ကိုယ့်ဖုန်းက ကိုယ့်ကို ပြန်ထောက်လှမ်းနိန်ရေ

Source: http://cybersafetrick.com

ညဇာက အရေးကြီးရေ ကိစ္စတခု တိုင်ပင်ချင်လို့ Messenger က မတ်ဆေ့ချ် ပို့ရေ။ ပို့ရေ စာတိကို သူက Like လုပ်တေ။ တခုလည်း စာ မပြန်။ အေဟင့်စွာ ပုံမှန် မဟုတ်မှန်း၊ တယောက်ယောက် သူ့အကောင့်ကို ဝင်ဖောက်နိန်မှန်း သိလိုက်တေ။ ယင်းအတွက်နန့် အေပို့ဆ်ကို ရွီးပနာ အားလုံးကို သတိထားကတ်ဖို့ အသိပီးလိုက်ပါရေ။

နည်းပညာ မြင့်လာစွာက ကောင်းရေဖက် ရှိရေပိုင်၊ မကောင်းရေ ဖက်တိလည်း အများကြီး ရှိပါရေ။ ကြောက်စရာ အကောင်းဆုံးက Dependency လို့ခေါ်ရေ လူများကို မှီခိုရရေ ဘဝကို လုံးလုံးလျားလျား ရောက်လားရရေ ဘဝ။ ဥပမာ – ဖုန်း မရှိခါက ကိုယ့်စွာကို ကောင်းကောင်း ရပ်တည်နိုင်ခကေလည်း၊ ဖုန်း သုံးလို့ ကြာလာရေခါ၊ ဖုန်း မရှိကေ ဘဝကို တခုပိုင်လည်း ရပ်တည်လို့ မရနိုင် ဖြစ်လားရေ။ ဖုန်းကင်ပဏီတိကို အမှီပြုပနာ နိန်ထိုင်ရရေ ဘဝကို ချက်ချင်း ရောက်လားရေ။

ယင်းပိုင် အမှီပြုပနာ နိန်ထိုင်ရလို့ ဗြီးဗျာလ်လာ? မဗြီးသိမ့်။ အိန်တာနတ်နန့် ချိတ်ဆက်ထားရေ ကင်ပျူတာ၊ တတ်ဘလတ်၊ ဖုန်း တိက ကိုယ့်ကို အမြဲတမ်း ပြန်ထောက်လှမ်းနိန်စွာကို ခံနိန်ရရေ။ ဖုန်းမှာပါရေ Location ဆိုစွာကို On ဖွင့်ထားကေ၊ ကိုယ် ဇာရောက်နိန်ရေဆိုစွာက အစ၊ အတိအကျ ခြီရာခံသိနိန်နိုင်ရေ။ အိန်တာနတ်နန့် ချိတ်ဆက်နိုင်ရေ စက်ပစ္စည်းတိုင်းမှာ IMEI လို့ခေါ်ရေ အိမ်လိပ်စာတိပိုင် ကိုယ်ပိုင်နံပါတ်တိ ရှိရေ။ အေစက်နန့် အိန်တာနတ်ချိတ်လိုက်စွာနန့် အိန်တာနတ်ကို ထိန်းထားရေ ကင်ပဏီဆာဗာကို လှမ်းချိတ်ဆက်တေ။ အများအားဖြင့် ယင်းဆာဗာတိက သုံးဖို့နိန်ရာတိကို အလိုအလျှောက် ချိတ်ဆက်ပီးကေလည်း၊ အေစက်က သုံးခရေ မှတ်တမ်းတိကို ယင်းဆာဗာမှာ သိမ်းထားလေ့ရှိရေ။ ယင်းကင်ပဏီဝန်ထမ်းတိက ဖြစ်ဖြစ်၊ အပြင်က ဟတ်ကာတိက ဖြစ်ဖြစ် ယင်းဆာဗာမှတ်တမ်းမှာ ယင်းစက်နန့် သုံးထားရေ မှတ်တမ်းကို အလွယ်တကူ ကြည့်လို့ရရေ။ Messenger မှာ သငယ်ချင်းကို Private မတ်ဆေ့ချ် ပို့ထားစွာ အပြင်လူ တယောက်လည်း မသိနိုင်လို့ မထင်ကတ်ပါကဲ့။ အထူးသဖြင့် FaceBook, WhatsApp ရို့က အကျိုးအမြတ်အတွက် စီးပွားရေး လုပ်နိန်ရေ ကင်ပဏီတိ ဖြစ်တေပိုင်၊ ဖေသာအတွက် ယင်းကင်ပဏီတိမှာ လုပ်နိန်ရေ ဝန်ထမ်းတိက ဘလောက်ထိ ကိုယ်ကျင့်တရားကောင်းလေဆိုစွာ တယောက်လည်း မသိ။ ဖေသာနန့် မျှားကေ၊ အကြောက်တရားနန့် ခြောက်ကေ၊ ကိုယ်ကျင့်တရား ပါးလားနိုင်ရေဆိုစွာ သတိထားကတ်ဖို့ လိုရေ။

အောက်က ပုံချေကို ကြည့်ကေ ဖုန်းတိ၊ ကင်ပျူတာတိ အိန်တာနတ်က တဆင့် ဇာပိုင် အလုပ် လုပ်ကတ်လေဆိုစွာ အလွယ်တကူ နားလည်ကတ်ဖို့ ထင်ပါရေ။

အေလောက်ဆိုကေ ကိုယ်သုံးနိန်ရေ ဖုန်းက ကိုယ့်ကို ပြန်သလျှို လုပ်နိန်ရေဆိုစွာ သတိထားမိကတ်ဖို့ ထင်ပါယင့်။ ယင်းအတွက်နန့်လည်း မျိုးဆက် ၅ (5G) ကို ကဗာ့အကြီးဆုံး ဆက်သွယ်ရေး ကင်ပဏီ တရုတ်နိုင်ငံက Huawei လက်ဝါးကြီး အုပ်လားဖို့စွာကို အမေရီကန်အစိုးရက စိုးရိမ်နိန်ရေ။ ဇာဖြစ်လို့ဆိုကေ လက်ရှိမှာ ကဗာမှာ ရှိရှိသမျှ ဆက်သွယ်ရေး အချက်အလက်တိကို သူရို့နန့် အပေါင်းအပါတိက လက်ဝါးကြီးအုပ်ထားလို့။ 5G တွင်ကျယ်လာကေတော့ခါ D2D လို့ခေါ်ရေ Device to Device စက်တလုံးက တခြားစက်တလုံးကို တိုက်ရိုက် မတ်ဆေ့ချ် ပို့လို့ ရလာနိုင်ရေ။

ယင်းအတွက်နန့် အရေးကြီးရေ အချက်အလက်တိကို တယောက်နန့် တယောက်၊ ပြောချင် ဆက်သွယ်ချင်ကတ်ကေ၊ အကျိုးအမြတ်ပြု ကင်ပဏီဆာဗာတိကို အခြေပြုထားရေ အပ်(App)တိကို သုံးကတ်ဖို့အစား၊ Telegram ရို့ပိုင် အကျိုးအမြတ်အတွက် မလုပ်တေ၊ အဖွဲ့အစည်းမျိုးတိက အပ်တိကိုရာ သုံးကတ်ဖို့ တိုက်တွန်းချင်ပါရေ။ Telegram မှာ အားသာချက်က ချိတ်ဆက်ကတ်တေ စက်နှစ်လုံးတည်းမှာရာ သိနိုင်ရေ ကုတ်ဒ်တိ ထည့်ထားရေ။ Encryption လုပ်ထားရေ။ ပြောဖို့ဆိုကေ ကိုယ် ပို့လိုက်တေ မတ်ဆေ့ချ်က ဆာဗာကို ရောက်လားရေခါ၊ ဆာဗာမှာ ဖွင့်ဖတ်ကေတောင် တခုပိုင်လည်း ဘာသာပြန်လို့ မရနိုင်ရေ ကုတ်ဒ်တမျိုးအဖြစ် ပေါ်နိန်ရေ။ ယင်းကုတ်ဒ်က ကိုယ်ဆက်သွယ်ရေ စက်ကို ပြန်ရောက်မှရာ ကိုယ်ပို့ရေ စာကို ပြန်လို့ ပုံမှန် ဘာသာပြန်ပီးရေ။ အနည်းဆုံးတော့ ဆာဗာကိုင်ရေ လူတိ ဖြစ်ဖြစ်၊ ဟတ်ကာတိ ဖြစ်ဖြစ် ကြားက ဖွင့်ဖတ်လို့ မရနိုင်။

အေအချိန်မှာ ရခိုင်သားတိကို ဘက်ပေါင်းစုံက ဝိုင်းရံစောင့်ကြည့်ဖို့ ကြိုးစားနိန်ကတ်တေအတွက်၊ ရခိုင်သားတိ Telegram ကို များများ ပြောင်းသုံးကတ်ဖို့ တိုက်တွန်းချင်ပါရေ။ Telegram မှာ ဖုန်း ခေါ်စွာ၊ မတ်ဆေ့ချ် ပို့စွာတိကို Windows OS, MacOS, Android, iOS တိက တိုက်ရိုက် သုံးနိုင်ပါရေ။

https://telegram.org

အေ လိင့်ခ်ကို https://telegram.org လားပနာ Telegram ကို ရယူနိုင်ပါရေ။

Telegram Open Source ကို အခြေခံပနာ Rakhine Messenger ကိုလည်း ကျွန်တော် လုပ်ထားပါရေ။ အေ လိင့်ခ်ကို https://t.me/therakhine လားပနာ ရယူနိုင်ပါရေ။

https://t.me/therakhine

အေအပ်တိကို ကြော်ငြာချင်လို့ မဟုတ်ပါ။ ရခိုင်သား၊ ရခိုင်သမတိုင်းကို စိတ်ချမ်းသာ လုံခြုံဇီချင်ပနာ၊ မလိုလားအပ်တေ အန္တရာယ်တိက ကင်းဝီးနိုင်အောင်လို့ တင်ပြပီးစွာရာ ဖြစ်ပါရေ။