အိန္ဒိယသမုဒ္ဒရာထဲမှာ ရှိရေ၊ မောရဲ့ရှပ်ဆ်နိုင်ငံ(Mauritius) ပိုင်၊ ကျွန်းတစုကို ဗြိတိချ် အစိုးရက၊ တရားမဝင် သိမ်းထားစွာရာ ဖြစ်တေလို့၊ နိုင်ငံတကာ တရားရုံး(International Court of Justice)က စီရင်ချက်ချလိုက်ပါရေ။ ဒိုင်ဂို ဂါစီယာ(Diego Garcia)ကျွန်းမှာ ရှိရေ ကျွန်းသူကျွန်းသားတိကို အမေရီကန် စစ်အခြေစိုက်စစ်စခန်းချဖို့အတွက်၊ အတင်းအားဓမ္မ နင်ထုတ်ခစွာလို့ စီရင်ချက်ထဲမှာ ဖော်ပြထားပါရေ။
ချာဂိုဆ် အာချီပီလာဂို(Chagos archipelago) ကျွန်းသူကျွန်းသားတိကို၊ အမေရီကန် စစ်အခြေစိုက်စခန်း ချနိုင်ဖို့အတွက်၊ ဗြိတိချ် အစိုးရစွာ ၁၉၆၇ ခုနှစ်ကနိန် ၁၉၇၃ ခုနှစ်အတွင်း၊ အတင်းအားဓမ္မ နင်ထုတ်ခရေလို့ ဆိုပါရေ။ ဗြိတိချ်အစိုးရစွာ အေကျွန်းတိကို အယင် မောရဲ့ရှပ်ဆ်နိုင်ငံပိုင်လို့ သတ်မှတ်ခကေလည်း၊ သူ့ကိုလိုနီ မောရဲ့ရှပ်ဆ်နိုင်ငံ လွတ်လပ်ရေး ယူရေအချိန်မှာ၊ ဖဲ့ချန်ထားခပနာ အဂုထိ ယူကေနိုင်ငံပိုင်အဖြစ် သိမ်းထားဆဲပါ။
“၁၉၆၈ ခုနှစ်မှာ မောရဲ့ရှပ်ဆ်နိုင်ငံ လွတ်လပ်ရေး ယူရေအချိန်မှာ၊ ချာဂိုဆ် အာချီပီလာဂို ကျွန်းတိကို၊ တရားမဝင် ခွဲထုတ်ပနာ၊ ကိုလိုနီသစ်အဖြစ် ဆက်ထားစွာရေ၊ ဥပဒေအရ ကိုလိုနီစနစ်ကို ဗြီးမြောက်အောင် အဆုံးသတ်ခစွာ မဟုတ်။” လို့၊ နိုင်ငံတကာ တရားရုံး(ICJ)က ၂၀၁၉ ခုနှစ်၊ ဖေဘြူဝါရီလ ၂၅ ရက်နိမှာ ထုတ်ပြန်ခရေအပြင်၊ “ယူကေနိုင်ငံ အနိန်နန့်၊ ချာဂိုဆ် အာချီပီလာဂို က အုပ်ချုပ်ရေးစနစ်တိကို အလျှင်မြန်ဆုံး အဆုံးသတ်ပီးဖို့” အတွက်လည်း တိုက်တွန်းထားပါရေ။
ကုလသမဂ္ဂ အထွေထွေညီလာခံ(UN General Assembly)မှာ မောရဲ့ရှပ်ဆ်နိုင်ငံက တောင်းဆိုထားရေ ဆုံးဖြတ်ချက်ကို၊ တရားသူကြီး ၁၄ ယောက်မှာ၊ ၁၃ ယောက်က မောရဲ့ရှပ်ဆ်နိုင်ငံဖက်က ရပ်တည်လားကတ်ပါရေ။ ဂါဒီယမ်း(The Guardian) သတင်းစာမှာတော့၊ ကဗာ့စင်မြင့်ထက်၊ လူပုံအလယ်မှာ ဗြိတိန်နိုင်ငံ ဂုဏ်သိက္ခာကို၊ အရှက်ခွဲခံလိုက်ရစွာနန့် တူရေ။”လို့ ဖော်ပြထားပါရေ။
နိုင်ငံတကာ တရားရုံး စာရွက်စာတမ်းတိမှာ၊ အမေရီကန် စစ်အခြေစိုက်စခန်း ချဖို့အတွက်၊ ဒိုင်ဂို ဂါစီယာ ကျွန်းမှာ လူနိန်ထိုင်စွာ မရှိဆိုပနာ၊ လင်ဒင်အစိုးရက၊ ဝါရှိန်တင်အစိုးရကို ပြောဗျာလ်၊ ၁၉၇၁ ခုနှစ်မှာ၊ ကျွန်းသူကျွန်းသား ၁၅၀၀ လောက်ကို၊ ကျွန်းကနိန် နင်ထုတ်ဗျာလ်၊ ပြန်မလာနိုင်အောင် တားဆီးထားရေလို့ ဆိုပါရေ။
နိုင်ငံတကာ တရားရုံး စာတမ်းမှာ၊ ၁၉၆၅ ခုနှစ် ဆပ်တန်ဘာလက ယူကေဝန်ကြီးချုပ် ဆာ ဟာရိုးဒ် ဝဲလ်ဆင်(UK PM Sir Harold Wilson)က၊ သူ့ ပုဂ္ဂိုလ်ရေး အတွင်းရေးမှူး ဆာ အိုလီဗာ ရိုတ်(Sir Oliver Wright)ကို စာရွီးထားရေ မှတ်တမ်းတခုမှာ အနာဂတ် မောရဲ့ရှပ်ဆ် ဂေါင်းဆောင် “ဆာ ဆီဝူးဆာဂါး ရမ်းဂူးလမ်း(Sir Seewoosagur Ramgoolam) နက်ဖြန် မိုးသောက် ၁၀ နာရီမှာ၊ မင်းကို လာတွိပါလိမ့်မေ။ ဦးတည်ချက်က ယင်းသူ့ကို မျှော်လင့်ချက်နန့် ခြောက်ရဖို့။ မျှော်လင့်ချက်က မင်းရို့ကို လွတ်လပ်ရေး ပီးဖို့။ ခြောက်ရဖို့စွာက ချာဂိုဆ် အာချီပီလာဂို ကျွန်းစုတိကို ချန်ထားခမှရာ လွတ်လပ်ရေးရစွာ ဖြစ်နိုင်ဖို့။” လို့ တွိရပါရေ။
အေဟင့်စွာ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၁၉၆၀ ထဲက ၁၅၁၄ မှာ ဖော်ပြထားရေ၊ ကိုလိုနီနိုင်ငံတိကို လွတ်လပ်ရေး မပီးခင်၊ နယ်မြေတိကို မခွဲခြမ်းရ ဆိုရေ အပိုဒ်ကို၊ ချိုးဖောက်ထားစွာ ဖြစ်တေလို့၊ အယင်နှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မောရဲ့ရှပ်ဆ်နိုင်ငံက တိုင်ကြားထားပါရေ။
“အဂု ဆုံးဖြတ်ချက်စွာ ကိုယ့်မြေကိုယ့်ယာကို အလိုဆန္ဒ မပါဘဲ စွန့်ခွာခရပနာ၊ ရာစုနှစ် တဝက်လောက် ပြန်လာခွင့် မရရေ၊ ချာဂိုဆ်ကျွန်းသားတိ(Chagossians) အပါအဝင်၊ မောရဲ့ရှပ်ဆ်နိုင်ငံနန့် ပြည်သူပြည်သားတိအတွက် သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်တေ။” လို့ မောရဲ့ရှပ်ဆ် ဝန်ကြီးချုပ် ပရာဗိန်း ကူးမား ဂျာနူး (Mauritius PM Pravind Kumar Jugnauth)က ဗြီးခရေ ဖေဘြူဝါရီလ ၂၅ ရက်နိက ပြောလားပါရေ။ “ကျွန်တော်ရို့ နယ်မြေထဲမှာ ယင်းကျွန်းတိကိုအဗြီးသတ် ပြန်ထည့်ပြီးရေ နောက်မှာ၊ ချာဂိုဆ်ကျွန်းသားတိနန့်၊ အဆက်အနွယ်တိ ကိုယ့်မြီကိုယ့်ယာကို ပြန်လာနိုင်ကတ်ဖို့ဗျာလ်။” လို့လည်း ပြောလားပါရေ။
“အေဟင့်စွာ ကိုလိုနီဝါဒကို အဆုံးသတ်လိုက်စွာလည်း ဖြစ်တေ။” လို့ ဆိုလားပါရေ။
Today the world’s top court, the ICJ, found the UK acted illegally.
UK government told US it was using the “environmental lobby” to thwart the return of #Chagos Islanders it had forcibly removed to make way for a US military base.
The cable: https://t.co/1TyzxRjNvn pic.twitter.com/jBw51RCTID
— WikiLeaks (@wikileaks) February 25, 2019
လင်ဒင်အစိုးရက ချာဂိုဆ်ကျွန်းသားတိ ကိုယ့်နိန်ရပ် မပြန်နိုင်အောင်၊ နည်းလမ်းမျိုးစုံနန့် တားဆီးနိန်ခပါရေ။ ၁၉၈၀ ခုနှစ်တိမှာ ချာဂိုဆ်ကျွန်းသား ၁၄၀၀ လောက်ကို၊ ပေါင်ဆတာလင် ၄ သန်းလောက် ပီးပနာလည်း တားဆီးဖူးခပါရေ။
အေဆုံးဖြတ်ချက် ထွက်လာဗြီးရေနောက်မှာ၊ ဗြိတိချ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ” အိန္ဒိယ သမုဒ္ဒရာ ဗြိတိချ် ပိုင်မြေ (British Indian Ocean Territory(BIOT)) က ကာကွယ်ရေးစနစ်တိက ဗြီတိန်နိုင်ငံနန့် ကဗာတဝှမ်းမှာ ရှိရေ လူတိကို၊ အကြမ်းဖက်တိုက်ခိုက်မှုတိ၊ အုပ်စုဖွဲ့ ဒုစရိုက်မှုတိ၊ ပင်လယ်ဓါးပြတိုက်မှုတိက ကာကွယ်ပီးထားပါရေ။” လို့ ပြောလားပါရေ။ အိန္ဒိယ သမုဒ္ဒရာ ဗြိတိချ် ပိုင်မြေဆိုစွာ ချာဂိုဆ်ကျွန်းစုတိကို ဗြိတိချ်လူမျိုးတိက ခေါ်စွာပါ။ အေကျွန်းတိကို ဗြိတိချ်တိက အမေရီကန်တိကို တခါ စစ်အခြေစစ်စခန်းအတွက် ပြန်ငှားထားပါရေ။