Huawei ကို US ပိတ်ပင်စွာ တရုတ်နည်းပညာ ပိုမြင့်လာအောင် လုပ်စွာနန့် တူနိုင်

© Reuters / Dado Ruvic
© Reuters / Dado Ruvic

အမေရီကန်ပြည်ထောင်စု အစိုးရက ဖိအားပီးလာရေအတွက် ဝါဝေ(Huawei) နန့် အပြန်အလှန် နည်းပညာထောက်ပံ့ရေး သဘောတူညီမှုတိနန့် ခွင့်ပြုချက် လိုင်ဆန်တိ ရယူထားကတ်ရေ အမေရီကန်ကင်ပဏီတိက အဆက်အသွယ် ဖြတ်တောက်မှုတိ လုပ်လာပါရေ။ ယင်းအထဲမှာ ဂိုဂဲလ်(Google) ကုမ္ပဏီက ပထမဆုံး ဖြစ်တေအတွက်၊ နောက်ထုတ်တေ ဝါဝေ ဖုန်းအသစ်တိမှာ ကဗာမှာ အသုံးအများဆုံး အန်းဒြိုက်ဒ်(Android) ဆော့ဖ်ဝဲလ်တိ ရှိဖို့ မဟုတ်ပါဗျာလ်။

အမေရီကန်ကင်ပဏီတိက ဝါဝေကို ရောင်းချခွင့် လိုင်ဆန်ကို၊ အယင်အပတ်က အမေရီကန်ပြည်ထောင်စု သမ္မတ ဒိုနဲလ် ထရုန့်ပ် ဦးဆောင်ရေအစိုးရက ပိတ်ပင်လိုက်တေအတွက်၊ တရုတ် – အမေရီကန် နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲက ပိုပနာ အရှိန်မြင့်တက်လာပါရေ။ အယင် လ အင်ဒန်ကြကြာကပင်၊ အမေရီကန်အစိုးရက ဝါဝေကင်ပဏီစွာ တရုတ်အစိုးရအတွက် သလျှို လုပ်တေဆိုပနာ စွပ်စွဲဗျာလ်၊ ပိတ်ပင်ဖို့ ကြိုးစားလာစွာပါ။ ယကေလည်း မီဂါအာ့ပ်လုပ်ဒ်(Megaupload)ကို တည်ထောင်ရေ ကိန်းမ် ဒေါ့တ်ကင်းမ်(Kim Dotcom)ရို့ပိုင် နည်းပညာဂုရုကြီးတိက၊ အမေရီကန်အစိုးရစွာ အလကား သူတော်ကောင်းယောင် ဆောင်ပနာ ပြောနိန်စွာ၊ အမှန်က သူရို့ရာ ရှိသမျှ နည်းပညာတိကို အလွှဲသုံးစား လုပ်ပနာ၊ သလျှိုစက်တိအဖြစ် သုံးနိန်စွာလို့ ပြန်ပနာ စွပ်စွဲကတ်ပါရေ။

ဗြီးခရေ တနင်္လာနိက ဂိုဂဲလ် ပြောခွင့်ရ ပုဂ္ဂိုလ်က “အစိုးရ ထုတ်ပြန်ချက်တိနန့် လိုက်လျှောညီထွေ ဖြစ်အောင် ကင်ပဏီက ပြင်ဆင်နိန်ရေ။” လို့ ပြောလားပါရေ။ အယင် ဝယ်ဗြီးသား ဝါဝေ စက်တိမှာ ဂိုဂဲလ် အပ်ဆ်တိကို ဆက်သုံးနိုင်ပညာ၊ နည်းပညာ မြှင့်တင်မှုတိ လုပ်နိုင်သိမ့်ကေလည်း၊ နောက်ထုတ်ဖို့ ဝါဝေ စက်တိမှာ ဂိုဂဲလ် အပ်ဆ်တိကို သုံးလို့ရဖို့ မဟုတ်ဗျာလ်လို့ ပြောလားပါရေ။

အေပိုင် အမေရီကန်အစိုးရနန့် ကင်ပဏီကြီးတိက ဝါဝေကို ပိတ်ပင်ကတ်စွာနန့် တရုတ်နည်းပညာ ယော့ကျလားဖို့လားလို့ မိန်းကတ်တေခါ၊ စီးပွားရေးနန့် နည်းပညာ ပညာရှင်တိက မကျလားနိုင်လို့ ဆိုပါရေ။ လက်ရှိ ကဗာစွာ အယင်နှစ်တိနန့် ကွာခြားလားဗျာလ်လို့ဆိုပါရေ။ အမေရီကန်အစိုးရက တရုတ်ကို အတင်းအားဓမ္မ ဂျောင်ပိတ်ပနာ၊ စီးပွားရေး အခွင့်အရေး အသာစီးရအောင်၊ အချောင်နှိက်ဖို့ ကြိုးစားစွာလို့ ဆိုပါရေ။ လက်တွိမှာ လုံးဝ မထင်မှတ်စွာတိ ပြောင်းပြန်ဖြစ်လာဖို့လို့ ဆိုပါရေ။ ဇာဖြစ်လို့ဆိုကေ၊ လက်ရှိ ကဗာမှာ အကြီးဆုံးစျီးကွက်တိက တရုတ်နန့် အာရှနိုင်ငံတိမှာရာ အများဆုံး ရှိနိန်စွာဖြစ်ပနာ၊ သုံးစွဲသူတိက နိုင်ငံရေး ရှုဒေါင့်က ကြည့်ပနာ၊ ဝါဝေ စက်တိကို ပိုတောင် သုံးလာနိုင်ရေလို့ ဆိုပါရေ။

အေပိုင် အမေရီကန်အစိုးရက စီးပွားရေး လက်ဝါးကြီး အုပ်နိုင်အောင်၊ တရုတ်ကင်ပဏီတိကို ပိတ်ပင်မှုတိ လုပ်လာရေအတွက် တရုတ်အစိုးရက ငြိမ်ခံနိန်ဖို့လား ဆိုခါ၊ လုံးဝ ငြိမ်ခံနိန်ဖို့ မဟုတ်လို့ သုံးသပ်ကတ်ပါရေ။ ဒုတိယကဗာစစ်အတွင်းမှာ အမေရီကန်တိ သုံးခရေ လုပ်ထုံးလုပ်နည်းအတိုင်း၊ “တရုတ်အစိုးရက တရုတ် နည်းပညာကင်ပဏီကြီးတိ အားလုံးကို စုစည်းပနာ၊ သူများကို မှီခိုနိန်ရရေ မရှိသိမ့်ရေ စက်ကရိယာပစ္စည်းတိကို တရုတ်မှာ တီထွင်ကတ်ဖို့ အားပီးအားမြှောက် လုပ်လာနိုင်ရေ။” လို့ သုံးသပ်ကတ်ပါရေ။ အေပိုင် လုပ်လာကေ၊ အမေရီကန်အစိုးရက အကြောက်ဆုံး တရုတ်နိုင်ငံစွာ၊ နည်းပညာပိုင်းမှာ အမေရီကန်ပြည်ထောင်စုထက် အဆမတန် မြင့်တက်လာစွာကို မထင်မှတ်ဘဲ၊ တန်ပြန်ခံရနိုင်ရေလို့ ဆိုပါရေ။ ယင်းချင့်အပြင်၊ တရုတ်အစိုးရကရာ “ရှားပါးမြေမှုန့်”တိ တင်ပို့မှုကို ပိတ်ပင်လိုက်ကေ၊ ဝါဝေနန့် ပြိုင်ဖက်ကင်ပဏီတိ စက်ပစ္စည်းတိ မထုတ်လုပ်နိုင်တောင် ဖြစ်လားနိုင်ရေလို့၊ တချို့ကလည်း သုံးသတ်ကတ်ပါရေ။

အဂုလည်း ဝါဝေက ထုတ်တေ မျိုးဆက် ၅ ခုမြောက် ဖိုင်းဂျီ(5G) ဆက်သွယ်ရေး နည်းပညာကို တကဗာလုံးမှာ ယှဉ်ပြိုင်နိုင်ရေ ကင်ပဏီ မရှိသိမ့်ပါ။ တခြား ကင်ပဏီတိ အေနည်းပညာကို အမှီလိုက်ဖို့တောင်၊ အနည်းဆုံး ၂ နှစ် ၃ နှစ်လောက် ထပ်ကြိုးစားရဖို့သိမ့်လို့ ဝါဝေကို တည်ထောင်ရေ စီအီးအိုက ပြောလားပါရေ။

ဝါဝေ မတိုင်ခင်၊ တရုတ်နည်းပညာ ကင်ပဏီ ZTE ကိုလည်း အမေရီကန်အစိုးရက အေပိုင် ပိတ်ပင်ဖူးပါရေ။ ယကေလည်း ZTE က တောင့်မခံနိုင်ဘဲ၊ အမေရီကန်ပြည်ထောင်စု အစိုးရ အလိုကျ၊ ကင်ပဏီ အုပ်ချုပ်ရေးအဖွဲ့တိကို ပြောင်းပီးခရပနာ၊ အမေရီကန်အစိုးရက အမြဲတမ်း စောင့်ကြည့်နိုင်အောင်လည်း အမြဲတမ်း အစီရင်ခံနိန်ရပါရေ။ အေပိုင် လုံးဝ မလုပ်နိုင်လို့၊ ဝါဝေ စီအီးအိုက ပြောလားပါရေ။

ဝါဝေမှာ ကိုယ်ပိုင် ဆော့ဖ်ဝဲလ် အယင်ကပင် ရှိဗြီးသားလို့၊ နောက်ပိုင်းမှာ ဂိုဂဲလ် အန်ဒြိုက်ဒ် နန့် အပြိုင် ဝါဝေ နည်းပညာသစ်တိကို မကြာခင် တွိလာနိုင်ရပါရေ။

မှတ်ချက် – လက်ရှိ ကဗာမှာ အများဆုံး သုံးနိန်ကတ်တေ အိန်တာနတ် မျိုးဆက် ၄ ဆက်သွယ်ရေး(4G LTE) အမြန်နှုန်းက ၁ စက္ကန့်ကို 1GB ရှိပနာ၊ နောက်လာဖို့ မျိုးဆက် ၅ ဆက်သွယ်ရေး(5G) အမြန်နှုန်းက၊ လက်ရှိ 4G LTE ထက် အဆ ၂၀ ပိုယင်ပနာ၊ ၁ စက္ကန့်ကို 20GB ထိ သတင်းအချက်အလက်တိကို ယူနိုင်၊ ပို့နိုင်ပါရေ။