ဘင်္ဂလားဒေ့ရှ်မှာ သွီးလွန်တုပ်ကွေး အဆိုးရွားဆုံး ကူးစက်

Dengue infected patients are seen hospitalised at the Sir Salimullah Medical College Hospital in Dhaka, Bangladesh, August 2, 2019. © Reuters / Mohammad Ponir Hossain
Dengue infected patients are seen hospitalised at the Sir Salimullah Medical College Hospital in Dhaka, Bangladesh, August 2, 2019. © Reuters / Mohammad Ponir Hossain

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒန်းကီလို့ခေါ်ရေ သွီးလွန်တုပ်ကွေးအဖျားနန့် သီရေလူ အရေအတွက် ၄၀ ကျော်ရှိလာပနာ၊ ဆေးရုံတိမှာ ထောင်ချီရေ လူတိကို ပြွပ်သိပ်တင်နိန်ရရေအတွက်နန့်၊ နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး သွီးလွန်တုပ်ကွေးအဖျားရောဂါ ကူးစက်မှုလို့ သိရပါရေ။

သွီးလွန်တုပ်ကွေးအဖျားရောဂါစွာ ခြင်ကတဆင့် ဗိုင်းရပ်စ် ကူးစက်တေ ရောဂါ ဖြစ်ပနာ၊ အစမှာ သာမန်တုပ်ကွေးအဖျားနန့် ဆင်တူကေလည်း၊ ပြင်းလာကေ သွီးကြောတိ ပျက်စီးဗျာလ်၊ အသက်ပါ သီနိုင်ပါရေ။

“ဗြီးခရေ တနင်္လာနိအထိ၊ သွီးလွန်တုပ်ကွေးနန့် သီရေ လူ အရေအတွက် ၄၀ ထိ ရှိလာပါဗျာလ်။” လို့ ကျန်းမာရေးဌာန အရာရှိ အရီရှာ အာ့ခ်တာ(Ayesha Akhter)က အေအပ်ဖ်ပီ(AFP) သတင်းဌာနကို ပြောလားပါရေ။ ယကေလည်း ဒေသတွင်း သတင်းတိမှာတော့ခါ လူရာကျော် သီလားဗျာလ်လို့ ရွီးသားနိန်ကတ်စွာကို တွိရပါရေ။

ဂျန်နဝါရီလက စပနာ သွီးလွန်တုပ်ကွေးအဖျားနန့် ဆေးရုံတက်ရရေ လူအရေအတွက် ၄၄,၀၀၀ ကျော် ရှိလာပနာ၊ ဗြီးခရေ တနင်္လာနိ တရက်တည်းမှာ ဆေးရုံက ဆင်းရေ လူနာ ၂,၁၀၀ ယောက် ရှိခရေလို့ သိရပါရေ။ ကျန်းမာရေးဝန်ထမ်းတိကို အလုပ် နားရက်ခွင့်ကိုတောင် ပိတ်ပင်ရရေ အခြေအနေထိ ဆိုက်ရောက်နိန်ပါရေ။

သွီးလွန်တုပ်ကွေးရောဂါစွာ မိုးရာသီ ဂျုန်လ ကနိန် ဆပ်တန်ဘာလ အထိ၊ အဖြစ်များပနာ၊ ဗိုင်းရပ်စ် သယ်ဆောင်ရေ အေဒီးဆ်(Aedes) ခြင်တိစွာ မြို့ထဲက ရီမြောင်းတိ၊ အဆောက်အဦးတိ ဂျောင်ကြိုဂျောင်ကြားတိမှာ ပေါက်ဖွားမှု များလာရေအတွက်နန့် ဖြစ်ရစွာလို့ သိရပါရေ။

မှတ်ချက်။ ။ဘင်္ဂလားဒေ့ရှ်နိုင်ငံစွာ ရခိုင်ပြည်နန့် နယ်ချင်းဆက်စပ်နိန်ရေအတွက်၊ ရခိုင်ပြည်သူပြည်သားတိ ဂရုစိုက်ကတ်ဖို့အတွက်လည်း သတိပီးနှိုးဆော်လိုက်ပါရေ။ အထူးသဖြင့် အေခြင်တိစွာ အိမ်တိုင်းလောက်မှာ ရှိတတ်ကတ်တေ ဘုရားပန်းအိုးထဲက ရီထဲမှာ အလွယ်တကူ ပေါက်ဖွားနိုင်ပါရေ။