အီရန် ပဲ့ထိန်းဒုံးတိနန့် အမေရီကန် လီသံပျော့လားရရေ အကြောင်းရင်း

This satellite image released by Planet Labs Inc. reportedly shows damage to the Ain Al-Asad US airbase in western Iraq, after being hit by rockets from Iran, January 8, 2020. © AFP / Planet Labs Inc. Handout
This satellite image released by Planet Labs Inc. reportedly shows damage to the Ain Al-Asad US airbase in western Iraq, after being hit by rockets from Iran, January 8, 2020. © AFP / Planet Labs Inc. Handout

လက်ရှိကဗာမှာ လီသံကျယ်ရေလူတိက လူအများစုကို ဝါဒဖြန့်စွာမှာ အသာစီးကို ရနိန်ရေ ပုံစံမျိုးဖြစ်နိန်ပါရေ။ ဗြီးခရေ ရက်ပိုင်းက အမေရီကန်တိ လုပ်ကြံခံစွာလိုက်ရရေ ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီ အတွက်၊ လက်တုံ့ပြန်ရေ အနိန်နန့် အီရန်နိုင်ငံက ပဲ့ထိန်းဒုံး ၂၂ လုံးနန့် အီရန်နိုင်ငံထဲကနိန်၊ အီရတ်နိုင်ငံထဲက အမေရီကန် စစ်အခြေစိုက်စခန်း ၂ ခုကို လှမ်းပစ်ခပါရေ။ ယင်းပိုင် လှမ်းပစ်မခံရခင်၊ အမေရီကန်သမ္မတ ဒိုနဲလ် ထရုန့်ပ် က၊ လုပ်ဝံ့ကေ လုပ်ကြည့်၊ အီရန်နိုင်ငံထဲက ယဉ်ကျေးမှုအဆောက်အအုံတိအပါအဝင် နိန်ရာ ၅၂ နိန်ရာကို ပစ်မှတ်ထားပနာ၊ ချက်ချင်း လက်တုံ့ပြန်လားဖို့လို့ ကြိမ်းဝါးထားခပါရေ။ ယကေလည်း တိုက်ခိုက်ခံရဗြီး နောက်တရက် ကြေငြာချက် ထုတ်ပြန်စွာမှာ လီသံပြောင်းဗျာလ်၊ အီရန်နိုင်ငံက အဂု ပဲ့ထိန်းဒုံးတိနန့် ပစ်ဗြီးလို့ လက်ချော့လားဗျာလ်၊ အီရန်နိုင်ငံကို စီးပွားရေးအရ အပြင်းအထန် ပိတ်ဆို့လားဖို့နန့်၊ ရှိဆက် နေတိုးအဖွဲ့ဝင်နိုင်ငံတိနန့် ပူးပေါင်းလုပ်ဆောင်လားဖို့ ဆိုပနာရာ ပြောလားစွာကို တွိရပါရေ။

လူအများစုက ဒိုနဲလ် ထရုန့်ပ် နန့် အမေရီကန် မီဒီယာတိ ပြောရေပိုင်၊ အီရန်နိုင်ငံက အားမတန်လို့ မာန်ချော့လားရေ ပုံစံမျိုး မြင်ကတ်ပါလိမ့်မေ။ အမှန်က အီရန်နိုင်ငံက ပဲ့ထိန်းဒုံးတိ မပစ်ခင် ၂ နာရီ ကြိုတင်ပြီးကေ အီရတ်နိုင်ငံကို အသိပီးခပါရေ။ အီရတ်အစိုးရက အီရတ်နိုင်ငံထဲမှာ အခြေစိုက်နိန်ကတ်တေ အမေရီကန်အပါအဝင်၊ အနောက်အုပ်စု စစ်တပ်တိကို ချက်ချင်း အသိပီးလိုက်ရေအတွက်နန့် သူရို့စစ်သားတိ ခိုလုံဖို့နိန်ရာတိကို ချက်ချင်းဗြီးရှာဖို့ အချိန်ရလားပါရေ။ အမေရီကန်စစ်တပ်က သူရို့ ကြိုတင်အသိပီးစနစ်တိက အသိပီးလို့ သိခရရေလို့ ရောယောင်ပြောနိန်ကေလည်း၊ အနောက်အုပ်စု စစ်တပ်တိထဲမှာ ပါရေ ဖိန်လန်းဒ်(Finland)စစ်တပ်နန့် လီသူနီးယား(Lithuania)စစ်တပ်တိက သူရို့လည်း အီရတ်နိုင်ငံက ကြိုတင်အသိပီးစွာကို ရခရေလို့ တရားဝင် ဝန်ခံထားပါရေ။

ယင်းချင့်အပြင် စိတ်ဝင်စားဖို့ အကောင်းဆုံးက အီရန်အထူးတပ်ဖွဲ့(Islamic Revolutionary Guards Corps (IRGC))က ပစ်လိုက်တေ ပဲ့ထိန်းဒုံးတိစွာ ပေါက်ကရ ပစ်လိုက်လို့ ကျစွာမျိုး မဟုတ်ဘဲ၊ စစ်သားတိ မရှိနိုင်ရေ စက်ပစ္စည်းသိုလှောင်ရေးရုံတိ အလည်တည့်တည့်ကို တိတိကျကျ ပစ်ထားစွာကို အမေရီကန်ပြည်ထောင်စုက စီးပွားရေးဂြိုလ်တုရိုက် ပုံတိ ထုတ်တေ ပလန်းနတ် လပ်ဆ်(Planet Labs)က ဂြိုလ်တုက ရိုက်ထားရေ ဓါတ်ပုံတိမှာ တိတိကျကျ တွိရပါရေ။ ပိန်းပွိုင့်တ်(PINPOINT)လို့ ခေါ်ရေ အဆောက်အဦး တခုချင်းဇီကို တိတိကျကျ ပစ်နိုင်ဖို့စွာက ကကောင်း အဆင့်မြင့်ရေ ဒုံးနည်းပညာ ရှိမှရာ ဖြစ်နိုင်ပါရေ။

 ©  AFP / Planet Labs Inc. Handout
©  AFP / Planet Labs Inc. Handout
©  AFP / Planet Labs Inc. Handout
©  Reuters / Planet Labs Inc. Handout
©  Reuters / Planet Labs Inc. Handout

အေအထက်က ဓါတ်ပုံတိကို ကြည့်လိုက်စွာနန့် အီရန်နိုင်ငံက ပစ်လိုက်တေ ပဲ့ထိန်းဒုံးစွာ ဘလောက်ထိ တိတိကျကျ ပစ်နိုင်လေဆိုစွာကို အားလုံး သဘောပေါက်လားကတ်ပါလိမ့်မေ။ တနည်းအားဖြင့် အီရန်တိက “ငါရို့ လုပ်ချင်ကေ မင်းရို့ကို ဘလောက်ထိ လုပ်လို့ ရနိုင်ရေ။ မလုပ်ချင်လို့ရာ။ သတိထားကတ်။” လို့ အမေရီကန်နန့် နောက်လိုက်တိကို သတိပီးလိုက်တေ အဆင့်ရာ ရှိပါရေ။ အမေရီကန်နန့် နောက်လိုက်တိအတွက် အီရန်နိုင်ငံမှာ ရှိဖို့ လုံးဝ မထင်မှတ်ထားရေ ပဲ့ထိန်းဒုံး နည်းပညာကို ဘွင်းခနဲ တွိလိုက်ရပါရေ။ သေချာစွာက အမေရီကန်တိ အီရတ်ကို အယင်တိုက်ခရေ ပုံစံမျိုးနန့် အီရန်နိုင်ငံကို လုံးဝ အနိုင်မရနိုင်ဆိုစွာကို လက်တွိသိလိုက်ရပါရေ။ သေချာစွာက အီရန်နန့် စစ်ဖြစ်ကေ အစ္စရေးနိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံရို့ပိုင် အမေရီကန် စစ်အခြေစိုက်စခန်း ချထားရေ အမေရီကန် မိတ်ဖက်နိုင်ငံတိအတွက် ချက်ချင်း ဒုက္ခရောက်လားနိုင်ရေ အနိန်အထားမှာလည်း ရှိနိန်ပါရေ။

အမေရီကန် ထိပ်တန်းဗိုလ်ချုပ်ကြီး တယောက်ကတော့ခါ “အီရန်က လူသီအောင် ပစ်ခစွာလို့ သူယုံကြည်ရေ” လို့ ပြောနိန်တုန်းသိပါ။ အထက်က ဂြိုလ်တုပုံတိကို လူတိုင်း ဇာပိုင်လက်လှမ်းမှီ ကြည့်နိုင်ပါဖို့လဲဂု။ ငါ ပိုအော်နိုင်ကေ ငါအသံကို လူတိ ပိုကြားရေဆိုရေ ဝါဒဖြန့်စနစ်က အမှန်တရားဆိုစွာထက် လူတိကြားမှာ ပို ရီပန်းစားနိန်စွာပါကိုး။