5G နည်းပညာကို ယူအပ်ဆ်က နြူးကလီးယားဗုံးပိုင် သဖောထားရေလို့ ဝါဝေ စီအီးအို ပြော

FILE PHOTO © Reuters / Tyrone Siu
FILE PHOTO © Reuters / Tyrone Siu

ကဗာ့အကြီးဆုံး ဆက်သွယ်ရေးနည်းပညာ ကင်ပဏီ ဝါဝေ(Huawei)က၊ အမှုဆောင်အရာရှိချုပ်(CEO) ရန် ဇန်ဖိုင်း(Ren Zhengfei)က တရုတ်နိုင်ငံနန့် နည်းပညာပြိုင်ဆိုင်စွာမှာ၊ ဖိုင်းဂျီ(5G) နည်းပညာကို အမေရီကန်သမ္မတ ဒိုနဲလ် ထရုန့်ပ် က နြူးကလီးယားဗုံးပိုင် သဖောထားရေလို့ ပြောလားပါရေ။ ဂျာမဏီနိုင်ငံနန့် “သလျှိုထောက်လှမ်းမှု မလုပ်ရေး သဘောတူညီချက်” (“no-spy agreement”) လက်မှတ်ထိုးလားဖို့လို့လည်း ပြောလားပါရေ။

“ကံမကောင်း အကြောင်းမလှရေခါ၊ ဖိုင်းဂျီ နည်းပညာကို ယူအပ်ဆ်က မဟာဗျူဟာမြောက် လက်နက်တခုပိုင် သဘောထားနိန်ပါရေ။” လို့ ဂျာမဏီနိုင်ငံက ဝါ့တ်ဆ်ချာ့ဖ်ဆဝိုးချီ( Wirtschaftswoche) နန့် ဟန်ဒဲလ်ဆ်ဘလတ်(Handelsblatt) သတင်းစာတိနန့် အိန်တာဗျူးမှာ ပြောလားပါရေ။

“ယင်းသူရို့အတွက် အေနည်းပညာက နြူးကလီးယားဗုံးပိုင်ပါ။”

ဂျာမန်သတင်းဌာနတိနန့် တွိဆုံစွာမှာ၊ ဝါဝေကင်ပဏီက အေဖိုင်းဂျီ ကရိယာတိမှာ သလျှိုထောက်လှမ်းရေး လုပ်ဖို့အတွက် တခုနည်းပညာလည်း ထည့်သွင်းလားဖို့မဟုတ်လို့၊ အာမခံလားပါရေ။ လက်ရှိ ဆက်သွယ်ရေးနည်းပညာတိကို ဖိုင်းဂျီကို မြှင့်တင်ဖို့ ပြင်နိန်နိန်ရေအချိန်မှာ၊ ယူအပ်စ်က တရုတ် ဖိုင်းဂျီ နည်းပညာကို မသုံးဖို့ ဖိအားပီးနိန်ရေအတွက် ဂျာမဏီနိုင်ငံက ဇဝေဇဝါ ဖြစ်နိန်ပါရေ။ ယကေလည်း ဂျာမဏီက ဆက်သွယ်ရေး အရာရှိချုပ်က ပစ္စည်းတင်သွင်းဖို့ ဇာကင်ပဏီကိုလည်း ချန်ထားခဖို့ မဟုတ်လို့ ဗြီးခရေ တနင်္လာနိက ပြောလားပါရေ။

ဇန်ဖိုင်း က ဂျာမဏီနိုင်ငံအစိုးရနန့် “သလျှိုထောက်လှမ်းမှု မလုပ်ရေး သဘောတူညီချက်” ထိုးဖို့အတွက်၊ တရုတ်အစိုးရကို တိုက်တွန်းပီးလားဖို့လို့လည်း အာမခံလားရေပိုင်၊ ဥရောပသမဂ္ဂ(EU)က ပြဌာန်းထားရေ အထွေထွေ အချက်အလက် ကာကွယ်ရေး လုပ်ထုံးလုပ်နည်း(General Data Protection Regulation (GDPR))ကိုလည်း တသွေမတိမ်း လိုက်နာလားဖို့လို့လည်း အာမခံလားပါရေ။

ဖိုင်းဂျီ နည်းပညာကို သုံးကေ၊ တရုတ်အစိုးရအတွက် အချက်အလက်တိ သလျှိုလုပ်ပီးလားဖို့လို့ အမေရီကန်အစိုးရက ဂျာမဏီကို သတိပီးထားရေပိုင်၊ မသုံးရအောင်လည်း သံတမန်နည်းအရ ဖိအားပီးနိန်ပါရေ။ အေအချက်အလက်ကို ဇန်ဖိုင်းက “သက်သီ တခုလည်း မပြနိုင်ရေ၊ ဒဏ္ဍာရီပုံပြင်ပိုင် ဖြစ်နိန်ရေ။” လို့ ထောက်ပြထားပါရေ။

သမ္မတ ဒိုနဲလ် ထရုန့်ပ် က ဖိုင်းဂျီနည်းပညာကို မဟာဗျူဟာမြောက် စစ်ပွဲတခုပိုင် သဖောထားရေအပြင်၊ “အနာဂတ်မှာ ကကောင်း သြဇာသက်ရောက်မှု ပြင်းလာဖို့ အေလုပ်ငန်းကဏ္ဍမှာ၊ အမေရီကန်ပြည်ထောင်စုကို ပြိုင်ဆိုင်လာဖို့ တနိုင်ငံကိုလည်း ခွင့်ပြုဖို့ မဟုတ်။” လို့ ဗြီးခရေ သောက်ကြာနိက သတင်းထောက်တိနန့် တွိဆုံစွာမှာ ပြောလားပါရေ။

ကဗာမှာ လက်ရှိ သုံးနိန်ကတ်တေ ဖိုးဂျီ(4G) အိန်တာနတ် ဆက်သွယ်မှုနှုန်းကို ဖိုင်းဂျီ(5G)ကိုရာ မြှင့်တင်လိုက်ဖို့ဆိုကေ၊ ကဗာကြီးတခုလုံး တိုးတက်မှုနှုန်းက သိသိသာသာ မြှင့်တက်လာနိုင်ပါရေ။ ဖိုင်းဂျီနည်းပညာကို သုံးပနာ၊ တရုတ်နိုင်ငံမှာ ဆရာဝန်တိက အိမ်ထဲက ကင်ပျူတာကနိန်၊ မိုင်ထောင်ချီဝီးရေ ဒေသတိက ခွဲစိတ်ခန်းတိမှာ၊ စက်ရုပ်လက်တံ ခွဲစိပ်ကရိယာတိနန့် ခွဲစိပ်မှုတိ လုပ်လာကတ်စွာကို တွိရပါရေ။

ဖိုင်းဂျီ နည်းပညာကို တရုတ်က ကဗာ့အကြီးဆုံး ဆက်သွယ်ရေးနည်းပညာကင်ပဏီ ဝါဝေ(Huawei)က တီထွင်ထားစွာပါ။ ကဗာ့ဆက်သွယ်ရေးမှာ အေထက် မြင့်ရေ နည်းပညာ မရှိသိမ့်ရေအတွက်၊ အေနည်းပညာကိုရာ တကဗာလုံးက သုံးလာကတ်ကေ၊ ဆက်သွယ်ရေး နည်းပညာပိုင်းမှာ၊ ကဗာကြီးကို အမေရီကန်ပြည်ထောင်စုကို ကျော်ပနာ တရုတ်နိုင်ငံက ကြီးစိုးလားနိုင်ပါရေ။