တရုတ်လုပ် စိန်တိ ကဗာ့စျီးကွက်ကို လွှမ်းမိုးဖို့ အသင့်

0
2469
© Getty Images
© Getty Images

တရုတ်နိုင်ငံစွာ တွင်းထွက် စိန်တိကို အများဆုံး ဝယ်ယူရေ နိုင်ငံ ဖြစ်တေပိုင်၊ အဂုအခါ တရုတ်နိုင်ငံက ထုတ်လုပ်တေ၊ လူလုပ် စိန်တိကိုလည်း ကဗာ့စိန်စျီးကွက်ကို လွှမ်းမိုးဖို့ အသင့်ဖြစ်နိန်ရေလို့ စျီးကွက်သုတေသီတိက ဆိုပါရေ။

ပုံမှန် တွင်းထွက် စိန်တလုံး ဖြစ်ဖို့အတွက်၊ နှစ်သန်း ထောင်ချီပနာ ကြာကေလည်း၊ လူလုပ် စိန်တလုံး ဖြစ်ဖို့အတွက်၊ ၅ ရက်လောက်ရာ ကြာရေလို့ ဆိုပါရေ။

တရုတ်ကင်ပဏီတိက နည်းပညာကို မြှင့်တင်ပနာ အချိန်အတိုချေနန့် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းထားကတ်ပါရေ။ ထူးခြားချက်က၊ တွင်းထွက် စိန်နန့် လူလုပ် စိန်ကို လုံးဝ ခွဲခြားလို့ မရစွာပါ။

စိန်စျီးကွက် ခန့်မှန်းချက်အရ၊ တရုတ်ကင်ပဏီတိစွာ လွန်ခရေ ဆယ်စုနှစ်ထဲမှာ အနည်းဆုံး စိန်ကာရပ်(carat) သန်း ၁ သောင်း(10 billion carats) ကျော် နှစ်တိုင်းထုတ်နိန်ရေလို့ ဆိုပါရေ။ အများစုကို စက်မှုလုပ်ငန်းတိမှာ တိုက်စားဖို့ ပစ္စည်းတိအဖြစ် ထုတ်လုပ်ပနာ၊ နက္ခတဗေဒ၊ ရနံရှာဖွေရေးနန့်၊ အလတ်ထရွင်းနဲ့ ပစ္စည်းတိမှာလည်း သုံးဖို့ ထုတ်လုပ်တေလို့ ဆိုပါရေ။

ယှဉ်ပြိုင်မှုတိ မြင့်တက်လာပနာ၊ နည်းပညာလည်း အတွိအကြုံ ရင့်ကျက်လာရေအတွက်၊ အဂုအခါ စက်မှုလုပ်ငန်းသုံး ပစ္စည်းကနိန်၊ အလှဆင်သုံး ပစ္စည်းအဖြစ်ကို ပြောင်းထုတ်ဖို့ လုပ်လာကတ်ဗျာလ်လို့ ဆိုပါရေ။

ဆီနို-ပုံဆောင်ခဲ(Sino-Crystal) ကင်ပဏီက၊ အထွေထွေမန်နဲဂျာ လျူ ယင်ကျီ(Liu Yongqi)က၊ သူရို့ ကင်ပဏီစွာ ၁ နှစ်ကို စိန်ကာရပ် ၂ သန်း နန့် ၃ သန်း ကြား ထုတ်လုပ်တေလို့၊ ဇိမ်ဟွာ သတင်းဌာန(Xinhua News Agency)ကို ပြောလားပါရေ။

“ကျွန်တော်ရို့ ၂၀၁၄ ခုနှစ်ကပင်၊ လက်ဝတ်ရတနာအဆင့် စိန်အရည်အသွေးကို ထုတ်နိုင်ခပါရေ။” လို့လည်း ပြောလားပါရေ။

နယူးယော့ခ်မြို့က စိန် လေ့လာရေ လူ ပေါလ် ဇင်းနဲ့ဆကီး(Paul Zimnisky)က “အရေးတကြီး သိထားဖို့ လိုရေ အချက်တချက်က၊ လူလုပ်စိန်ရေ အရည်အသွေး နိမ့်နိန်ကေလည်း၊ အရည်အသွေး မြင့်လာအောင် ထပ်မြှင့်တင်နိုင်စွာ ဖြစ်တေ။” လို့ ပြောလားပါရေ။

“တရုတ်က လူလုပ်စိန်တိကို လက်ဝတ်ရတနာအဆင့်၊ တစိတ်တပိုင်းရာ ပြောင်းထုတ်နိုင်သိမ့်ကေလည်း၊ ကဗာ့စိန်စျီးကွက်ကို အများကြီး လွှမ်းမိုးမှု ရှိလာနိုင်ရေ။ ဇာဖြစ်လို့ဆိုကေ၊ တွင်းထွက်စိန်က တနှစ်ကို ကာရပ် သန်းအနည်းချေရာ ရနိုင်လို့ ဖြစ်တယ်။” လို့ ဇင်းနဲ့ဆကီး က ဆက်ရှင်းပြလားပါရေ။

လက်ရှိမှာ လူလုပ်စိန်က စျီးကွက်မှာ ၃% ကနိန် ၅% အထိရာ ရှိသိမ့်ကေလည်း၊ ထုတ်လုပ်မှုက ကကောင်းကို အရှိန်အဟုန်နန့် တိုးတက်နိန်ရေလို့ ဆိုပါရေ။

လူလုပ်စိန်က ၁ နှစ်ကို ၂၂% နှုန်းနန့် တိုးတက်နိန်ပနာ၊ လက်ရှိစျီးကွက် အမေရီကန်ဒေါ်လာ သန်း ၁၉၀၀ ကနိန်၊ ၂၀၂၃ ခုနှစ် ရောက်ကေ အမေရီကန်ဒေါ်လာ သန်း ၅၂၀၀ ထိ တက်လာဖို့လို့ ဇင်းနဲ့ဆကီး က ရှင်းပြလားပါရေ။

“တရုတ်ထုတ် စိန်တိ အရည်အသွေးကလည်း ကျွန်တော့် မျက်စိ ရှိမှာကို တရိပ်ရိပ် တိုးတက်ကောင်းမွန်လာစွာကို တွိနိန်ရပါရေ။” လို့လည်း ဇင်းနဲ့ဆကီး က ပြောလားပါသိမ့်ရေ။

မှတ်ချက် – စိန်ကို တတ်ကျွမ်းနားလည်မှု မရှိဘဲ၊ ရင်းနှီးမြှပ်နှံမှု မလုပ်ကတ်ဖို့ သတိပြုကတ်ပါ။