သီရေးရှင်ရေး အကျဉ်းအကျပ်ထဲ အသက်ရှင်ဖို့ စိုက်ပျိုးနည်း

၁) ရီသန့်ဗူးခွံ၊ အချိုရည်ဗူးခွံတိနန့် ပဲပင်ပေါက် စိုက်ပျိုးနည်း

အချိန် ၄ ရက် နန့် ၆ ရက်ကြားမှာ အေပိုင် ရီသန့်ဗူးချေ တဗူးနန့် ပဲစိကနိန် ပဲပင်ပေါက်ကို ဖောက်နိုင်ပါရေ။ ပဲပင်ပေါက်မှာ ဗီတာမင်ဓါတ်တိ အများကြီးပါရေအတွက်၊ အသက်ရှင်ဖို့အတွက် ကကောင်း အထောက်အကူ ပြုပါရေ။ ၁၀ မိနစ် အချိန်ပီးပနာ အောက်က ဗီဒီယိုကို ကြည့်ပါ။

လုပ်ပုံလုပ်နည်း –

  • ပလက်စတိတ်ဗူးတလုံးကို ပဲပင်ပေါက်စိထက် ငယ်ရေ အပေါက်ချေတိ ဖောက်ပါ။
  • ပဲပင်ပေါက်စိတိက အမှိုက်တိကို ဖယ်ပနာ ရီနန့် ဆီးပလိုက်ပါ။
  • ရအီး ၃ ခွက်၊ ရပူ ၂ ခွက် စပ်ထားရေ၊ ရနွီးမှာ ၁ နာရီ ကြာအောင် စိမ်ထားပါ။
  • အလင်း မဝင်နိုင်ရေ အမဲရောင် ပလက်စတိတ် အိတ် ၁ လုံးထဲမှာ အလျှားလိုက် အမှောင်ချ ထည့်ထားပါ။
  • ၁ ရက်ကို ၂ ခါ၊ ၅ မိနစ်စီ ရီ စိမ်ပီးပါ။
  • ရီစစ်ပနာ အမှောင်ထဲမှာ ပလက်စတိတ်အိတ်အမဲနန့် ဖုံးဗျာလ် ပြန်ထည့်ထားလိုက်ပါ။
  • ၁ ရက်ကြာကေ အညှောင့်ချေတိ ထွက်လာစွာကို တွိရပါလိမ့်မေ။
  • ၄ ရက်ကြာကေ ပဲပင်ပေါက်က စားဖို့ အဆင်သင့် ဖြစ်ပါဗျာလ်။

၂) ကင်းစွန်း၊ မုန်ညှင်း၊ မုန်လာပင် အစရှိရေ အပင်တိကို စိုက်ကေ၊ ၂၁ ရက် နန့် ၄၅ ရက် အတွင်း စားသုံးနိုင်ပါရေ။ မြေပြင်ကျယ်ကြီးမှာ လားစိုက်စရာ မလိုဘဲ၊ ရီစုပ်နိုင်ရေ ဖော့ပြား၊ ရာဘာပြား၊ အဝတ်စုပ်၊ ပဆိုးစုပ်၊ ဖွဲခွံ၊ လွှစာမှုန့် အစရှိစွာတိမှာ ရီလောင်းပနာ အောက်က နည်းပညာအတိုင်း စိုက်ပျိုးနိုင်ပါရေ။

၃) ကြက်သွန်ဖြူပင်ကို ပလက်စတိပ်ဗူးနန့် စိုက်ပျိုးနည်း

၄) ကြက်သွန်နီပင်ကို ကြက်ဥဖာနန့် စိုက်ပျိုးနည်း

၅) အာလူ၊ ကင်းစွန်းဥပင်တိကို တောင်း၊ ခြင်း၊ မြေအိုး၊ ပလက်စတိပ်အိုး အစရှိစွာတိနန့် စိုက်ပျိုးနည်း

တခြားစိုက်ပျိုးနည်းတိကိုလည်း အောက်က လိင့်ခ်မှာ လားရှာကြည့်နိုင်ပါရေ။

https://greatarakan.com/category/tech/agriculture/