ဘရာဇဲလ်မှာ တာကြီးတခု ပေါက်စွာကို စီစီတီဗွီ မှတ်တမ်းမှာ ကြောက်ခမန်း မြင်တွိနိုင်

0
1155
View from above of a dam owned by Brazilian miner Vale SA that burst, in Brumadinho, Brazil January 25, 2019. © Reuters / Washington Alves
View from above of a dam owned by Brazilian miner Vale SA that burst, in Brumadinho, Brazil January 25, 2019. © Reuters / Washington Alves

ဘရာဇဲလ်နိုင်ငံမှာ သတ္တုတူးဖော်ရေး တာကြီးတခု ပေါက်ကျလားစွာကို၊ စီစီတီဗွီ မှတ်တမ်းတင် ဗီဒီယိုမှာ ကြောက်ခမန်းလိလိ တွိရပါရေ။ အနည်းဆုံး လူ ၃၀၀ သီဆုံး (ဝါ) ပျောက်ဆုံးနိန်ပါရေ။

၂၀၁၉ ခုနှစ် ဂျန်နဝါရီလ ၂၅ ရက်က ဘရာဇဲလ်နိုင်ငံ၊ မီနာ့ဆ် ဂျီရိုင်ဆ်(Minas Gerais) ပြည်နယ်မှာ အေတာကြီး ပေါက်ကျလားစွာပါ။

ဘရာဇဲလ်နိုင်ငံ၊ တီဗွီ ဂလိုဘို(TV Globo) သတင်းဌာနက၊ ဆည် စပေါက်လာရေ စီစီတီဗွီ ရုပ်သံဖိုင်ကို လွင့်ထုတ်ပြလားပါရေ။ သတ္တုတွင်းက တူးထုတ်ထားရေ မြေဇာပုံတိကို ထိန်းထားရေ တာကြီး ကျိုးပေါက်လားပနာ၊ တွိသမျှ လမ်း၊ အဆောက်အဦး၊ ရွာ အတားအဆီးတိ အားလုံးကို ဝါးမြိုဖုံးလွှမ်းလားပါရေ။

အနည်း လူ ၁၁၀ ယောက် သီဆုံးလားပနာ၊ ၂၃၈ ယောက်ကို ရှာမရသိမ့်ပါ။

ယင်းသတ္တုတွင်းကို ပိုင်ရေ ကင်ပဏီက ဗဲလ် အပ်ဆ်အေ(Vale SA) ပါ။ ယင်းကင်ပဏီကို အေပိုင် တာကျိုးအောင်ထိ ဖြစ်လာရရေ၊ လုပ်ရပ်တိအတွက် ရီယဲလ်ဆ်(reals) သန်း ၂၅၀ (အမေရီကန်ဒေါ်လာ ၆၆.၃၂ သန်း) ဒဏ်ရိုက်ထားပါရေ။ ဘရာဇဲလ်နိုင်ငံ သမိုင်းမှာ အကြီးဆုံး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလို့ ဆိုပါရေ။

၂၀၁၅ ခုနှစ်က၊ အေဒေသမှာဗျာလ် အေကင်ပဏီကြောင့်၊ အေပိုင် တာမျိုးတခု ပေါက်ကျခဖူးလို့၊ လူ ၁၉ ယောက် သီဆုံးခပနာ၊ လူရာချီပနာ နိန်ရာ ရွိပြောင်းခရဖူးပါရေ။

မှတ်ချက် – ရီတာတမံ၊ သတ္တုတူးဖော်ရေး စီမံကိန်းတိနန့် အပါးမှာ နိန်ထိုင်ရေ လူတိ သတိထားသင့်ပါရေ။