သိပ္ပံပညာရှင်တိ လူခြီလက်တိကို ဖန်တီးနိုင်ဖို့ဗျာလ်လာ? ကြွက်မှာ ဖန်းတီးနိုင်ဗျာလ်

0
1638
File Photo: © Pexels / Pixabay
File Photo: © Pexels / Pixabay

သိပ္ပံပညာရှင်တိက ခြီလက်ပြတ်နိန်ရေ ကြွက်တိမှာ၊ ပထမဆုံးအကြိမ် အရိုးဆက်တိ၊ အရိုးတဲ့ရှူးကို ဖန်တီးပနာ၊ ပကတိအကောင်းဖြစ်အောင်၊ ပြန်ဆက်နိုင်ဗျာလ်လို့ ဆိုပါရေ။ အေအတိုင်းဆိုကေ၊ ခြီလက်ပြတ်နိန်ရေ လူတိမှာလည်း၊ ကိုယ်အင်္ဂါတိကို မကြာခင် ပြန်ဆက်ပီးနိုင်ဖို့ အလားအလာ ရှိရေလို့ ဆိုပါရေ။

အမေရီကန်ပြည်ထောင်စု တတ္ကဆတ်ဆ် အေအန်အမ်း တက္ကသိုလ်(Texas A&M University)က သိပ္ပံပညာရှင်တိစွာ၊ ကိုယ်အင်္ဂါပျက်စီးနိန်ရေ ကြွက်တိမှာ၊ ဘီအမ်းပီ ၂ (BMP2) နန့် ဘီအမ်းပီ ၉(BMP9) ပရိုတိန်း ၂ မျိုးကို သုံးပနာ၊ ခြီလက်တိကို ပြန်ဖန်တီးနိုင်ဗျာလ်လို့ ဆိုပါရေ။

“ပြန် မထွက်နိုင်ဘဲ ရှိနိန်ရေ ဒဏ်ရာဟောင်းထဲက၊ ခြီလက်တိ ပြန်ထွက်လာအောင်၊ နှိုးဆော်ရေ ကုသနည်းတိကို အေသုတေသနတိမှာ သက်သီပြထားပါရေ။” လို့ သုတေသီတိက စာတမ်းမှာ ရှင်းပြထားပါရေ။

အေအတိုင်းဆိုကေ၊ မကြာခင်မှာ အင်္ဂါ ပျက်စီးနိန်ရေ လူခြီလက်တိကိုလည်း ပြန်ပနာ ထွက်လာအောင် ဖန်တီးလာနိုင်ဖို့ အနိန်အထားရှိနိန်ပါရေ။

“ကျွန်တော်ရို့ သုတေသနက အသွင်ကူးပြောင်းလာရေးကို လုပ်စွာပါ။” လို့ တတ္ကဆပ် အေအန်အမ်း တက္ကသိုလ်(Texas A&M University)က ကန် မူနီယိုကာ(Ken Muneoka)က သိပ္ပံပညာရှင်သစ်(New Scientist)ကို ပြောလားပါရေ။

အယင်က အရိုးကို ပြန်ကြီးလာအောင် ဖန်တီးနိုင်ခကေလည်း၊ အဂုပိုင် ကောက်နိုင်၊ ကွေးနိုင်ရေ အရိုးဆက်နိန်ရာတိကို မဖန်တီးနိုင်ခပါ။ အဂု ကြွက်တိ အောက်ခံရိုးကိ ၃ ရက်တည်းနန့် ၆၀% ထိ ပြန်ဖြစ်လာနိုင်အောင် လုပ်နိုင်ရေလို့ ဆိုပါရေ။ အေနည်းကို ထပ်လေ့လာပနာ၊ အနာဂတ်မှာ ပျက်စီးလားရေ ခန္ဓာကိုယ် အစိတ်အပိုင်းတိကို၊ တခြားလူတိဘားက အစိတ်အပိုင်းတိကို ထည့်စွာမျိုး မဟုတ်ဘဲ၊ ကိုယ့်ဆဲလ်တိကို ပြန်ကြီးထွားအောင် လုပ်ပနာ၊ ပြန်ဖန်တီးလာနိုင်ဖို့ဗျာလ်လို့ ဆိုပါရေ။

အေသုတေသန စာတမ်းကို သဘာဝ ဆက်သွယ်မှုတိ (Nature Communications)မှာ ဖော်ပြထားပါရေ။