အမေရီကန်လုပ် အစိတ်အပိုင်း လုံးဝမပါရေ ဖုန်းတိကို Huawei စထုတ်ဗျာလ်

0
1602
© Pixabay.com
© Pixabay.com

အမေရီကန်ပြည်ထောင်စုက သလျှိုလုပ်ဖို့ သုံးနိုင်ရေဆိုရေ အကြောင်းပြချက်နန့်၊ တရုတ်ပြည်က ကဗာ့အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းထုတ် ကင်ပဏီကြီး ဝါဝေ(Huawei)ကို နာမေပျက်စာရင်းထဲမှာ ထည့်လိုက်တေ နောက်ပိုင်းမှာ၊ အဂု ဝါဝေကင်ပဏီက အမေရီကန်ပြည်ထောင်စုထုတ် ပစ္စည်းတခုလည်း မပါရေ ဖုန်းတိကို စထုတ်လုပ်နိန်ဗျာလ်လို့ ဆိုပါရေ။

အယင်က အမေရီကန်ပြည်ထောင်စုထုတ်ပစ္စည်းတိကို အားကိုးခရစွာကနိန်၊ အဂု တခြားနိန်ရာတိက ပစ္စည်းတိနန့် ပြောင်းလဲအစားထိုးရလို့၊ ထုတ်လုပ်မှုပိုင်းမှာ နောက်ကျစွာတိ ကြုံခရရေလို့ ဆိုပါရေ။

“အဂု ကျွန်တော်ရို့ မျိုးဆက် ၅ ဆက်သွယ်ရေးစနစ်(5G)တိမှာ အမေရီကန်ပစ္စည်းလုံးဝ မပါ ပါဗျာလ်။”လို့ ဝါဝေ ဆိုင်ဘာလုံခြုံရေးအရာရှိ ဂျွင် ဆာ့ဖ်ဖော့ခ်(John Suffolk)က ဝါးလ် ဆတြိတ်ဂျာနယ်လ်(Wall Street Journal, WSJ)နန့် တွိဆုံစွာမှာ ပြောလားပါရေ။ “ကျွန်တော်ရို့ အမေရီကန်ထုတ်ပစ္စည်းတိကို ဆက်သုံးချင်ပါရေ။ အေဟင့်က အမေရီကန်လုပ်ငန်းတိအတွက် ကောင်းရေပိုင်၊ ဝါဝေအတွက်လည်း ကောင်းပါရေ။ အဂုတော့ခါ ကျွန်တော်ရို့ လက်ထဲက ယူထုတ်လားပါဗျာလ်။”

လာဖို့ ၅ နှစ်အတွင်း ဥရောပတိုက်က နည်းပညာတိမှာ၊ ဒေါ်လာဘီလီယံဆယ်ချီပနာ သုံးစွဲလားဖို့အတွက်လည်း ဝါဝေက စီမံနိန်ပါရေ။ အေပိုင် လုပ်လိုက်တေအတွက်၊ အယင်အားကိုးခရရေ အမေရီကန်ကင်ပဏီကြီး Qualcomm, Intel, Micron နန့် Google ရို့အတွက် ဒေါ်လာဘီလီယံချီပနာ နစ်နာလားပါရေ။ ဝါဝေက ယင်းကင်ပဏီကြီးဘားမှာ တနှစ်ကို အနည်းဆုံး အမေရီကန်ဒေါ်လာ ၁၀ ဘီလီယံအထက် သုံးပနာ အားကိုးနိန်ခရစွာပါ။