တခြားဂြိုလ်သားတိ ရှိနိုင်ခြေ ပိုများရေလို့ နာဆာပြော

0
1218
© NASA
© NASA

“တခြားဂြိုလ်တိမှာ သက်ရှိတိ ရှိနိုင်ရေဆိုစွာ၊ ကျွန်တော်ရို့ အယင် တွေးခစွာထက်၊ ပိုဖြစ်နိုင်ပါရေ။” လို့ နာဆာ အကြီးတန်း အရာရှိ တယောက်က ဝန်ခံထုတ်ပြောလိုက်တေအတွက်၊ ကဗာတဝှမ်းက တခြားဂြိုလ်သားတိကို စိတ်ဝင်စားကတ်တေ လူတိအတွက်၊ မီးပုံကို လောင်စာလောင်းပီးလိုက်တေပိုင် ဟုန်းခနဲ သတင်းတပုဒ် ဖြစ်လာပါရေ။

နာဆာ သိပ္ပံ စူးစမ်းရေးအဖွဲ့ ဒါရိုက်တာအဖွဲ့(NASA’s Science Mission Directorate) ပူးတွဲ အုပ်ချုပ်ရေးမှူး၊ နက္ခတ်ရူပဗေဒပညာရှင် သိုးမာ့ဆ် ဇာဘူချန်း(Thomas Zurbuchen)က ဘော်ဆတွင် တက္ကသိုလ်( Boston University)ကို “ကျွန်တော်ရို့ အယင် ရီ၊ ရှုပ်ထွီးရေ မော်လီကျူးတိ ကဗာ့အပြင်ဖက် ကဗာတိမှာ ရှိဖို့ မဟုတ်လို့၊ သံသယ ရှိခကတ်ပါရေ။ ယကေလည်း၊ လက်တွိမှာ ယင်းချင့်တိ ရှိနိုင်ခြေက၊ ကျွန်တော်ရို့ အယင်ထက်ခစွာ ပိုအလွယ်တကူ ရှိနိုင်ရေဆိုစွာကို တွိလာရပါရေ။” လို့ ပြောလားပါရေ။ ယင်းပိုင် ရီနန့် ရှုပ်ထွီးရေ မော်လီကျူးတိ ရှိနိန်ရေ နိန်ရာတိမှာ တခြားသက်ရှိတိ ဖြစ်လာနိုင်ရေလို့ ဆိုပါရေ။

“ကျွန်တော်ရို့နန့် အပါးချေ မာကျူရီဂြိုလ်က ဝင်ရိုးစွန်း ဂျိုင်ကြီးတိအပါအဝင်၊ နိန်ရာတိုင်းမှာ၊ ကျွန်တော်ရို့ အယင် ထင်ခစွာထက် သက်ရှိတိ ရှိနိုင်ပါရေ။” လို့လည်း ဇာဘူချန်း က ရှင်းပြလားပါရေ။

အာကာသ ခရီးလားလုပ်ငန်း ပတ်သတ်လို့လည်း “အမှန်တကယ် အရေးကြီးရေ အတွိအကြုံ တမျိုးပါ။ နောက်ဆို အာကာသထဲကို အလည်လားစွာက၊ ပါးရဲ့စ်မြို့ကို အလည်လားစွာလောက် လွယ်ကူလာပါဖို့။” လို့ ဆိုပါရေ။

ယကေလည်း၊ သူကိုယ်တိုင် အာကာသထဲကို ခရီးတခေါက် လားဖို့အတွက်တော့၊ လပေါင်း အင်တန်ကြကြာ ပြပြင်းထထန် လေ့ကျင့်မှုမျိုးတိတော့ မလုပ်ချင်လို့လည်း ထပ်ပြောလားပါရေ။

မားစ်ဂြိုလ်ကို နယ်ချဲ့ဖို့စွာ၊ ဒုတိယ ကဗာအမျိုးအစား တခုကို ရှာဖို့စွာထက်၊ လက်ရှိကဗာကြီးကိုရာ ပိုကောင်းအောင် ထိန်းသိမ်းသင့်ရေလို့လည်း ဇာဘူချန်း က တိုက်တွန်းလားပါရေ။

Thomas Zurbuchen, the associate administrator for the Science Mission Directorate. © NASA / University of Michigan
Thomas Zurbuchen, the associate administrator for the Science Mission Directorate. © NASA / University of Michigan

နာဆာ အုပ်ချုပ်ရေးမှူးက သူက လက်ရှိကဗာကြီးကိုရာ အချိန်အများကြီး ပီးဗျာလ် ပိုအာရုံစိုက်တေလို့ ဆိုပါရေ။ ကဗာကြီး အနာဂတ် လုံခြုံရေးနန့်၊ ရာသီဥတု အပြောင်းအလဲတိနန့် ကဗာကြီး ပျက်စီးနိန်စွာတိကို ဖြေရှင်းဖို့ မကြိုးစားကတ်ဘဲ၊ ကဗာသစ်ကို ရှာဖို့ ကြိုးစားကတ်စွာက လုံးလုံးကို အကျိုးမရှိရေ အလုပ်မျိုးလို့လည်း၊ ဇာဘူချန်း က ပြောလားပါရေ။