လုပ်တိုင်း အောင်မြင်ဖို့

0
1101
To be well done as you have planned
To be well done as you have planned

“အတတ်နိုင်ဆုံး ကြိုးစားပြီးဗျာလ်၊ မရ”၊ “လုပ်နိန်ရေ ဖြစ်၊ မဖြစ်တော့ မသိ?”၊ “လိုချင်စွာ တခု၊ ရလာစွာ တခု”၊ “ရင်လောက် တင်မှ၊ ဒူးလောက်ကျရေ” အစရှိရေ အလုပ် လုပ်ကတ်တိုင်း မအောင်မြင်စွာ၊ အောင်မြင်ဖို့ မအောင်မြင်ဖို့ မသေချာ မရေရာ ဖြစ်နိန်ကတ်စွာ၊ တလွဲ ရလာစွာ၊ လိုချင်ရေ အဆင့်ကို မရောက်စွာတိကို အမြဲတမ်း တွိကတ်ရပါရေ။ အေဟင့်တိ အားလုံးစွာ စဉ်းစားပုံ စဉ်းစားနည်းနန့် လုပ်ပုံကိုင်ပုံ လွဲနိန်လို့ အေပိုင်ရလာဒ်တိ ရလာရေလို့ ဆိုရပါဖို့။

နှစ် ၂၀ ကျော် စီမံခန့်ခွဲမှုတိ လုပ်လာယင်း၊ ရလာရေ အတွိအကြုံတိကို အနှစ်ချုပ်ပနာ၊ လူတိုင်း နားလည်နိုင်ရေ လုပ်တိုင်း အောင်မြင်ဖို့ စဉ်းစားပုံ၊ စဉ်းစားနည်းကို အလွယ်ကူဆုံး နမူနာတိနန့် မျှဝီပီးပါမေ။

ပထမဆုံး အာလူချေကို ချိုင်ပပေါက်ချေနန့် စားချင်ရေလို့ စဉ်းစားကတ်ပါမေ။ ပုံမှန် ဇာလုပ်ကတ်ပါဖို့လဲ? စျီးက အာလူချေ ဝယ်၊ အိမ်မှာ ရှိရေ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ မင်းဂျိုးသီး ထည့်၊ မီးဖိုမှာ ဆူအောင်ထိ တည်ပနာ စားပလိုက်ကတ်စွာပါဗျာလ်။ အာလူချေ ၁၀ ကြိမ်ချက်ကေ၊ ကိုယ်စားချင်ရေ အစပ်အဟပ်၊ အရသာအတိုင်း တတည့်ပပေါက် ကျရေ အကြိမ်တိ ရှိရပိုင်၊ မကျရေ အကြိမ်တိလည်း ရှိနိန်ကတ်ပါဖို့။ အေဟင့်ကိုက ကြက်ကန်း ဆန်အိုးတိုးရေပိုင် အောင်မြင်ခါ အောင်မြင်လိုက်၊ မအောင်မြင်ခါ မအောင်မြင်လိုက် ဖြစ်နိန်ရေ ပုံစံမျိုးပါ။ (အာလူချေ ချက်စားစွာက ယလောက်ထိ အရေးမကြီးကေလည်း၊ နိတဓူဝ ကာယ၊ ဉာဏစိုက်ထုတ် လုပ်နိန်ရရေ အလုပ်တိမှာ အေပိုင် ကြက်ကန်းဆန်အိုးတိုး ဖြစ်နိန်လို့ မရပါ။)

အာလူချေကို ချိုင်ပပေါက်ချေနန့် စားချင်ရေ အချိန်တိုင်း၊ စားချင်ရေ အရသာအတိုင်း ချက်တိုင်း ရနိုင်အောင် လုပ်ရပါဖို့။ အေအာလူချေ ချက်စွာကို အပိုင်းလိုက် အသေးစိတ် ခွဲပနာ လေ့လာကြည့်ကတ်ပါမေ။ အာလူချေ ချက်စွာမှာ အပိုင်း ၃ ပိုင်းကို တွိပါလိမ့်မေ။ ၁) ပစ္စည်း (အာလူ၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ မင်းဂျိုးသီး၊ …)၊ ၂) နည်းလမ်း (မီးဖိုထက်မှာ တင်ပနာ ချက်တေ နည်း)၊ ၃) ရလာဒ် (ချက်ပြီး ရလာရေ အာလူအိုး) ပါ။

အများစုက အာလူချေ ချိုင်ပပေါက်ချေ ချက်ဖို့ ဆိုကေ ၁) ပစ္စည်း ၂) နည်းလမ်း ၃) ရလာဒ် အဆင့် ၃ ဆင့်ကို တန်းစီပနာ တဆင့်ဗြီးတဆင့် လုပ်လားကတ်ပါလိမ့်မေ။ ယင်းအတွက်နန့်လည်း အာလူချေကို ချိုင်ပပေါက်ချေနန့် စားချင်ရေဆိုရေ ရည်မှန်းချက် (ဝါ) ရလာဒ် က တသမတ်တည်း လိုချင်ရေအတိုင်း မရကတ်စွာပါ။

အမှန်က အောင်မြင်စွာနန့် မအောင်မြင်စွာ၊ နှစ်ခုစလုံးက အလုပ် လုပ်ရစွာပါဗျာလ်။ လုပ်ပုံလုပ်နည်း မတူလို့ ရလာဒ် လွဲလားစွာမျိုးပါရာ။ အမှန်တကယ် အာလူချေကို ချိုင်ပပေါက်ချေနန့် စားချင်ကေ ၃) ရလာဒ်(ရည်မှန်းချက်)ကို အယင်ဆုံး စသင့်ပါရေ။ ချိုင်ဘလောက် ပေါက်ပနာ၊ အစပ်အငံကို ဇာလောက်ထိ စားချင်လဲ? အာလူချေကို ပပျော့စားဖို့လား? မမာချေစားဖို့လား? ဆိုစွာကို အယင်ဆုံး စဉ်းစားပါ။ အေစားချင်ရေ အရသာကို သေချာမှ အေပိုင် စားဖို့ဆိုကေ ၁) ဇာပစ္စည်းတိ လိုဖို့လဲဆိုစွာကို အသေအချာ စရင်းလုပ်ပနာ၊ အားလုံးကို ရအောင် လုပ်ပါ။ လိုအပ်တေ ပစ္စည်းတိ ရှိမှ ၂) ဇာပိုင် ချက်ဖို့လဲ? ဆိုရေ နည်းလမ်းကို စဉ်းစားပါ။ အာလူ ပပျော့ချေ စားချင်ကေ အိုးဖုံးကို ပိတ်ချက်၊ မမာချေ စားချင်ကေ အိုးဖုံးကို ဖွင့်ချက်။ မီးကို ဇာအချိန်မှာ အမြင့်ဆုံးပီးပနာ၊ ဇာအချိန်မှာ ချော့ပီးရဖို့လဲ?။ နည်းလမ်းတိကို စနစ်တကျ လေ့လာပနာ ချက်ပြုပ်ပါ။ သေချာစွာက အေနည်းလမ်းအတိုင်း အဆင့်ဆင့် လုပ်လားကေ၊ စားချင်ရေ အရသာကို ချက်တိုင်း စားရပါဖို့။

အာလူချေ ချက်နည်းက နမူနာ ပြောစွာပါရာ။ ကျွန်တော်ရို့ ဘဝမှာ လုပ်ကိုင်သမျှကို အထက်က အာလူချေ ချက်တေပိုင် စနစ်တကျ လုပ်တတ်ဖို့ လိုပါရေ။ လုပ်ယင်းကိုင်ယင်း ဖြစ်လာလိမ့်မေဆိုရေ အနိန်အထားကို တခါလည်း မရောက်စီပါကဲ့။ အယင်ဆုံး ၁) ငါ ဇာဖြစ်ချင်စွာလဲ? ၂) အေဟင့်ဖြစ်ဖို့ ငါ့မှာ ဇာတိ လိုအပ်ဖို့လဲ? ၃) (ငါ့မှာ လိုအပ်စွာတိ ပြည့်စုံဗျာလ်ဆိုကေ) ဇာနည်းလမ်းနန့် ဖြစ်အောင် လုပ်ရဖို့လဲ? ဆိုစွာကို အဆင့်ဆင့် ပြင်ဆင်ပနာ လုပ်ကိုင်ပါ။

ဥပမာ – ၁၀ တန်းမှာ ၆ ဘာသာဂုဏ်ထူးထွက်ချင်ကေ၊ ၁) ၆ ဘာသာဂုဏ်ထူးထွက်ဖို့ ၂) သင်ခန်းစာတိကို ပိုင်နိုင်နားလည်ဖို့အတွက်၊ ဇာဆရာ၊ ဆရာမနန့် ဇာကျောင်းကို တက်မှ ပိုသေချာဖို့၊ ဇာစာအုပ်တိ လိုအပ်ဖို့၊ ဖေသာက ဘလောက်လိုဖို့၊ ၃) စာကို ဇာအချိန်တိမှာ ဖတ်ရဖို့၊ ၁ ဘာသာချင်းစီကို ဇာပိုင် အချိန်ခွဲပနာ လေ့လာရဖို့၊ ကျူရှင်တိကို ဇာပိုင် အချိန်ပီးပနာ၊ ကျောင်းကြီးကို ဇာပိုင် တက်ဖို့ …

ဥပမာ – စီးပွားရေး ၁ ခု လုပ်ဖို့၊ ၁) လူတိ လိုနိန်ကတ်စွာကို အခြေခံပနာ စီးပွားရေး ၁ ခု လုပ်ဖို့ ၂) အရင်းအနှီး ဇာလောက်လိုဖို့?၊ ဇာပစ္စည်းတိ လိုဖို့?၊ ဇာပိုင် အရည်အချင်း ရှိရေ လူတိ လိုဖို့?၊ ၃) ပုံမှန် လုပ်နိန်ကတ်တေ နည်းလမ်းအတိုင်း လိုက်လုပ်ဖို့လား?၊ လူများတိမှာ မရှိသိမ့်ရေ နည်းလမ်းသစ်နန့် စွန့်စားလုပ်ကြည့်ဖို့လား?၊ သမားရိုးကျနည်းနန့် ဆန်းသစ်တေနည်းကို ပေါင်းလုပ်ကြည့်ဖို့လား? စျီးကွက်ကို ဇာပိုင် တိုးဖို့လဲ?၊ ဖောက်သယ်တိကို ဇာနည်းနန့် ပွားလားဖို့လဲ?၊ လူသိများလာအောင် ဇာပိုင် ဆွဲဆောင်ဖို့လဲ? ပြိုင်ဖက်တိထက် စျီးနည်းပနာ၊ အရည်အသွေးကို ပိုကောင်းအောင် ဇာပိုင် မြင့်လားဖို့လဲ? …

ဥပမာ – သားသမီး ယူဖို့၊ ၁) သားချေ ဖြစ်ဖြစ်၊ သမီးချေ ဖြစ်ဖြစ် ရအောင်ယူဖို့ ၂) ကိုယ်ရို့ ၂ ယောက်လုံး အချေရနိုင်ရေ အင်္ဂါလဏ္ခာ ပြည့်စုံယင့်လား?၊ ၃) ဇာနိမှာ အိမ်ရှင်မ မျိုးဥ ကြွီကျဖို့ ရှိပနာ၊ ဇာရက်အပိုင်းအခြားတိမှာ ကိုယ်ဝန်တည်နိုင်ရေအတွက် ယင်းနိတိမှာ စွန့်စားခန်းဖွင့်ဖို့ ၂ ယောက်လုံး အားတင်ထားဖို့ ….

ဥပမာ – စီမံကိန်း ၁ ခု လုပ်ဖို့၊ ၁) သတ်မှတ်ထားရေ အရည်အသွေးအတိုင်း၊ သတ်မှတ်ထားရေ အချိန်အတွင်းမှာ ပြီးဖို့ ၂) ဇာပစ္စည်းတိ၊ ဇာပိုင်ပညာရှင်တိ၊ ဇာပိုင်အလုပ်သမားတိနန့် ဖေသာသလောက် လိုဖို့ ၃) ဇာနည်းပညာကို သုံးကေ ပိုအဆင်ပြေဖို့လဲ?၊ ဇာနည်းပညာနန့် ကုန်ကျစရိတ်ချော့ချနိုင်ဖို့လား?၊ မမျှော်လင့်နိုင်ရေ အခက်အခဲတိ ရှိလာကေ ဇာပိုင် ဖြေရှင်းဖို့ လုပ်ထားဖို့လဲ?၊ အလုပ်ကို သတ်မှတ်ကာလ မကျော်လွန်ဇီဖို့ နှစ်ချုပ် အလုပ်ခန့်မှန်းချက်၊ လချုပ် အလုပ်ခန့်မှန်းချက်၊ ရက်သတ္တပတ် အလုပ်ခန့်မှန်းချက်တိ ဆွဲပနာ၊ ပကတိ အလုပ်ဗြီးမြောက်မှုနှုန်းနန့် အမြဲတမ်း နှိုင်းပနာ ဇာပိုင်လေ့လာဖို့လဲ?၊ ….

အေလောက်ဆိုကေတော့ခါ၊ အလုပ် လုပ်တိုင်း အောင်မြင်ဖို့အတွက် ဇာပိုင် စဉ်းစားလုပ်ကိုင်သင့်ရေ၊ သဘောတရားကို တီးမိခေါက်မိဗျာလ် ထင်ပါယင့်။

အနှစ်ချုပ်ပြောရဖို့ဆိုကေ အလုပ်ကို လုပ်ယင်းကိုင်ယင်း ဖြစ်လာဖို့ မျှော်လင့်ချက်နန့် မလုပ်ကတ်ပါကဲ့။ အလုပ် မစခင်ကပင် အယင်ဆုံး မျှော်လင့်ချက်(ရည်မှန်းချက်)ကို သိအောင်လုပ်ပါ။ မျှော်လင့်ချက်ကို တိတိကျကျ သိကေ၊ လိုအပ်စွာတိ ကိုယ့်မှာ ရှိထား/မထား သေချာအောင် လုပ်ပါ။ မရှိထားကေ ရှိအောင် လုပ်ပါ။ လိုစွာတိ ပြည့်စုံကေ ဖြစ်အောင်လုပ်ဖို့အတွက်၊ ရှိက လုပ်လားရေ လူတိဘားက နည်းလမ်းတိကို ရှာကြံပနာ အသေးစိတ်တိကို အမြဲတမ်း ပြင်ဆင်ပါ။ လုပ်နိန်ချိန်မှာ အောင်မြင်ဖို့ လမ်းကြောင်းထက်မှာ ရှိ/မရှိ မပြတ်ဆန်းစစ်ကြည့်ပါ။ လိုအပ်ကေ ထပ်တလဲလဲ ပြင်ဆင်ပါ။ လမ်းချော်တိုင်း ချက်ချင်း ပြန်တည့်ပါ။ သေချာပါရေ၊ လုပ်တိုင်း အောင်မြင်ပါလိမ့်မေ။

တခါတရီမှာ မျှော်လင့်ချက်တခုကို လုပ်ဖို့အတွက် လိုအပ်စွာတိကို တခုပိုင်လည်း မရနိုင်ဆိုကေ၊ ယင်းချင့်ကို ချက်ချင်းရပ်ပလိုက်ပနာ၊ တခြားမျှော်လင့်ချက်တခုကို အယင် လုပ်လိုက်စွာက ပိုကောင်းပါရေ။ မဟုတ်ကေ စိတ်ကူးယဉ်သတ်သတ်နန့် အချိန်ကုန်ပနာ စိတ်အင်အားတိရာ ကျဆင်းလားနိုင်ပါရေ။

အားလုံး လုပ်တိုင်း အောင်မြင်နိုင်ကတ်ပါဇီ။ ….