တရုတ် တပတ်တလမ်း စီမံကိန်း အီတလီ ဝင်ရောက်

A child peers through a cut made in one of the stars that make up the European Union flag © Reuters / Octav Ganea
A child peers through a cut made in one of the stars that make up the European Union flag © Reuters / Octav Ganea

တရုတ်နိုင်ငံ ဘေဂျိန်းအစိုးရ လုပ်နိန်ရေ “တပတ်တလမ်း ကနဦး စီမံကိန်း”(Belt and Road Initiative)ကို အီတလီနိုင်ငံ ဝင်ရောက်လာရေအတွက်၊ ဥရောပနန့် အမေရီကန်ပြည်ထောင်စုက အန္တရာယ် ကကောင်းကြီးရေလို့ ပြောလာရေခါ “တရုတ်ဘားမှာ တင်နိန်ရေ ကိုယ့်အကြွီးတိကိုရာ ကိုယ်ဂရုစိုက်ကတ်”လို့၊ အီတလီနိုင်ငံ စီးပွားရေး ဝန်ကြီးဌာန အတွင်းဝန် မဲ့ချ်ချဲလ် ဂျီရာစီ(Michele Geraci)က ပြန်ပြောလိုက်ပါရေ။

အီတလီနိုင်ငံစွာ တရုတ်နိုင်ငံက အစပြုနိန်ရေ တပတ်တလမ်း စီမံကိန်းကို ပထမဆုံး ဝင်ရောက်လာရေ စက်မှုထိပ်တန်း ၇ နိုင်ငံ(G7)ထဲက နိုင်ငံဖြစ်တေအတွက်၊ ဥရောပဇုန်က နိုင်ငံတိကို ကကောင်း မနာလို ဖြစ်စီရေလို့ ဂျီရာစီ က ပြောလိုက်ပါရေ။

“လက်တွိမှာ၊ ဥရောပတိုက်က နိုင်ငံအားလုံး တပတ်တလမ်း စီမံကိန်းကို ဝင်ချင်နိန်ကတ်ပါရေ။” လို့ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်(Hainan province)မှာ ကျင်းပနိန်ရေ အာရှအတွက် ဘောင်အို ဆွေးနွေးပွဲ(Boao Forum for Asia (BFA)) နားချိန်မှာ ယင်းထိပ်တန်းအရာရှိက တောင်တရုတ် မိုးသောက် သတင်းစာ(South China Morning Post)ကို ပြောလိုက်စွာပါ။

နှစ်ဖက်နားလည်မှု စာချွန်လွှာ လက်မှတ်ရွီးထိုးပွဲကို ဦးဆောင်လာရေ ဂျီရာစီ က၊ တခြား ဥရောပနိုင်ငံတိလည်း အီတလီ နောက်ကလိုက်ပနာ၊ မကြာခင် လက်မှတ်ရွီးထိုးလာကတ်ပါလိမ့်မေလို့ ပြောလားပါရေ။

ဂျီရာစီ က လာဖို့ ဧပြဲလ်လ ၉ ရက်နိမှာ ဘရာ့ဆ်ဆဲလ်ဆ်(Brussels)မြို့တော်မှာ တွိဆုံဖို့ တရုတ်-ဥရောပသမဂ္ဂ တွိဆုံပွဲ မတိုင်ခင်၊ ဂျာမန် အဓိပတိ အန်ဂျဲလ်လာ မာကဲလ်(German Chancellor Angela Merkel)ကလည်း တရုတ်ဦးဆောင်ရေ အေစီမံကိန်းမှာ ဥရောပသမဂ္ဂကလည်း အားတက်သရော ပါချင်ရေလို့ ပြောပြီး မကြာခင်၊ ကြိုတင်ဟောကိန်းထုတ်လိုက်စွာပါ။ ယကေလည်း တိုင်းပြည်တိကြားမှာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရှိဖို့အတွက်၊ နားလည်မှု စာချုပ်စာတမ်းတိ လုပ်ဖို့ လိုသိမ့်ရေလို့၊ ပြင်သစ်သမ္မတ အမ်မာနူရဲလ် မတ်ကြွင်(French President Emmanuel Macron)၊ ဥရောပ ကော်မရှန် ဥက္ကဌ ဂျိန်း-ကလော်ဒီ ဂျင်ကာ(European Commission President Jean-Claude Juncker) နန့်၊ တရုတ်သမ္မတ ရှီ ကျင်းပိန်(Chinese President Xi Jinping)ရို့နန့် တွိဆုံမှု အပြီး၊ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ မာကဲလ် က ယင်းပိုင် ပြောလိုက်စွာပါ။

အီတလီတနိုင်ငံတည်း တရုတ်နန့် လားပနာ၊ ယင်းပိုင် မဆွေးနွေးဖို့အတွက်လည်း ဥရောပသမဂ္ဂက သတိပီးဖူးပါရေ။ ပြင်သစ်ကလည်း၊ ဥရောပနိုင်ငံတိ တကွဲတပြားစီ ဆက်သွယ်ကတ်စွာက၊ တရုတ်နိုင်ငံအတွက် ပိုပနာ အကျိုးရှိစီနိုင်ရေအတွက်၊ ပိုပနာ အကျိုးရှိအောင် တစုတအုပ်တည်းနန့် လုပ်သင့်ရေလို့ ပြောဖူးပါရေ။

“ကျွန်တော်ရို့ကိုလည်း အများကြီး ဝေဖန်ခံရပါရေ။ ကျွန်တော့်ကိုဆို ပုဂ္ဂိုလ်ရေးအရပါ ဝေဖန်ကတ်ပါသိမ့်ရေ။ ယင်းအတွက်နန့် လအင်တန်ကြာကြာ ကျွန်တော်ရို့ ဂရုတစိုက် လုပ်နိန်ခရပါရေ။ ကျွန်တော်ရို့က ဦးဆောင်ချင်ပါရေ။ ဦးဆောင်ချင်ရေဆိုစွာ ပထမဆုံး လုပ်ချင်ရေလို့ ပြောစွာပါ။” လို့ ဂျီရာစီ က ပြောလားပါရေ။ အပြင်က ယင်းပိုင် ဝိုင်းဝန်း ဝေဖန်ကတ်တေအတွက်၊ ရုမ်း(Rome(ရောမ))အစိုးရအနိန်နန့် တရုတ်မိတ်ဖက်တိနန့် သဘောတူလုပ်ဆောင်စွာတိမှာ ပိုပနာ၊ ဂရုတစိုက် လုပ်ဆောင်နိုင်ခရေလို့ ဆိုပါရေ။

တရုတ်ပိုးလမ်းမကြီး(China’s Silk Road)မှာ အီတလီနိုင်ငံစွာ ဝင်ပေါက်တခု ဖြစ်လာရေအတွက်၊ ဥရောပက တခြားဆိပ်ကမ်းမြို့တိ ဖြစ်တေ ဟမ်းဘာ့ဂျ်(Hamburg)၊ ရော့တ်တာဒမ်း(Rotterdam)၊ မာဆဲလ်လီဆ်(Marseilles)ရို့ကို စီးပွားရေးအရ ထိခိုက်နိုင်ရေလို့ ဆိုပါရေ။ အေပိုင် ဆက်သွယ်လိုက်တေအတွက်၊ အီတလီနိုင်ငံ စီးပွားရေးအတွက် ကကောင်း အထောက်အကူ ပြုဖို့လို့လည်း ဆိုပါရေ။

ယင်းချင့်အပြင်၊ အီးယူနန့် အမေရီကန်ပြည်ထောင်စုက အီတလီက အကြွီးတိကို ပူနိန်ကတ်ဖို့အစား၊ သူရို့ထိ တရုတ်နိုင်ငံမှာ တင်နိန်ကတ်တေ အကြွီးတိကိုရာ သူရို့စွာ သူရို့ ပိုပနာ ပူသင့်ရေလို့ ဂျီရာစီ က ပြောလိုက်ပါသိမ့်ရေ။

“အမေရီကန်ပြည်ထောင်စုက တခုပိုင်လည်း သဘောကျဖို့ မဟုတ်ပါ။ ကျွန်တော်ရို့က ကျွန်တော်ရို့နိုင်ငံ အကျိုးစီးပွားအတွက် လုပ်သင့်လုပ်ထိုက်စွာကို လုပ်စွာပါ။ ကျွန်တော်ရို့က တရုတ်နန့် ပြိုင်ဖက်ဖြစ်ချင်ကေ ဖြစ်ပါဖို့။ ယကေလည်း တရုတ်နိုင်ငံ အရွယ်အစား၊ ကျွန်တော်ရို့ သိရေ ဇာပိုင်လုပ်ရဖို့ ဆိုရေ အသိဉာဏ်၊ အရည်အသွေးတိနန့် တရုတ်တိနန့် ပူးပေါင်းပနာ အလုပ် လုပ်လို့ ရပါရေ။” လို့ ဂျီရာစီ က ပြောလားပါရေ။

“ကျွန်တော်ရို့ ဂရိနိုင်ငံ မဟုတ်ပါ။ အီတလီနိုင်ငံပါ။ ကျွန်တော်ရို့မှာ ၁.၇ ထရီလီယံ တန် စီးပွားရေးလုပ်ငန်း ရှိပါရေ။ ယင်းအတွက်နန့် ကျွန်တော်ရို့ ဇာပိုင် အကြွီးထောင်ချောက်ထဲကို ကျနိုင်ပါဖို့လဲ? အေဟင့်က သီရိလင်္ကာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ ရို့ကို ဖြစ်ချင်ကေ ဖြစ်နိုင်ပါဖို့။ ယကေလည်း အီတလီနိုင်ငံကိုတော့ တခုပိုင်လည်း မဖြစ်နိုင်ပါ။” လို့ ဂျီရာစီ က ထပ်လောင်း ပြောလားပါရေ။