နိုင်ငံတကာရာဇဝတ်မှုတရားရုံးက မြန်မာကို စစ်ဆေးမှုတိ လုပ်လားဖို့

0
1162
FILE PHOTO: A Rohingya Muslim woman cries as she holds her daughter after they were detained by Border Security Force (BSF) soldiers while crossing the India-Bangladesh border - Copyright REUTERS/Jayanta Dey/File Photo
FILE PHOTO: A Rohingya Muslim woman cries as she holds her daughter after they were detained by Border Security Force (BSF) soldiers while crossing the India-Bangladesh border - Copyright REUTERS/Jayanta Dey/File Photo

မြန်မာနိုင်ငံထဲမှာ ရှိရေ လူနည်းစု ဘင်္ဂလီလူမျိုးကို ကျူးလွန်ခရေ ပြစ်မှုတိအတွက်၊ စစ်ဆေးမှုတိ လုပ်လားဖို့လို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး(International Criminal Court (ICC))က ညဇာက ထုတ်ပြန်ပါရေ။

“ရာဇဝတ်မှုတိကို ကျယ်ကျယ်ပြန့်ပြန့်နန့်၊ စနစ်တကျ ကျူးလွန်ခရေ သက်သီအထောက်အထားတိကို လုံလုံလောက်လောက် တွိနိန်ရရေအတွက်၊ အေဟင့်စွာ မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ဗြီးရဇီရေ လူသားမျိုးနွယ်ကို ကျူးလွန်ရေ ရာဇဝတ်မှုတိ ဖြစ်တေ။” လို့ တရားရုံး ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါရေ။

“ယင်းအတွက်နန့် ဘင်္ဂလားဒေ့ရှ်/မြန်မာမှာ ရှိရေ အနိန်အထားတိကို စတင် လေ့လာစစ်ဆေးဖို့အတွက် အေတရားရုံးက ခွင့်ပြုလိုက်တေ။”

လူမျိုးတုံးအောင် လုပ်ဆောင်ချက် …

၂၀၁၇ ခုနှစ် သြော်ဂတ်ဆ်လထဲမှာ၊ ရခိုင်ပြည်ထဲမှာ နိန်ရေ ဘင်္ဂလီအစွန်းရောက်တိက ရဲကင်းတိကို တိုက်ခိုက်ခစွာကို မြန်မာလုံခြုံရေးတပ်တိက ပြန်ဖြိုခွင်းခစွာမှာ၊ သတ်ဖြတ်မှုတိ၊ အုပ်စုလိုက် မဒိမ်းကျင့်စွာတိ၊ အိမ်တိကို မီးတိုက်စွာတိ လုပ်ခရေအတွက်၊ ဘင်္ဂလီလူမျိုး ၇ သိန်း ၃ သောင်း နယ်စပ်ဖြတ်ပနာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ဗြီးလားရရေလို့ စွပ်စွဲထားပါရေ။

မြန်မာအစိုးရက ငြင်းဆိုထားဗျာလ်၊ ဗြီးခရေ ဆက်တန်ဘာလက ကုလသမဂ္ဂ အစီရင်ခံစာမှာ မြန်မာ စစ်ဖက်ခေါင်းဆောင်ထိက “လူမျိုးတုံးအောင် လုပ်ဆောင်ချက်” လို့ ဖော်ပြထားပနာ၊ ဆက်လက် စစ်ဆေးသင့်ရေလို့ အကြံပြုထားပါရေ။

ညဇာက ထုတ်ပြန်ချက် မထုတ်ပြန်ခင်၊ နိုင်ငံတကာရာဇဝတ်မှုတရားရုံးက သိန်းချီရေ ဒုက္ခသည်တိ ကိုယ်စား တောင်းဆိုထားစွာတိကို ဆန်းစစ်ထားဗျာလ်လို့ ဆိုပါရေ။

“ခံရရေ ဒုက္ခသည်တိက အေတရားရုံးက စစ်ဆေးပီးဖို့ တိုက်တွန်းထားကတ်ပနာ၊ တရားမျှတမှုနန့် ပွင့်လင်းမြင်သာမှုတိ လုပ်မှရာ အေပိုင် ရက်စက်မှုတိ၊ နှိပ်စက်မှုတိ သံသရာက ရပ်တန့်နိုင်ဖို့လို့ ယုံကြည်နိန်ကတ်တေ။” ဆိုပနာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါရေ။

နောက်လုပ်ဖို့ ခြီလှမ်းတိ …

နိုင်ငံတကာရာဇဝတ်မှုတရားရုံးက “လိုအပ်တေ သက်သီအထောက်အထားတိကို ယုံကြည်ရရေ ရင်းမြစ်တိ၊ လူပုဂ္ဂိုလ်တိဘားက စတင်ကောက်ယူနိန်ဗျာလ်။” လို့ ဆိုပါရေ။

လုံလောက်တေ သက်သီအထောက်အထားတိကိုရာ ရယူနိုင်ခကေ၊ တရားသူကြီးတိက တရားရုံးကို ဆင့်ခေါ်စွာတိ၊ ဖမ်းဝရမ်း ထုတ်စွာတိ လုပ်လာနိုင်ပါရေ။

“နိုင်ငံတကာရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်စွာကို သက်ရောက်မှု ရှိဇီဖို့အတွက် နိုင်ငံတိမှာ တာဝန်ရှိရေ။” လို့ တရားရုံးက ဖော်ပြထားပါရေ။

ယကေလည်း မြန်မာနိုင်ငံစွာ နိုင်ငံတကာရာဇဝတ်မှုတရားရုံး အဖွဲ့ဝင်နိုင်ငံ မဟုတ်တေခါ၊ တရားရုံးက ဆုံးဖြတ်ချက်တိကို အကောင်အထည်ဖော်ဖို့အတွက်၊ အဟန့်အတားကြီး တစ်ခု ဖြစ်လာနိုင်ရေလို့ ဆိုပါရေ။

မူရင်းသတင်း – https://www.euronews.com/2019/11/14/international-criminal-court-opens-probe-into-violence-against-rohingya-minority-in-myanma