အာရှမှာ အစာပဋိပက္ခကို ဖြေရှင်းဖို့၊ လာဖို့ ၁၀ နှစ်အတွင်း ဒေါ်လာ ၈၀၀ ဘီလီယံ ရင်းနှီးဖို့လို

0
1618
© Pixabay.com
© Pixabay.com

လာဖို့ ၁၀ နှစ်မှာ၊ အာရှတိုက်အတွင်း လူဦးရေ သန်း ၂၅၀ လောက် ထပ်တိုးလာဖို့လို့ ဆိုပါရေ။ လက်ရှိ စားသုံးနိန်ရေ လူတိက ပိုစိတ်ချရရေ၊ ပိုကျန်းမာနိုင်ရေ၊ ပိုအဆင့်မြင့်ရေ အစားအသောက်တိကို ပိုပနာ တောင်းတလာကတ်တေအတွက်၊ အာရှတိုက်စွာ ကိုယ့်လူကိုတောင် ကိုယ် မကျွေးနိုင်ရေ အနိန်အထားကို ရောက်လာဖို့လို့ သုတေသနတခု လုပ်စွာမှာ တွိရပါရေ။

အာရှတိုက်စွာ အဂုလည်း အမေရိကတိုက်၊ ဥရောပတိုက်နန့် အာဖရိကတိုက် ရို့က ထုတ်တေ အစားအသောက်တိကို တင်သွင်းနိန်ရရေလို့ PwC, Rabobank, နန့် Temasek ရို့က ထုတ်တေ အစီရင်ခံစာတခုမှာ တွိရပါရေ။

“အေပိုင်ရာ ရင်းနှီးမြှပ်နှံမှု မလုပ်ကေ၊ တောင်းတလာစွာတိနန့် ကကောင်း အခက်အခဲ တွိလာနိုင်ပနာ၊ အာရှ လူဦးရေအတွက် အစားအသောက် အညံ့စားတိ ဖြစ်လာနိုင်ရေ။”လို့ အစီရင်ခံစာမှာ ရှင်းပြထားပါရေ။

လက်ရှိ အာရှတိုက်မှာ အစားအသောက်အတွက် တနှစ်ကို အမေရီကန်ဒေါ်လာ ၄ ထရီလီယံ( ၁ ထရီလီယံ = သန်း ၁ သန်း) သုံးစွဲနိန်ရပနာ၊ လာဖို့ ၂၀၃၀ ခုနှစ်မှာ အေထက် ၂ ဆ သုံးစွဲလာရဖို့လို့ ဆိုပါရေ။

“အကြမ်းဖျင်း ပြောရကေ၊ လတ်တိန်အမေရိက၊ အာဖရိကတိုက် အရှိဖက်နန့် အာရှတိုက် တောင်ပိုင်းက နိုင်ငံတိစွာ အစားအစာ ထုတ်လုပ်တေ နိုင်ငံတိ ဖြစ်ကတ်ပနာ၊ အာရှတိုက်က ကျန်ရေ နိုင်ငံတိနန့် အာဖရိကတိုက်က ကျန်နိုင်ငံတိစွာ အစားအသောက် တင်သွင်းနိန်ရရေ နိုင်ငံတိ ဖြစ်တေလို့ The Key Statistics and Trends in International Trade အစီရင်ခံစာမှာ ဖော်ပြထားပါရေ။

ရာသီဥတုပြောင်းလဲစွာနန့် လူဦးရေ တိုးပွားလာစွာက ဒေသတွင်း ပြဿနာတိ ဖြစ်လာနိုင်ပနာ၊ တင်သွင်းဖို့နန့် စျီးနှုန်း မတည်မငြိမ်ရေ အခက်အခဲတိ ဖြစ်လာနိုင်ရေလို့ ထောက်ပြထားပါရေ။ ၂၀၃၀ ခုနှစ်ရောက်ကေ အာရှတိုက်မှာ လူတယောက်စီအတွက် စိုက်ပျိုးနိုင်ရေ မြေအကျယ်အဝန်းစွာလည်း ၅% ယော့ကျလားဖို့လို့ ဆိုပါရေ။

“ကျွန်တော်ရို့ အေအခြေအနေကို မဖြေရှင်းကေ၊ လာဖို့ ၁၀ နှစ်အတွင်းမှာ ကကောင်းဆိုးရေ အခြေအနေကို ကြုံတွိလာရပါဖို့။” လို့ PwC က အာရှပစိဖိတ် နည်းဗျူဟာနန့် လုပ်ငန်းလည်ပတ်ရေး ဂေါင်းဆောင် ရဲ့ချ်ချာ့ဒ် ဆကိန်နာ(Richard Skinner)က စီအန်ဘီစီ(CNBC) သတင်းဌာနကို ပြောလားပါရေ။

လာဖို့ ၁၀ နှစ်အတွင်း၊ အာရှတိုက်က စိုက်ပျိုး-အစားအသောက် ဂဏ္ဍမှာ၊ အမေရီကန်ဒေါ်လာ ၈၀၀ ဘီလီယံ( ၁ ဘီလီယံ = သန်း ၁ ထောင်) ရင်းနှီးမြှပ်နှံရဖို့ အခွင့်အလမ်း ရှိနိန်ပါရေလို့ ဆကိန်နာ က ပြောလားပါရေ။ နည်းပညာနန့် တွေးတောကြံဆတီထွင်တတ်မှုက အေပြဿနာကို ဖြေရှင်းလားဖို့ အဓိကအချက် ဖြစ်လာလိမ့်မေလို့ ယင်းသူက ဆက်ရှင်းပြလားပါရေ။