အလီးအများကြီး မ,နိုင်ရေ ဒရုန်းဆိုစွာဇာလဲ?
ပုံမှန် ဒရုန်းတိက အလီးချိန် ၂ ပေါင် ကနိန် ၄ ပေါင် လောက်ထိရာ မ,နိုင်ကတ်ပါရေ။ အလီး အများကြီး မ,နိုင်ရေ ဒရုန်းဆိုစွာ အလီးချိန် ၁၀ ပေါင် အထက် မ,နိုင်ရေ ဒရုန်းတိကို ရည်ညွှန်းပါရေ။ အများပြည်သူတိ အလွယ်တကူ ဝယ်ယူနိုင်ရေ ဒရုန်းတိ အထဲမှာ၊ အလီးချိန် ပေါင် ၄၀ လောက်ထိ မ,နိုင်ရေ ဒရုန်းတိကို တွိလာရပနာ၊ နော်ဝေးကင်ပဏီ၊ ဂြဲ့ဖ် အဗီရေးရှန်း(Griff Aviation)က ပေါင် ၄၀၀ ထိ မ,နိုင်ရေ ဒရုန်းတိ ထုတ်လာစွာကိုလည်း တွိရပါရေ။
ဒရုန်းတိ ပုံမှန် ဇာလောက် အလီးထိ မ,နိုင်ကတ်လေ?
နာမေကြီး ဒီဂျေအိုင် ဖန်တွင်း ၄ (Dji Phantom 4 )က အလီးချိန် ၁.၀၂ ပေါင် လောက်ကိုရာ စိတ်ချလက်ချ မ,နိုင်ပနာ၊ အများအားဖြင့် ကောင်းခင်က မြေပြင်မြင်ကွင်းတိကို ဗီဒီယို၊ ဓါတ်ပုံ ကမ်မရာချေတိ ချိတ်ပနာ ရိုက်ဖို့အတွက် အသုံးများကတ်ပါရေ။ အော်တာ ၈ (Alta 8 ) ဒရုန်းကတော့ အလီးချိန် ၁၅ ပေါင် အထိ မ,နိုင်ပနာ၊ စီးပွားဖြစ် ကောင်းခင်ဓါတ်ပုံတိ၊ မြေတိုင်းလုပ်ငန်းတိမှာ သုံးကတ်ပါရေ။
ဒရုန်းတိ ပုံမှန် ဇာလောက်အထိ ပျံသန်းနိုင်ကတ်လေ?
ပုံမှန် ဒရုန်းတိ်စွာ တခါ ပျံကေ အချိန် ၂၅ မိနစ်၊ ၂၇ မိနစ် လောက်ထိ ပျံနိုင်ကတ်ပနာ၊ အလီးချိန် များလာလီ၊ ပျံသန်းချိန် ပိုတိုလာလီ ဖြစ်လာစွာကို တွိရပါရေ။ ယကေလည်း ကိုယ်ပို့ချင်ရေ ပစ္စည်းတိကို ယင်းဒရုန်းတိက အလွယ်တကူ သယ်ယူလားနိုင်စွာကို တွိရပါရေ။
၂၀၁၉ ခုနှစ် ထုတ်၊ အလီးချိန် အများကြီး မ,နိုင်ရေ ဒရုန်း ၈ စင်းကို ပြောရဖို့ဆိုကေ –
HEAVY LIFT DRONE | PAYLOAD |
---|---|
DJI Matrice 100 | 1.17-1.25kg |
DJI Matrice 600 | 6kg |
DJI Spreading Wings S900 | 6.8kg |
Freefly Systems Alta 6 | 6.8kg |
Freefly Systems Alta 8 | 9kg |
DJI Spreading Wings S1000+ | 9.5kg |
DJI Agras | 10kg |
Griff Guardian | 200kg |
၁) ဒီဂျေအိုင် မတ္တရိုက်ဆ် ၁၀၀ (DJI Matrice 100)

အလီးချိန် ၁.၁၇ ကီလိုဂရမ် ကနိန် ၁.၂၅ ကီလိုဂရမ် အထိ မ,နိုင် ( ၁ ကီလိုဂရမ် = ၂.၂ ပေါင် )
လက်ရှိ ဒေဂျေအိုင် ဆိုင်မှာ ရောင်းနိန်စွာကို မတွိရပါဗျာလ်။
၂) ဒီဂျေအိုင် မတ္တရိုက်ဆ် ၆၀၀ ပြို (DJI MATRICE 600 Pro)
အေ ဒရုန်းက အလီးချိန် ၆ ကီလိုဂရမ် အထိ မ,နိုင်ပနာ၊ အလီးချိန်နန့် ၁၆ မိနစ် အထိ ပျံသန်းနိုင်ပါရေ။ ၁ နာရီကို မိုင် ၄၀ ကနိန် ၆၅ မိုင် အထိ ပျံနိုင်ရေအတွက်၊ ဒီဂျေအိုင် ပဲ့ထိန်းစနစ် (DJI’s gimbal systems) ၁၀ ခု အထိ၊ အဝီးကို အဆင့်ဆင့် ထိန်းလားနိုင်ပါရေ။ ပုံမှန်အလီးနန့် ၃၅ မိနစ်လောက်ထိ ပျံနိုင်ပနာ၊ ဘတ္တရီအကြီးနန့်ဆိုကေ ၄၀ မိနစ်လောက်ထိ ပျံနိုင်ပါရေ။
ဒီဂျေအိုင် မတ်တရိုက်ဆ် ၆၀၀ ကို အာမေဇုန် ဆတိုးမှာ အမေရီကန်ဒေါ်လာ ၅ ထောင် လောက်နန့် ရောင်းနိန်ကတ်စွာကို တွိရပါရေ။

၃) ဒီဂျေအိုင် တောင်ပံဖြန့် အပ်ဆ် ၉၀၀ ပြိုဖက်ရှန်နဲလ် (DJI Spreading Wings S900 Professional Hexacopter)
အေဒရုန်းက အလီးချိန် ၆.၈ ကီလိုဂရမ်(၁၈ ပေါင်) အထိ မ,နိုင်ပနာ၊ ဘတ္ထရီတခါ ဖြည့်ကေ အလီးချိန် အပြည့်တင်ပနာ ၁၈ မိနစ်ထိ ပျံနိုင်ရေလို့ ဒီဂျေအိုင် အချက်အလက်တိမှာ ဖော်ပြထားပါရေ။ ဒေဒရုန်းကို ယူကေမှာ ပေါင် ဆတာလိန် ၁ ထောင် လောက်နန့် ရောင်းနိန်စွာကို တွိရပါရေ။

၄) အလွတ်ပျံ စနစ်တိ အော်တာ ၆ (The Freefly Systems ALTA 6)

အလီးချိန် ၆.၈ ကီလိုဂရမ်ထိ မ,နိုင်ပနာ၊ နောက်ဆုံးထုတ် ဆိုင်နတ်ဆ် လေကြောင်းပဲ့ထိန်း ခလုတ်(SYNAPSE flight controller)ကို သုံးကေ၊ ၁ မိုင် အကွာအဝီးလောက်ထိ လှမ်းပနာ ထိန်းချုပ်နိုင်စွာကို တွိရပါရေ။
၅) အလွတ်ပျံ စနစ်တိ အော်တာ ၈ (The Freefly Systems ALTA 8)
အလီးချိန် ၉ ကီလိုဂရမ်ထိ မ,နိုင်ပနာ၊ နောက်ဆုံးထုတ် ဆိုင်နတ်ဆ် လေကြောင်းပဲ့ထိန်း ခလုတ်(SYNAPSE flight controller)ကို သုံးကေ၊ ၁ မိုင် အကွာအဝီးလောက်ထိ လှမ်းပနာ ထိန်းချုပ်နိုင်စွာကို တွိရပါရေ။ ပုံမှန် ဘတ္ထရီနန့် ၉ မိနစ်လောက်ထိ ပျံနိုင်ပနာ၊ 16Ah ဘတ္ထရီ ထည့်လိုက်ကေ မိနစ် ၂၀ လောက်ထိ ပျံနိုင်ပါရေ။
အော်တာ ယူအေဗွီ ကို အာမေဇုန် (Amazon )မှာ အမေရီကန်ဒေါ်လာ ၄ ထောင် လောက်ထိနန့် ရောင်းကတ်စွာကို တွိရပါရေ။

၆) ဒီဂျေအိုင် တောင်ပံဖြန့် အပ်ဆ် ၁၀၀၀+ (DJI Spreading Wings S1000+)

အေဒရုန်းက အလီးချိန် ၉.၅ ကီလိုဂရမ် အထိ မ,နိုင်စွာကို တွိရပါရေ။ စီးပွားဖြစ် ပစ္စည်းပို့စွာတိအထိ သုံးနိုင်ပါရေ။ ဘတ္ထရီတခါ ဖြည့်ကေ အလီးချိန် အပြည့်တင်ပနာ ၁၅ မိနစ်ထိ ပျံနိုင်ရေလို့ ဒီဂျေအိုင် အချက်အလက်တိမှာ ဖော်ပြထားပါရေ။
၇) ဒီဂျေအိုင် အပ်ဂရာ့ဆ်(DJI Agras – Best AG Drone)
အပ်ဂရာ့ဆ် အမျိုးအစား ဒရုန်းကို စိုက်ပျိုးရေးအတွက် ရည်ရွယ်ပနာ ထုတ်လုပ်ထားရေလို့ ဆိုပါရေ။ အလီးချိန် ၁၀ ကီလိုဂရမ်ထိ မ,နိုင်ပါရေ။ ပိုးသတ်ဆီးရည် ၁၀ လီတာ ဗုံးကို တင်ပနာ၊ စိုက်ပျိုးရေး ခြံတိကို ပိုးသတ်ဆီး ဖြန်းနိုင်ပါရေ။ အလီးအပြည့် မ,ထားကေ ၁၀ မိနစ် အထိ ပျံသန်းနိုင်ပါရေ။ စိုက်ပျိုးရေး ကဏ္ဍတိအတွက် ကကောင်း အသုံးဝင်ရေ ဒရုန်းတမျိုး ဖြစ်လာပါရေ။
၈) ဂြဲ့ဖ် လီကြောင်း ဂါ့ဒ်ဒီယန် (Griff Aviation Guardian)
အေဒရုန်းက အလီးချိန် ၂၀၀ ကီလိုဂရမ် အထိ မ,နိုင်ပါရေ။ အေဟင့်တောင် ဂြဲ့ဖ် က ထုတ်တေ ဒရုန်းတိမှာ အလီးအများဆုံး မ,နိုင်ရေ ဒရုန်း မဟုတ်သိမ့်ပါ။ ၂၀၁၆ ခုနှစ်မှာ ကြေငြာခရေ ဂြဲ့ဖ် ၃၀၀ က အလီးချိန် ၃၀၀ ကီလိုဂရမ် အထိ မ,နိုင်ပါရေ။ အလီးချိန် ၈၀၀ ကီလိုဂရမ် မနိုင်ရေ ဒရုန်းတိ ထုတ်ဖို့အတွက် ပြင်ဆင်နိန်ရေလို့လည်း ကင်ပဏီက ကြေငြာထားပါရေ။
၉) ဗော်လ်ကန် ယူအေဗွီ မဆမနက် (Vulcan UAV Black Widow)


http://www.rc-drones.com/Vulcan-UAV-Black-Widow-X8-Quick-Fold-wFlat-Arms-ARF-Kit_p_958.html
အေဒရုန်းကို ကောင်းခင်က မြေပြင်ကို ရိုက်တေ ဓါတ်ပုံရိုက် လုပ်ငန်း၊ မြေတိုင်းလုပ်ငန်း၊ စစ်ဆေးရေးလုပ်ငန်းတိမှာ စီးပွားဖြစ် သုံးကတ်စွာကို တွိရပါရေ။ ကကောင်း အကြမ်းခံရေလို့ သိရပါရေ။
၁၀) ဗာဆာဒရုန်းဆ် တောင်ပံ ၈ ခု အလီးမ ဒရုန်း (Versadrones Heavy Lift Octocopter)

အေဒရုန်းက ၁၂ ကီလိုဂရမ် (ဝါ) ၂၆ ပေါင် အလီးချိန်အထိ၊ မ,နိုင်ရေလို့ ဆိုပါရေ။ ၁ နာရီ ၄၄ မိုင်နှုန်းနန့်၊ အမြင့်ပေ ၆,၅၀၀ အထိ ပျံတက်နိုင်ပါရေ။
နည်းပညာတိကို ဘက်ပေါင်းစုံက သုံးတတ်မှရာ အေခေတ်မှာ လူမျိုးခြားတိနန့် ရင်ဘောင်တန်း ပြိုင်နိုင်ပါဖို့။ ဒရုန်းတိကလည်း မော်တာ အစိတ်အပိုင်းကနိန်၊ ဝါယာကြိုး၊ ဆကြူတိအထိ၊ တဇစီ ဝယ်ယူနိုင်ရေအတွက်၊ ကိုယ့်စွာကို လေ့လာပနာ၊ စိတ်တိုင်းကျ ထပ်ချဲ့ထွင်နိုင်စွာကိုလည်း တွိရပါရေ။
နည်းပညာကို စိတ်ဝင်စားရေ လူတိအတွက် အထောက်အကူ ပြုဖို့ ထင်ပါယင့်။