Deutsche Bank က ဝန်ထမ်း ၁၈,၀၀၀ ကို စက်ရုပ်တပ်နန့် အစားထိုးလားဖို့

0
1018
© Global Look Press / Klaus Ohlenschläger
© Global Look Press / Klaus Ohlenschläger

ဂျာမဏီနိုင်ငံက နိုင်ငံတကာရင်းနှီးမြှပ်နှံမှုဘဏ်ကြီး ဒိုချိုဘန့်ခ်(Deutsche Bank)က အမေရီကန်ဒေါ်လာ ၈.၃ ဘီလီယံ အကုန်အကျခံဗျာလ် ပြန်လည်ဖွဲ့စည်းပုံတည်ဆောက်ထားပနာ၊ လက်ရှိမှာ ဝန်ထမ်း ၄,၀၀၀ ကို အလုပ်က ထုတ်ထားဗြီးကေ၊ နောက်ထပ် ဝန်ထမ်း ၁၈,၀၀၀ ကို လာဖို့ ၂၀၂၂ ခုနှစ်မှာ ထပ်ပနာ ထုတ်လားဖို့လို့ ဆိုပါရေ။

အေအိုင်လို့ အတိုကောက်ခေါ်ရေ မှတ်ဉာဏ်တု(artificial intelligence)ကို အစားထိုး သုံးလာရေအတွက်၊ စီးပွားရေး အချို့ကဏ္ဍတိမှာ ထုတ်လုပ်မှုစွမ်းအား အဆမတန် မြင့်တက်လာရေ(massively increased productivity)လို့၊ ဒိုချိုဘန့်ခ် စီးပွားရေးနန့် ရင်းနှီးမြှပ်နှံရေးဌာန၊ လုပ်ငန်းလည်ပတ်ရေး ဂေါင်းဆောင် မာ့ခ် မတ်သူးဆ် (Mark Matthews)က ပြောပါရေ။

ဖိုင်နန်ရှဲလ် နယူးဆ်(Financial News)နန့် တွိဆုံစွာမှာ၊ မတ်သူးဆ် က၊ လက်ရှိမှာတောင် လူနန့် လုပ်တေ နာရီပေါင်း ၆ သိန်း ၈ သောင်းကို ချွေတာထားနိုင်ဗျာလ်လို့ ဆိုပါရေ။ စီးပွားရေးဘဏ်ဌာနမှာ ငွေလွဲငွေယူ လုပ်ဆောင်မှု အကြိမ်ပေါင်း ၅ သန်း နန့်၊ ရင်းနှီးမြှပ်နှံမှုဘဏ်ဌာနမှာ စစ်ဆေးအတည်ပြုမှု အကြိမ်ပေါင်း ၃.၄ သန်းကို စက်ရုပ်တိနန့် လုပ်ထားဗြီးဗျာလ်လို့ ဆိုပါရေ။

“လူအရေအတွက် ချော့ချလားဖို့စွာ မိန်းစရာကို မလိုပါဗျာလ်။ ကျွန်တော်ရို့ နောက်ပုံစံက ကုန်ကျစရိတ် ချော့ချဖို့နန့်၊ တပြိုင်တည်းမှာ ထိန်းချုပ်ဖို့ လွယ်ရေ လုပ်ငန်းခွင်နန့် ဖောက်သယ်တိ တွိကြုံနိန်ရစွာကို ပိုကောင်းမွန်အောင် လုပ်လားဖို့စွာ ဖြစ်တေ။” လို့ မတ်သူးဆ် က ပြောလားပါရေ။

လာဖို့ ၃ နှစ်အတွင်းမှာ အမေရီကန်ဒေါ်လာ ၆.၆ ဘီလီယံ ချွေတာနိုင်ဖို့အတွက်၊ လုပ်ငန်းလည်ပတ်ရေး ၄.၀(Operations 4.0)လို့ နာမေပီးထားရေ၊ ဗျူဟာအသစ်နန့် ဒိုချိုဘဏ်ခ်က ကနဦး ခြီလှမ်းသစ်တိကို လားနိန်ပါဗျာလ်။