အသက် ၃၀ အထက် အပျိုကြီး တရုတ်မတိ အဖော်ရှာဖို့ “အချစ်ခွင့်” တရားဝင် ပိုပီး

0
1976
FILE PHOTO: Couples attend a group wedding ceremony in Hunan province, China © Reuters
FILE PHOTO: Couples attend a group wedding ceremony in Hunan province, China © Reuters

တရုတ်နိုင်ငံ အရှိပိုင်းဒေသက၊ အရှည်ဆုံး တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်တိမှာ၊ အသက် ၃၀ ကျော်ပနာ၊ အိမ်ထောင် မရှိရေ ကလိမ့်မေတိအတွက်၊ အဖော်ရှာဖို့ဆိုပနာ “အချစ်ခွင့်” ခွင့်ရက်ရှည်ကို တချို့ အလုပ်ရှင်တိက ထပ်တိုးပီးလိုက်ပါရေ။

တရုတ်နိုင်ငံမှာ တချိန်က ဆင်းမင်းဆက်(Song dynasty) ကြီးစိုးခရေ၊ ဟန်ဇူးဒေသ(Hangzhou)က ကဗာလှည့်ခရီးသည်တိ အများကြီးလည်ပတ်ရေ ဆင်းရှန်းပန်းခြံ(Songcheng theme park)မှာ ကဗာလှည့်ခရီးလားလုပ်ငန်း အလုပ်လုပ်တေ ကင်ပဏီကြီး ၂ ခုက တရုတ်နှစ်သစ်ကူး(Chinese New Year)လို့ လူသိများရေ၊ နွေဦးပွဲတော်(Spring Festival) ရုံးပိတ်ရက်တိမှာ၊ အိမ်ထောင် မရှိရေ၊ အသက် ၃၀ ကျော် ကလိမ့်မေတိအတွက်၊ အဖော်ရှာဖို့ဆိုပနာ၊ နောက်ထပ် ခွင့် ၁၅ ရက်စီ၊ ထပ်တိုးပီးလိုက်ပါရေ။

ပုံမှန် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်က ဖေဘြူဝါရီလ ၄ ရက်နိကနိန် ၁၀ ရက်နိထိ ဖြစ်ပါရေ။ ယကေလည်း အသက် ၃၀ ကျော် အပျိုကြီးတိကို “ချိန်းတွိဖို့ ခွင့်ရက်”(dating leave)ဆိုပနာ၊ နောက်ထပ် ၁၅ ရက် ခွင့်ပိုပီးလိုက်ပါရေ။ အဖော်ရာ ရခဖို့ဆိုကေ၊ အေထက်တောင် ခွင့်ပီးဖို့သိမ့်လို့လည်း ကင်ပဏီတိက အသိပီးထားပါရေ။

အေလအစောပိုင်းကလည်း၊ အေဒေသက အလယ်တန်းကျောင်း တကျောင်းမှာ၊ အိမ်ထောင် မရှိ၊ အချေ မရှိရေ၊ ဆရာ၊ ဆရာမတိအတွက် “အချစ်ခွင့်”(“love leave”)ဆိုပနာ ၁ လကို ၂ ခါစီ၊ ခွင့်ယူခွင့်ပီးထားပါရေ။

တရုတ်နိုင်ငံမှာ အသက် ၃၀ ကျော်ပနာ အိမ်ထောင်မရှိရေ ကလိမ့်မေတိကို “ဂေါ်မစွံမတိ”( “leftover women”)တိ သတ်မှတ်ထားပါရေ။ အသက် ၂၅ နှစ် ကျော်လားရေ ကလိမ့်မေတိစွာ၊ ယောင်္ကျားတိကို ဆွဲဆောင်မှု အားနည်းလားပနာ၊ အိမ်ထောင်ကျဖို့ ခက်လားဗျာလ်လို့လည်း ယူဆကတ်ပါရေ။ နောက်တခုက တရုတ်မတိ အများစုစွာ အလုပ်ကို ပိုအာရုံစိုက်လာကတ်တေအတွက်၊ အိမ်ထောင်ပြုဖို့ အာရုံဝင်စားမှု ပိုနည်းလာရေလို့ ဆိုပါရေ။

မှတ်ချက် – နောက်ထပ် ကဗာကို ကြီးစိုးလာဖို့နိုင်ငံတိစွာ၊ လက်ရှိ အသက် ၂၅ နှစ်အောက် အရွယ်များရေ နိုင်ငံတိ ဖြစ်လာရေဆိုစွာ ကဗာ့ သုတေသနတိမှာ တွိလာရပါရေ။ တချိန်က သားခြားဆက်ပညာပီး လုပ်ငန်းတိနန့်၊ အချေ အနည်းဆုံးယူစွာ ကောင်းရေဆိုရေ အယူအဆတိလည်း မှားယွင်းရေလို့ ကဗာမှာ သိလာကတ်ပါရေ။ တချို့နိုင်ငံတိမှာ လူဦးရေ ကျဆင်းလာနိန်ပနာ၊ မျိုးဆက်သစ်တိ နည်းနိန်လို့၊ အချေတိ အများကြီးယူကတ်အောင်၊ အသည်းအသန် ပြန်ပနာ ပညာပီးနိန်ကတ်ပါရေ။ တရုတ်နိုင်ငံက တမိသားစုမှာ အချေတယောက်ရာ ယူရဖို့ဆိုရေ ဥပဒေကိုလည်း၊ မှားမှန်းသိလို့ ပြန်ရုပ်သိမ်းလိုက်ပါဗျာလ်။ ဥပမာ – လက်ရှိ ရခိုင်လင်မယား ၂ ယောက်က၊ အချေ ၁ ယောက်ရာ ယူကတ်ဖို့ဆိုကေ၊ နောက် နှစ် ၃၀၊ နှစ် ၄၀ လောက်ကြာကေ၊ ရခိုင်လူဦးရေ တဝက်ရာ ကျန်ခဖို့ဆိုစွာကို ရခိုင်သားတိုင်း သတိပြုသင့်ပါရေ။ ယင်းအတွက်နန့် ရခိုင်ပြည်မှာ အဖွဲ့အစည်းတိက သားခြားဆက်ပညာတိ စနစ်တကျ ဖြန့်ဖြူးလာစွာရေ၊ ကောင်းရေ လုပ်ဆောင်ချက် မဟုတ်ဆိုစွာ၊ ရခိုင်သားတိ သတိထားသင့်ပါရေ။