ဥရောပတိုက်သားတိ အမေရိကတိုက်ကို နယ်ချဲ့ရေခါ ဒေသခံတိကို သုတ်သင်လိုက်လို့ ကဗာကြီး အအီးဓါတ်လွှမ်းလား

0
1267
Polar vortex hitting Chicago, Illinois, U.S., January 29, 2019. © REUTERS/Pinar Istek
Polar vortex hitting Chicago, Illinois, U.S., January 29, 2019. © REUTERS/Pinar Istek

၁၇ ရာစုမှာ “ရခဲခေတ်ချေ(Little Ice Age)” ဖြစ်ခရစွာ၊ ဥရောပတိုက်သားတိ အမေရိကတိုက်ကို နယ်ချဲ့ခစွာနန့် ဆက်စပ်နိန်ရေလို့၊ လေ့လာမှုအသစ်တခု ထွက်ပေါ်လာပါရေ။ ဥရောပတိုက်သားတိ အမေရိကတိုက်ကို နယ်ချဲ့ရေခါ၊ ဒေသခံ ၅၅ သန်းကို သုတ်သင်လိုက်တေအတွက်၊ ယင်းလူတိ စိုက်ပျိုးမြေတိလည်း တောတိအဖြစ်ကို ပြောင်းလဲလားပနာ၊ ယင်းတောတိက အပင်တိ လီထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တိကို စုပ်ယူလိုက်လို့၊ ကဗာကြီးကို အအီးဓါတ် လွှမ်းခြုံလားရေလို့ ဆိုပါရေ။

ယင်းပိုင် ရာသီဥတု ရုတ်တရက် ပြောင်းလဲလားရေအတွက်၊ အမေရိကတိုက်စွာ “အလယ်အလတ် ရခဲခေတ်”(mini ice age) တခုပိုင် အအီးဓါတ်ကို ခံစားခရရေလို့ ဆိုပါရေ။ ယင်း လွန်ခရေ ၄ ရာစုလောက်က၊ ကဗာကြီး အပူချိန် ရုတ်တရက် ထိုးကျလားစွာကို “ရခဲခေတ်ချေ(Little Ice Age)” လို့ ကဗာမှာ လူသိများပါရေ။

လင်ဒင်ကောလိပ်တက္ကသိုလ်(University College London)က သိပ္ပံပညာရှင် တစုက၊ အေပိုင် ကဗာကြီးကို အအီးဓါတ် လွှမ်းခြုံလားရစွာကို၊ ကဗာသစ်မှာ ရတနာသိုက်တိနန့် ဘဝသစ်တိကို လားရှာကတ်တေ ဥရောပတိုက်သားတိကိုရာ အဓိက တရားခံတိအဖြစ် သတ်မှတ်ရဖို့လို့ ပြောလိုက်ပါရေ။

ဗြိတိသျှ် သုတေသီတိက ယင်းပိုင် ဥရောပတိုက်သားတိ ကျူးကျော်လို့ ဒေသခံတိ “တောင်ပုံယာပုံ သီပွဲ”(Great Dying) ဆင်ခရရေ ရလာဒ်က၊ ကဗာမှာ အအီးဓါတ်ကျဆင်းလားရစွာနန့် အဓိက ဆက်စပ်ရေလို့ ဆိုပါရေ။ ယင်းကာလမှာ အမေရိကတိုက်က မူလဒေသခံတိစွာ၊ ကူးစက်ရောဂါဒဏ်၊ စစ်ဒဏ်၊ ကျွန်အဖြစ် အသုံးခံရရေ ဒဏ်၊ အစာငတ်ရေ ဒဏ်တိနန့် သီကတ်၊ နိန်ရပ်ကို စွန့်ခွာကတ်ရလို့ စိုက်ပျိုးမြေ ဟတ္တာ ၅၆ သန်းကို စွန့်လွတ်ခရရေလို့ ဆိုပါရေ။

ယင်းစိုက်ပျိုးမြေတိက တောအသွင်ကို ပြောင်းလားပနာ၊ အပင်တိက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူကတ်လို့၊ ကဗာကြီး အအီးဓါတ် ပိုများလာရေလို့ ဆိုပါရေ။

၁၄၉၂ ခုနှစ် ဥရောပတိုက်သားတိ အမေရိကတိုက်ကို ခြီမချခင်၊ မူလ အမေရီကန် ၆၀.၅ သန်း နိန်ထိုင်လို့ ရှိရေလို့ ဆိုပါရေ။ ၁၆၀၀ ခုနှစ်ကို ရောက်ခါ၊ ယင်းမူလဒေသခံ အမေရီကန် ၉၅% (ဝါ) ၅၆ သန်း သီဆုံးလားရေလို့ ဆိုပါရေ။ အေတွိရှိချက် စာတမ်းကို အယင်ပတ်က Quaternary Science Reviews မှာ ဖော်ပြထားပါရေ။

စိုက်ပျိုးမြေ ဟတ္တာ ၅၅.၈ သန်း (ဧက ၁၃၈.၃ သန်း)က တော ဖြစ်လားရေအတွက်၊ ကာဗွန် ၇.၄ ပန်တာဂရမ်(pentagram)ကို စုပ်ယူလားရေလို့ ယင်းစာတမ်းမှာ ဖော်ပြထားပါရေ။ ကာဗွန် ၁ ပန်တာဂရမ်စွာ သန်း ၁ ထောင် မတ်ထရိုက်တန်(a billion metric tons)နန့် လားပနာ ညီမျှပါရေ။

“အမေရိကတိုက်မှာ မူလဒေသခံ တောင်ပုံယာပုံ သီလားစွာက၊ ကဗာ့ လီထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ရုတ်တရက် ကျဆင်းလားစွာနန့် ဆက်စပ်နိန်ပါရေ။” လို့ ယင်းစာတမ်းမှာ ကောက်ချက်ချထားပါရေ။

အေစာတမ်းက လူတိ လုပ်လို့ ကဗာကြီးမှာ ရာသီဥတု ပြောင်းလဲမှုတိ ဖြစ်ပေါ်နိန်ရေ ဆိုစွာကို သာဓက အဖြစ် သက်သီပြနိန်ပါရေ။

မှတ်ချက် – လူ့အခွင့်အရေးနန့်၊ တရားမျှတရေးကို ရှိတန်းတင်လေ့ ရှိရေ၊ သူတော်ကောင်းယောင်ဆောင် ဥရောပတိုက်သားတိ မူလဇာတ်မြစ်နန့်၊ ဇာတိရုပ်ကိုလည်း အေစာတမ်းကို သုံးသပ်ကြည့်ကေ သတိထားမိပါလိမ့်မေ။ အထူးသဖြင့် ဥရောပစာပီကို ဖတ်ပနာ၊ ဥရောပတိုက်သားတိကို အထင်ကြီးလေ့ရှိရေ ရခိုင်ပညာတတ်လူငယ်ချေတိ သတိမူသင့်ပါရေ။