တရုတ် ဗိုင်းရာ့ဆ် ၅၆ သီပနာ ဒေသတွင်း ၂၀၀၀ ကျော်နန့် နိုင်ငံတကာကို ဆက်ပြန့်ပွားလာ

Medical staff work in the intensive care unit of Zhongnan Hospital in Wuhan, central China's Hubei Province © Xiong Qi / Xinhua via Global Look Press
Medical staff work in the intensive care unit of Zhongnan Hospital in Wuhan, central China's Hubei Province © Xiong Qi / Xinhua via Global Look Press

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရာ့ဆ်(2019-nCoV coronavirus)နန့် သီဆုံးရေလူ ၅၆ ယောက်နန့် နိုင်ငံအနှံ့မှာ ကူးစက်ခံရရေ လူပေါင်း ထောင်ချီပနာ တိုးလာနိန်ရေအပြင်၊ တရုတ်နိုင်ငံ ပြင်ပမှာလည်း ကူးစက်ခံရရေ လူတိ တစတစ တိုးပွားလာနိန်ပါရေ။

ရှန်ဟိုင်းမြို့(Shanghai) နန့် ဟီနန့်ဒေသ(Henan Province)မှာ ၁ ယောက်စီ သီပနာ၊ ဗိုင်းရာ့ဆ် ဇတ်မြစ်ဖြစ်တေ ဟူဘီဒေသ(Hubei Province)မှာ နောက်ထပ် ၁၃ ယောက် သီဗျာလ်၊ အေနိ မိုးသောက်ချိန်အထိ နောက် လူပေါင်း ၁၃၀ အသည်းအသန် အနိန်အထားမှာ ရှိနိန်ရေလို့ သိရပါရေ။ ထိစပ်မိရေ လူပေါင်း ၇ ထောင် လောက်ကိုလည်း၊ ဆီးဝါးနန့် အနီးကပ် ပြုစုကုသစောင့်ကြည့်နိန်ရရေလို့ ဆိုပါရေ။

တရုတ်အစိုးရ ထုတ်ပြန်ချက်အရ၊ ဗိုင်းရာ့ဆ် ကူးစက်ခံခရပနာ ပြန်ကောင်းလားလို့ ဆေးရုံက ဆင်းရေလူလည်း ၈၅ ယောက် ရှိဗျာလ်လို့ သိရပါရေ။

တရုတ်သမ္မတ ရှီ ကျင်းပိန်(President Xi Jinping)ကလည်း “ကူးစက်ပြန့်ပွားမှု ယင်လွန်းလို့” “သီရေးရှင်ရေး ရုန်းကန်နိန်ရရေ အနိန်အထား”မှာ ရှိနိန်ရေလို့ အစောပိုင်းက သတိပီးလိုက်ပါရေ။ ဇာဖြစ်ဖြစ် တရုတ်ကတော့ “အေတိုက်ပွဲကို အနိုင်တိုက်နိုင်ဖို့စွာရာ” လို့ ဆိုပါရေ။

ညဉ့်မအိပ်ဘဲ ဒေါက်ချောက်တာဝန် ယူပီးနိန်ရရေ ကျန်းမာရေး ဝန်ထမ်းတိကို ကူညီအားဖြည့်ဖို့အတွက်၊ ဆားဆ်(SARS) နန့် အီဘိုလာ(Ebola) ဖြစ်စဉ်တိမှာ အတွိအကြုံရှိခရေ ဆီးတပ်သား ၄၅၀ ကိုလည်း အရေးပေါ် ကုသရေးပိုင်းမှာ တာဝန်ပီးထားပါရေ။ တချိန်တည်းမှာ ကဒင် ၁ ထောင်ဆန့် ဆေးရုံတခုကိုလည်း အရေးပေါ် ဆောက်လုပ်နိန်ပါရေ။

ဗိုင်းရာ့ဆ် စဖြစ်တေ ဝူဟန်းမြို့(Wuhan) အပါအဝင်၊ ဟူဘီဒေသက မြို့ပေါင်း ၂၀ လောက်မှာ နိန်ရေ လူပေါင်း သန်း ၅၀ လောက်ကိုလည်း၊ အပြင်နန့် အဆက်အဆံ မလုပ်ဖို့ တားမြစ်ထားပါရေ။ လူအများပါရေ ပွဲလန်းသဘင်တိကို ဖျက်ပနာ၊ အများခရီးဆက်သွယ်ရေး ရထား၊ ဘက်ဆ် လမ်းကြောင်းတိကိုလည်း ထိန်းချုပ်ထားပါရေ။ ကျန်းမာရေး ဝန်ထမ်းတိကလည်း ခရီးသယ်တိကို ကိုယ်ပူရှိန်တိုင်းတာမှုတိ လုပ်နိန်ပါရေ။ ကိုရိုနာဗိုင်းရာ့ဆ် လက္ခဏာက ခြောင်းခြောက်ဆိုးပနာ၊ အသက်ရူမွန်းကျပ်လာရေ ပုံစံမျိုးပါ။

အေဗိုင်းရာ့ဆ်က ဝူဟန်းမြို့မှာ တောရိုင်းတရိစ္ဆန်အစားအစာ ရောင်းရေ စျီးက စပနာ၊ လူတယောက်ဘားက တယောက်ကို လူအချင်းချင်း အဆင့်ဆင့် ပြန့်ပွားလာစွာပါ။

အဂုဆိုကေ တရုတ်နိုင်ငံအပြင်၊ အမေရီကန်ပြည်ထောင်စု၊ ကန်နေဒါ၊ ပြင်သစ်၊ တောင်ကိုးရီးယား၊ ဂျပန်၊ နီပေါလ်၊ ဗီယတ်နမ်၊ ဆိန်ကပေါ်၊ ထိုင်း၊ သြစတြီးလီးယား နန့် မလေးရှားနိုင်ငံရို့မှာလည်း အေဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူတိကို တွိလာရပါရေ။

ကဗာ့ကျန်းမာရေးအဖွဲ့(World Health Organization) ဂေါင်းဆောင် တီဒြို့ဆ် အတ်ဟန်နွင်းမ် ဂီဘြီရီဆာ့ဆ်(Tedros Adhanom Ghebreyesus)က “ကဗာ့အရေးပေါ် အဆင့်ကို ရောက်လာနိုင်ရေ။” လို့ ဂျီနီဗာမြို့က ၂ ရက်ကြာ ကဗာ့ခြိမ်းခြောက်မှု ဖြစ်လာနိုင်မှု အစည်းအဝေးအဗြီးမှာ ပြောလားပါရေ။