်နက်တည်း ထုတ်ကတ်ဖို့ ဆိုရေ အစီအစဉ်တခုကို၊ ပြင်သစ်နိုင်ငံမှာ ဆန္ဒပြနိန်ကတ်တေ အဝါရောင် အင်္ကျီဝတ်တိ စီစဉ်နိန်ကတ်ပါရေ။ သူရို့ လိုချင်ရေ ပြုပြင်ပြောင်းလဲမှုကို ငြငြိမ်းချချမ်းနန့် တောင်းဆိုလို့ မရကေ၊ ပြင်သစ်နိုင်ငံမှာ လည်ပတ်နိန်ရေ ငွေကြေးစနစ်ကို ပျက်အောင် လုပ်ဖို့ဆိုပနာ၊ ဆန္ဒပြရေ လူတိက ခြိမ်းခြောက်လာပါရေ။

“ဘဏ်တိရာ အားနည်းလားကေ၊ တိုင်းပြည်လည်း အားနည်းလားရေ။” ဆိုပနာ၊ အဝါရောင်အင်္ကျီဝတ် ဖက်တော်သား တာ့ဆ် ဆန်း(Tahz San)က သူ့ ဖေ့ဆ်ဘုတ်ခ်(Facebook)မှာ ရွီးထားပါရေ။ “အေဟင့်စွာ လက်ရှိ အစိုးရအတွက် အိမ်မက်ဆိုးဗျာလ်။” လို့လည်း ထပ်ရွီးထားပါသိမ့်ရေ။

လာဖို့ စနီနိမှာ ပြင်သစ်ဘဏ်တိက ရှိသမျှ စုထားရေ ဖေသာတိကို ထုတ်ကတ်ဖို့ နှိုးဆော်ထားပါရေ။ ရည်ရွယ်ချက်က “အကြမ်းဖက်မှု မပါဘဲ၊ အစိုးရကို ကြောက်အောင် တရားဝင်လုပ်စွာ။”လို့ ဆိုပါရေ။

အမှန်တကယ်ရာ လူအများကြီးက အစုလိုက်အပြုံလိုက် ဖေသာထုတ်ကတ်ကေ၊ ပြင်သစ်နိုင်ငံ ဘဏ်လုပ်ငန်း လှုပ်ခါလားနိုင်ပါရေ။ ဇာဖြစ်လို့ဆိုကေ၊ ဘဏ်တိစွာ ဖေသာစုထားရေ လူတိ ဖေသာကို တခြားနိန်ရာတိမှာ သုံးထားပနာ၊ ပမာဏ အနည်းချေကိုရာ ဘဏ်မှာ လက်ဝယ်ထားလို့ပါ။ ယကေလည်း ဘဏ်အများစုက ငွေထုတ်စက်(ATM)တိကို တရက်မှာ ဘလောက်ရာ ထုတ်လို့ရရေ ဆိုပနာ ထိန်းထားရေအတွက်၊ အဝါရောင်ဝတ်တိ ATM စက်တိက အများကြီး ထုတ်ယူဖို့ မဖြစ်နိုင်ပါ။ ဘဏ်မှာ တန်းစီပနာ ထုတ်မှရာ ရနိုင်ပါဖို့။ ယကေလည်း လူများကေ ဘဏ်လုပ်ငန်း လှုပ်ခါနိုင်ပါသိမ့်ရေ။

ခွင့်ပြုချက် မရှိဘဲ ဆန္ဒမပြရဆိုရေ အမိန့်ကို အစိုးရက ထုတ်ပြန်ထားလို့၊ အေပိုင် နည်းလမ်းသစ်နန့် ဆန္ဒပြဖို့ စီစဉ်လာကတ်စွာပါ။

© Reuters / Gonzalo Fuentes 

အစိုးရက လမ်းမှာ ဆန္ဒပြနိန်ကတ်ဖို့အစား၊ နောက်အပတ် လုပ်ဖို့စီစဉ်ထားရေ စကားနိုင်လုပွဲမှာ လာပြောကတ်ဖို့ တိုက်တွန်းထားပါရေ။ ယင်းစကားနိုင်လုပွဲမှာ၊ ရာသီဥတုပြောင်းလဲမှု၊ ဒီမိုကရစ်တဲ့စ် အကြောင်းအရာတိနန့် အခွန်ကိစ္စတိ၊ ပြည်သူ့ဝန်ဆောင်မှုတိအကြောင်းကို ဆွေးနွေးလားဖို့လို့ ဆိုပါရေ။